မြန်မာနိုင်ငံဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း UMBEEA Team နှင့် တွေ့ဆုံပွဲ
(၁၃.၁၂.၂၀၂၅) နေ့ (၁၁း၀၀) နာရီအချိန်တွင် ပထမပုဂ္ဂလိကဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ်နှင့် အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း (𝗨𝗠𝗕𝗘𝗘𝗔) ဒုတိယဥက္ကဌ နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ 𝗨𝗠𝗙𝗖𝗖𝗜 , (𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗿𝗯𝗶𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲) တွင် တွေ့ဆုံခဲ့ကြပါသည်။
နှစ်ဖက်အပြန်အလှန် မိတ်ဆက်ကြပြီးနောက် ပထမပုဂ္ဂလိကဘဏ်၏ သမိုင်းအကျဉ်းနှင့် ဘဏ်၏ဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဒုတိယအမှုဆောင်အရာရှိချုပ်မှ ရှင်းလင်းပြောကြားခဲ့ရာ 𝗨𝗠𝗕𝗘𝗘𝗔 ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များက ဘဏ်ချေးငွေကိစ္စရပ်များနှင့် အခြားသိရှိလိုသည်များအား မေးမြန်းခဲ့ကြပြီး တွေ့ဆုံပွဲအား မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။