AML/CFT Awareness ဆိုင်ရာအသိပညာပေးဟောပြောပွဲ

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ AML/CFT Awareness ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၂၉.၆.၂၀၂၄) ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း (YSX) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အသိပညာပေးဟောပြောပွဲကို ရဲမှူးကြီးမြင့်စိုး (ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့) မှ ဟောပြောပို့ချခဲ့ပြီး ပထမပုဂ္ဂလိကဘဏ်လီမိတက် ဘဏ်ဥက္ကဌကြီးနှင့်တကွ အမှုဆောင်ဒါရိုက်တာများ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ် နှင့် သက်ဆိုင်ရာ အရာရှိချုပ်များ၊ ဌာနတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲတာဝန်ခံများကိုယ်တိုင် တက်ရောက်ကြပြီး နယ်ဘဏ်ခွဲတာဝန်ခံများ နှင့် ဝန်ထမ်းများမှ Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။