၁/၂၀၂၅-၂၀၂၆ iCBS System အသုံးပြုခြင်း ကျွမ်းကျင်မှု သင်တန်းပို့ချခြင်း

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၁/၂၀၂၅-၂၀၂၆ iCBS System အသုံးပြုခြင်း ကျွမ်းကျင်မှု သင်တန်းဆင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို (၂.၈.၂၀၂၅) နေ့က ဘဏ်သင်တန်းခန်းမ၌ ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ အမှုဆောင် ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ်နှင့် အရာရှိချုပ်များ၊ ဘဏ်ရုံးချုပ် ဌာနတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲများရှိ တာဝန်ခံနှင့် ဒုတိယ တာဝန်ခံများမှ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နယ်ဘဏ်ခွဲများရှိ တာဝန်ခံများနှင့် ဒုတိယတာဝန်ခံများမှ zoom ဖြင့် တက်ရောက်ခဲ့ပြီး အမှုဆောင်အရာရှိချုပ် ဦးသူရမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် အမှုဆောင်ဒါရိုက်တာမှ ဘဏ်ရုံးချုပ်ဌာန တာဝန်ခံ များနှင့် ဘဏ်ခွဲများမှ Business Plan အတိုင်း လုပ်ငန်းဆောင်ရွက်ထားမှုနှင့် ပတ်သက်၍လည်းကောင်း၊ ဆက်လက် လုပ်ဆောင်သွားရမည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်၍လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ပြီး လျာထားချက်များအတိုင်း ပြည့်မီအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။





Image Grid with Animation





Latest News