မြစ်ကြီးနားဘဏ်ခွဲမှ ရေဘေးသင့်ဝန်ထမ်းများအား ကူညီထောက်ပံ့

ပထမပုဂ္ဂလိကဘဏ်သည် (5- 7-2024) နေ့တွင် မြစ်ကြီးနားဘဏ်ခွဲမှ ရေဘေးသင့်ဝန်ထမ်းများကို ကူငွေ ကျပ် (၁၂၀) သိန်း ပေးအပ်ခဲ့ပြီး ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာအဖွဲ့မှလည်း  မြစ်ကြီးနားဘဏ်ခွဲမှရေဘေးသင့်ဝန်ထမ်းများကို စာနာမှုကူငွေ ကျပ် (၇၂) သိန်း ပေးအပ်ခဲ့ပါသည်။

ထို့ပြင် ပထမပုဂ္ဂလိကဘဏ်သည် မြစ်ကြီးနားမြို့ ရေဘေးသင့်ပြည်သူများကို အကူအညီအထောက်အပံ့ဖြစ်စေရန် ကူညီကယ်ဆယ်ဆောင်ရွက်ပေးနေကြသည့် ပရဟိတနှင့် လူမှုကူညီရေးအသင်းအဖွဲ့ (၅) ဖွဲ့သို့လည်း တစ်ဖွဲ့လျှင် ကျပ် (၁၀) သိန်းနှုန်းဖြင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။