Performance Guarantee ဆိုတာဘာလဲ?

  • ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် ဘဏ်နှင့်ဆက်သွယ်သူလုပ်ငန်းရှင်များ၏ အစိုးရဌာနများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် လုပ်ငန်းများအောင်မြင်ပြီး မြောက်ရေးအတွက် Performance Guarantee ထုတ်ပေးခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။

Performance Guarantee ထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်များ

  • ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက အစိုးရဌာနဆိုင်ရာများ၊ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် လုပ်ငန်းများဖွဲ့ဖြိုးတိုးတက်ရန်နှင့် လုပ်ငန်းစီမံကိန်းများ အဆင်ပြေ ချောမွေ့စွာ အောင်မြင်ပြီးမြောက်စေရန်၊
  • ဘဏ်နှင့်ဆက်သွယ်သူ လုပ်ငန်းရှင်များ၏ အလုပ်အကိုင်အခွင့်အရေးများပိုမိုရရှိစေရန် ဘဏ်မှ တစ်ဖက်တစ် လမ်းမှ ပံ့ပိုးပေးရန်၊
  • ဘဏ်နှင့်ဆက်သွယ်သူ လုပ်ငန်းရှင်များ၏ အလုပ်အကိုင်အခွင့်အ‌ရေးများပိုမိုရရှိစေရန် ဘဏ်မှ တစ်ဖက်တစ် လမ်းမှ ပံ့ပိုးပေးရန်၊

စည်းကမ်းချက်များ

  • Performance Guarantee လျှောက်ထားသူသည် ဘဏ်၏ဖောက်သည်(Customer)အဖြစ် ဆက်သွယ် ဆောင်ရွက်နေသူဖြစ်ပြီး ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထားသူ၊ ဘဏ်၏ ဝန်ဆောင်မှုရယူထားသူများဖြစ်ပြီး ဘဏ်တွင်နာမည်ပျက်မရှိသူ ယုံကြည်စိတ်ချရသူ ဖြစ်ရပါမည်။
  • နိုင်ငံတော်ပရောဂျက်များအတွက် အစိုးရဌာနများနှင့် (ပြည်နယ်၊တိုင်း၊ခရိုင်)အာဏာပိုင် အဖွဲ့အစည်းများ၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါအောင်မြင်ရရှိထားပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်မည့် သဘောတူစာချုပ် ချုပ်ဆိုထားသူဖြစ်ရပါမည်။

ဝန်ဆောင်ခနှုန်းထားများ

  • လျှောက်ထားလိုသော ငွေပမာဏ၏ (၂%) ကို နှစ်စဉ်ပေးရပါမည်။

  • လျှောက်ထားသည့် ကုမ္ပဏီ၏ Letter Head ဖြင့်လျှောက်ထားလိုသည့် ငွေပမာဏကို ရေးသား လျှောက်ထားရပါမည်။
  • လျှောက်ထားသည့်ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(Constitution)၊ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်၊ Company Extract နှင့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးမှတ်တမ်းတို့ တင်ပြ ရပါမည်။
  • လျှောက်ထားသည့်ကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်မည့် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းတို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်မည့်လုပ်ငန်းအတွက် လုပ်ငန်းဆောင်ရွက်မှု သဘောတူ စာချုပ်စာတမ်း အထောက်အထား မှုရင်းများတင်ပြရပါမည်။
  • လျှောက်ထားသည့်ကုမ္ပဏီနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်မည့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းမှ ပထမပုဂ္ဂလိကဘဏ်တွင် Bank Guarantee ဆောင်ရွက်ရန် အကြောင်းကြားစာ (မှုရင်း) ပါရှိ ရမည်။

အာမခံငွေသား(သို့)ပစ္စည်း ပေးအပ်လျှောက်ထားခြင်း

  • Bank Guarantee လျှောက်ထားသည့်ကုမ္ပဏီမှ ဘဏ်သို့ Performance Guarantee အတွက် လုံလောက်သည့် အာမခံငွေသား(သို့)အာမခံပစ္စည်းများကို Counter Guarantee အဖြစ် ပေးအပ်ရပါမည်။
  • (၁) အာမခံအဖြစ် ငွေသားပေးသွင်းပါက ပထမပုဂ္ဂလိကဘဏ်တွင် အပ်နှံငွေစာရင်းတစ်ခု ဖွင့်လှစ်ပြီး Bank Guarantee အတွက် လုံလောက်သောငွေပမာဏကို အာမခံစဘော်ငွေ အဖြစ် ပေးသွင်းရန်နှင့် အာမခံအဖြစ် ထည့်သွင်းထားငွေကို ထုတ်ယူခွင့်မပြုနိုင်ရန် ဘဏ်မှ ထုတ်ယူခွင့်ရပ်ဆိုင်း(Stop Payment) ပြုလုပ်ထားရပါမည်။
  • (၂) အာမခံအဖြစ်မရွှေ့ပြောင်းနိုင်သော ပစ္စည်းကို Counter Guarantee အဖြစ် ပေးအပ်ပြီး Bank Guarantee လျှောက်ထားပါက
  • (၃) ရွှေ့ပြောင်းနိုင်သောပစ္စည်းများ (ဥပမာ-မော်တော်ယာဉ်၊ စက်ယန္တယားနှင့် ရွှေတုံး၊ ရွှေထည် များ)
  • (၄) ဘဏ်၏ စီမံခန့်ခွဲ့ရေးအဖွဲ့မှ အခါအားလျှော်စွာသတ်မှတ်သော အာမခံပစ္စည်းအမျိုးအစားတို့ ဖြစ်ပါသည်။