ခွင့်ပြုမတည်ငွေရင်းနှင့်ထည့်ဝင်ပြီးမတည်ငွေရင်း

  • ပထမပုဂ္ဂလိကဘဏ်စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၂ခုနှစ်တွင် ခွင့်ပြုမတည်ငွေရင်း (Authorized Capital) ကျပ်သန်း၁,၀၀၀ဖြင့် မတည်ထားပြီး (၁၄-၃-၂၀၁၄)နေ့တွင်ကျပ်သန်း၁၀၀,၀၀၀ထိ အဆင့်ဆင့် တိုးမြင့်ခဲ့ပါသည်။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ကုန် (၃၁-၃-၂၀၂၃)တွင် ထည့်ဝင်ပြီးမတည်ငွေရင်း (Paid-up Capital) မှာ ကျပ်၂၉,၆၆၄.၆၁သန်း ရှိ ပါသည်။

အစုရှယ်ယာဈေးနှုန်းများ

  • ဘဏ်စတင်တည်ထောင်ခဲ့သည့် ၁၉၉၂ခုနှစ်တွင် အစုရှယ်ယာတစ်စုလျှင် ကနဉီးတန်ဖိုး/ မူလတန်ဖိုး ကျပ်၁၀,၀၀၀ (ကျပ်တစ်သောင်း)ဖြင့် သတ်မှတ်ရောင်းချခဲ့ပါသည်။
  • ဘဏ်အမြတ်ငွေများ နှစ်စဉ်တိုးတက်ရရှိခဲ့၍လည်းကောင်း၊ နှစ်စဉ် အမြတ်ဝေစုများ ခွဲဝေပေးနိုင်ခဲ့၍လည်းကောင်း၊ အစုရှယ်ယာဈေးနှုန်းများကိုအမြတ်တင်၍ အဆင့်ဆင့်တိုးမြင့် ရောင်းချခဲ့ရာ၂၀၁၇ ခုနှစ် ရန်ကုန်စတော့အိပ်ချိန်းတွင်စာရင်းအဝင်မီ အစုတစ်စုလျှင် ကျပ်၃၀၀၀၀/ ဖြင့်ရောင်းချခဲ့ပါသည်။
  • အစုရှယ်ယာများကို အမြတ်တင်ရောင်းချခဲ့သည့်ငွေများ (ပရီမီယံစာရင်း)မှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ကုန်တွင် ကျပ်၁၁,၈၄၅.၈၈သန်း ရှိပါသည်။

ရန်ကုန်စတော့အိပ်ချိန်း(YSX)တွင်မှတ်ပုံတင်စာရင်းဝင်ခြင်း

  • ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ (၂၉-၁၁-၂၀၁၅)နေ့တွင်ကျင်းပသည့် (၂၄)ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှ ရန်ကုန်စတော့အိပ်ချိန်း(YSX)တွင် မှတ်ပုံတင်စာရင်းဝင်ရန် ဆုံးဖြတ်ခဲ့သည့်အတွက် (၂၀-၁-၂၀၁၇)နေ့မှစပြီး ပထမပုဂ္ဂလိကဘဏ်အစုရှယ်ယာများကို ရန်ကုန်စတော့အိပ်ချိန်း(YSX)တွင် အရောင်းအဝယ်ပြုလုပ်ခဲ့ပါသည်။
  • ရန်ကုန်စတော့ဈေးကွက်(YSX)တွင် စာရင်းဝင်ဖြစ်လာသည့်နေ့မှစ၍ ရောင်းလိုအား၊ ဝယ်လိုအားပေါ် မူတည်၍ ရှယ်ယာ ဈေးနှုန်းများမှာနေ့စဉ် အပြောင်းအလဲဖြစ်ပေါ်နေပါသည်။

အစုရှယ်ယာများကို ခွဲခြမ်းစိတ်ဖြာ (Share Split) ပြုလုပ်ခြင်း

  • ပထမပုဂ္ဂလိကဘဏ်၏သင်းဖွဲ့မှတ်တမ်းအပိုဒ်(၅)ပါ “မတည်ငွေများကို ယခုလက်ရှိ အစုရှယ်ယာများထက် တန်ဖိုးကြီးသော သို့မဟုတ် တန်ဖိုးငယ်သော အစုရှယ်ယာများသို့ ခွဲခြမ်းစိတ်ဖြာ နိုင်သည် ”နှင့်အညီ ဒါရိုက်တာအဖွဲ့၏ (၁၅-၆-၂၀၂၂)နေ့တွင် ကျင်းပသည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးမှ “အစုရှယ်ယာတစ်စုလျှင် ကနဉီးတန်ဖိုး/မူလတန်ဖိုး ကျပ်၁၀,၀၀၀တန်အစု ရှယ်ယာတစ်စုကို ကနဉီးတန်ဖိုး/မူလတန်ဖိုး ကျပ်၁၀၀၀/ ဖြင့် အစုရှယ်ယာဆယ်စု အဖြစ်သို့ ခွဲခြမ်းစိတ်ဖြာခြင်း(Share Split) လုပ်ရန်”ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြခွင့်ပြုချက် တောင်းခံခဲ့ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှရက်စွဲ (၂၄-၁၁-၂၀၂၂)ပါစာအမှတ် ၁၅၁၅/ကက(၁)/၃/၅၀၉ /၂၀၂၂-၂၃ဖြင့် ခွင့်ပြုခဲ့ပါသည်။(၁၈-၁၂-၂၀၂၂)နေ့တွင်ကျင်းပပြုလုပ်မည့်(၁၁)ကြိမ်မြောက် အထူးအစည်း အဝေးတွင်တင်ပြပြီး အစုရှယ်ယာရှင်များ၏အတည်ပြုချက် ရယူခဲ့ပြီး အစုရှယ်ယာခွဲခြမ်း စိတ်ဖြာခြင်းကို (၁၃-၁-၂၀၂၃)နေ့ တွင် ဆောင်ရွက်ခဲ့ပါသည်။

ရှယ်ယာဆုကြေး(Share Bonus)ပေးခြင်း

  • အစုရှယ်ယာရှင်များကို (၁၈-၁၂-၂၀၂၂)နေ့တွင် ကျင်းပပြုလုပ်မည့်(၁၁)ကြိမ်မြောက်အထူး အစည်းအဝေးနှင့် (၃၁)ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေ အစည်းအဝေးတွင် ရှယ်ယာဆုကြေး (Share Bonus)ခွဲဝေပေးရန် တင်ပြအတည်ပြုချက် ရယူခဲ့ပြီး ဒါရိုက်တာအဖွဲ့သည် (၁၇-၂-၂၀၂၃)နေ့တွင် ပြုလုပ်သည့် (၂/၂၀၂၃) ကြိမ်မြောက်ဒါရိုက်တာ အဖွဲ့အစည်းအဝေးမှအစုရှယ်ယာရှင်များကို ခွဲခြမ်း စိတ်ဖြာပြီးအစုရှယ်ယာ (၁၀)စုလျှင် ရှယ်ယာဆုကြေး (Share Bonus) (၅)စုခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ အစုရှယ်ယာရှင်များကို ရှယ်ယာဆုကြေး (Share Bonus) (၄,၉၄၄,၀၈၃) စု တန်ဖိုး ကျပ် ၄၉၄၄.၀၈သန်း ကိုခွဲဝေပေးခဲ့ပါသည်။
  • မူလထုတ်ဝေပြီးသော အစုရှယ်ယာအရေအတွက် ၂၄၇၂၀၅၃၀ စု (ရှယ်ယာတန်ဖိုးကျပ် ၂၄,၇၂၀.၅၃သန်း)
  • ရှယ်ယာဆုကြေး အရေအတွက် ၄၉၄၄၀၈၃ စု (ရှယ်ယာတန်ဖိုးကျပ် ၄,၉၄၄.၀၈ သန်း)
  • စုစုပေါင်းတိုးမြှင့်ပြီး အစုရှယ်ယာအရေအတွက် ၂၉၆၆၄၆၁၃ စု (ရှယ်ယာတန်ဖိုးကျပ်၂၉,၆၆၄.၆၁ သန်း)
  • ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်ကုန်ရှိ ဘဏ်၏ ထည့်ဝင်ပြီးမတည်ငွေရင်း(Paid up Capital) မှာ ကျပ်၂၉,၆၆၄.၆၁သန်း ဖြစ်ပါသည်။