First Private Bank နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် တို့ သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနား

၂၀၂၅ခုနှစ်၊ မတ်လ(၇)ရက်နေ့က First Private Bank နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့အကြား ပညာရေးကိစ္စရပ်များ နှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ နီလာရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ First Private Bank ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချို မှ 𝐋𝐞𝐭𝐭𝐞𝐫 𝐨𝐟 𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭 ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

စီးပွားရေးတက္ကသိုလ် ဘွဲ့ကြိုကျောင်းသူ၊‌ ကျောင်းသားများအနေဖြင့် First Private Bank ၏ Internship program များတွင် ဘဏ်လုပ်ငန်းခွင်တစ်ခု၏ လက်တွေ့လုပ်ဆောင်ရသည့် အတွေ့အကြုံများ လေ့လာနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို မြှင့်တင်ပေးနိုင်ရန် တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့်ရသည့်အတွက် FPB အနေဖြင့် ဂုဏ်ယူ၀မ်းမြောက်ပါကြောင်း အခမ်းအနားပုံရိပ်များကို မျှဝေလိုက်ပါသည်။

Latest News