ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ AML/CFT Awareness ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၂၉.၆.၂၀၂၄) ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း (YSX) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အသိပညာပေးဟောပြောပွဲကို ရဲမှူးကြီးမြင့်စိုး (ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့) မှ ဟောပြောပို့ချခဲ့ပြီး ပထမပုဂ္ဂလိကဘဏ်လီမိတက် ဘဏ်ဥက္ကဌကြီးနှင့်တကွ အမှုဆောင်ဒါရိုက်တာများ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ် နှင့် သက်ဆိုင်ရာ အရာရှိချုပ်များ၊ ဌာနတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲတာဝန်ခံများကိုယ်တိုင် တက်ရောက်ကြပြီး နယ်ဘဏ်ခွဲတာဝန်ခံများ နှင့် ဝန်ထမ်းများမှ Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။

 

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ General Banking Course (Grade-3 Teller) သင်တန်းကို ၂၀၂၄-ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ၌ ဘဏ်၏ အမှုဆောင်ဒါရိုက်တာ ဒေါ်လှလှဝင်းနှင့် အမှုဆောင်အရာရှိချုပ် ဦးသူရ တို့မှ အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းကို အပတ်စဉ် စနေနေ့တိုင်းတွင် သင်ကြားရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)လ ကြာမြင့်မည်ဖြစ်ပါသည်။

 

ပထမပုဂ္ဂလိကဘဏ်လီမိတက်မှ လုပ်ငန်းရှင်များအား “ဘဏ်၏၀န်ဆောင်မှုများအကြောင်း ရှင်းလင်းဆွေးနွေးပွဲ” ကို (၇.၆.၂၀၂၄) နေ့တွင် ရန်ကုန်စတေ့ာအိတ်ချိန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော လုပ်ငန်းရှင်ကြီးများအားလုံးကို ပထမပုဂ္ဂလိကဘဏ်မှ ကျေးဇူးတင်ရှိပါသည်။

 

(၃-၆-၂၀၂၄) ရက်နေ့မှ စတင်၍ ပထမပုဂ္ဂလိကဘဏ် မြောက်ဒဂုံဘဏ်ခွဲအသစ်တွင် ဘဏ်ဝန်ဆောင်မှုများအားလုံး ရယူနိုင်ပြီဖြစ်ကြောင်း Customer များအားသတင်းကောင်းပါးအပ်လိုက်ရပါသည်။

 

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ Business Partnership Dinner အား  ဥက္ကဌနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ၊ အစုရှယ်ယာရှင်ကြီးများ၊ နယ်ဘဏ်ခွဲများ၏ ဘဏ်ခွဲကြီးကြပ်ရေးကော်မတီများ၊ အကြီးတန်းအရာထမ်းများနှင့် (၂၇.၄.၂၀၂၄)ရက် စနေနေ့တွင် ရန်ကုန်မြို့ Lotte Hotel ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Business Partnership Dinner တွင် ပထမပုဂ္ဂလိကဘဏ်လီမိတက် ဥက္ကဌ ဦးကျော်တင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အမှုဆောင်အရာရှိချုပ် ဦးသူရမှ ဘဏ်၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များကို ညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။

 

(၂၇-၂-၂၀၂၄)နေ့တွင် First Private Bank နဲ့  A Insurance တို့အကြား လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် သဘောတူစာချုပ်ကို A Insurance ၏ CEO ဆရာကြီးဒေါက်တာ မောင်မောင်သိမ်းနှင့် First Private Bank ၏ CEO ဦးသူရတို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

(၁၉-၂-၂၀၂၄) ရက်နေ့မှ စတင်၍ ပထမပုဂ္ဂလိကဘဏ် တာမွေဘဏ်ခွဲအသစ်တွင် ဘဏ်ဝန်ဆောင်မှုများအားလုံး ရယူနိုင်ပြီဖြစ်ကြောင်း  Customer များအားသတင်းကောင်းပါးအပ်လိုက်ရပါသည်။

Strategic Transformation Forum 2024 (Day-1 & Day-2) အား First Private Bank ၏ ဥက္ကဌကြီးနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊အမှုဆောင်အရာရှိများ၊ဘဏ်ခွဲတာဝန်ခံမန်နေဂျာများနှင့်အတူ (၁၀.၂.၂၀၂၄) မှ (၁၁.၂.၂၀၂၄) ရက်နေ့ အထိ Inya Lake Hotel တွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။

 

 

 

 

(၁၈.၁၂.၂၀၂၃)ရက်နေ့မှ စတင်၍ ပထမပုဂ္ဂလိကဘဏ် ရွှေဂုံတိုင်ဘဏ်ခွဲအသစ်တွင် ဘဏ်ဝန်ဆောင်မှုများအားလုံး ရယူနိုင်ပြီဖြစ်ကြောင်း  Customer များအားသတင်းကောင်းပါးအပ်လိုက်ရပါသည်။