ပိုမိုပြည့်စုံကောင်းမွန်သော ဘဏ်လုပ်ငန်းနှင့် အာမခံဝန်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ First Private Bank (FPB Bank) နှင့် KBZMS General Insurance တို့အကြား Partnership Memorandum of Understanding (MoU) နှင့် Corporate Agency Agreement လက်မှတ်ရေးထိုးပွဲကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် Strand Square Building ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲသို့ FPB Bank မှ Chief Executive Officer ဦးသူရ၊ Deputy Chief Executive Officer ဦးမျိုးမင်းချို၊ Chief Business & Operations Officer ဒေါ်ခင်ကျော့ကေခိုင်၊ Assistant General Manager ဦးဂျီကမ်ပျန်ခုပ်နှင့် Assistant Bancassurance Manager ဦးကျော်သက်ဝေတို့ တက်ရောက်ခဲ့ကြပြီး KBZMS General Insurance မှ Chief Executive Officer ဦးစိုင်းလူမွန်အောင်၊ Chief Distribution Officer Mr. Low Eng Chuan၊ Head of Retail Partners ဦးမျိုးမင်းသန့်၊ Head of Independent Agency ဒေါ်ယဉ်သူလွင်နှင့် National Agency Manager ဒေါ်သီရိဆွေတို့ တက်ရောက်ခဲ့ကြပါသည်။

ယခု Partnership Memorandum of Understanding (MoU) နှင့် Corporate Agency Agreement သည် FPB Bank နှင့် KBZMS General Insurance တို့အကြား လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေပြီး နှစ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် အပြန်အလှန် အထောက်အကူပြုနိုင်မည့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို စတင်ဖော်ဆောင်ခြင်း ဖြစ်ပါသည်။





Image Grid with Animation





၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် 𝗨𝗠𝗙𝗖𝗖𝗜 မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည့် 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗕𝗨𝗦𝗜𝗡𝗘𝗦𝗦 𝗖𝗢𝗡𝗡𝗘𝗖𝗧 𝟮𝟬𝟮𝟲 တွင် 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) မှ 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗣𝗮𝗿𝘁𝗻𝗲𝗿 အဖြစ် ပါဝင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခွင့်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

𝗙𝗣𝗕 ၏ ပြခန်းသို့ လာရောက်လေ့လာပြီး ဘဏ်ဝန်ဆောင်မှုများအကြောင်း စိတ်ဝင်စားစွာ မေးမြန်းဆွေးနွေးခဲ့ကြသည့် ဧည့်သည်တော်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

𝗙𝗣𝗕 ၏ ဝန်ထမ်းများမှ လူကြီးမင်းတို့၏ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှုနှင့် လုပ်ငန်းလိုအပ်ချက်များအတွက် အထောက်အကူဖြစ်စေမည့် –
🔹 လုပ်ငန်းသုံး ချေးငွေဝန်ဆောင်မှုများ
🔹 စုငွေနှင့် အပ်ငွေဝန်ဆောင်မှုများ
🔹 𝗖𝗼𝗿𝗽𝗼𝗿𝗮𝘁𝗲 𝗕𝗮𝗻𝗸𝗶𝗻𝗴 ဝန်ဆောင်မှုများ
🔹 𝗠𝗼𝗯𝗶𝗹𝗲 𝗕𝗮𝗻𝗸𝗶𝗻𝗴 ဝန်ဆောင်မှုများကို မိတ်ဆက်ရှင်းလင်းပေးခဲ့ပြီး သင့်လျော်သော ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) အနေဖြင့် ယုံကြည်စိတ်ချရသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် လူကြီးမင်းတို့၏ ကိုယ်ပိုင်ငွေကြေးလိုအပ်ချက်များနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။

𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) – ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ်





Image Grid with Animation





သီတင်းကျွတ်အခါသမယမှာ လူကြီးမင်းများအတွက် စီးပွားရေးအခွင့်အလမ်းသစ်တွေ၊ ချိတ်ဆက်မှုကောင်းတွေ ဖန်တီးပေးတဲ့ သီတင်းကျွတ် 𝗠𝗦𝗠𝗘 ဈေးရောင်းပွဲတော်မှာ 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) ကလည်း ပါဝင်ပြသခဲ့ပါတယ်။ 🤝

ပွဲတော်အတွင်း လာရောက်သူများအနေနဲ့ 𝗙𝗣𝗕 ရဲ့ ဘဏ်ဝန်ဆောင်မှုများအကြောင်းကို တိုက်ရိုက်မေးမြန်းလေ့လာနိုင်ခဲ့ကြပြီး မိမိတို့ရဲ့ ကိုယ်ပိုင်လိုအပ်ချက်များနဲ့ လုပ်ငန်းလိုအပ်ချက်များအတွက် ဘဏ်ဝန်ဆောင်မှုများကိုလည်း ဆွေးနွေးမေးမြန်းနိုင်ခဲ့ပါတယ်။

𝗙𝗣𝗕 အနေနဲ့ လူကြီးမင်းများအတွက် အကျိုးရှိတဲ့ ဘဏ်ဝန်ဆောင်မှုများ ပေးအပ်နိုင်တဲ့အပြင် ယုံကြည်မှုနဲ့ ရေရှည်လက်တွဲမှုတွေကို တည်ဆောက်နိုင်ဖို့ အမြဲကြိုးစားလျက်ရှိပါတယ်။ 💙

𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 – ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ်





Image Grid with Animation





(၃.၁၀.၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် ပထမပုဂ္ဂလိကဘဏ်၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဒါရိုက်တာ ဦးထွန်းဝင်းနိုင် ဦးဆောင်၍ ဘဏ်ရုံးချုပ်နှင့် ရန်ကုန်ဘဏ်ခွဲများရှိ အရာထမ်း/ဝန်ထမ်းများ စုပေါင်းပါဝင်သည့် သွေးလှူဒါန်းပွဲကို ရန်ကုန်မြို့ အမျိုးသားသွေးဌာန (𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗕𝗹𝗼𝗼𝗱 𝗖𝗲𝗻𝘁𝗲𝗿) ၌ ပြုလုပ်ခဲ့ကြပါသည်။

ယခုကဲ့သို့ အများပြည်သူအကျိုးပြုလှုပ်ရှားမှုတွင် စည်းလုံးညီညွတ်စွာ ပါဝင်ပြီး စေတနာထက်သန်စွာ သွေးလှူဒါန်းပေးခဲ့ကြသော အရာထမ်း/ဝန်ထမ်းများအားလုံးကို ပထမပုဂ္ဂလိကဘဏ်မှ အထူးပင် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။





Image Grid with Animation





ပထမပုဂ္ဂလိကဘဏ် (𝗙𝗣𝗕) နှင့် 𝗠𝗢𝗨 ရေးထိုးထားသော မြန်မာ့စီးပွားစီမံအမှုဆောင်များအသင်း (𝗠𝗕𝗘) ၏ (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး (၂၀၂၆) ညစာစားပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့ ညနေပိုင်းတွင် 𝗟𝗼𝘁𝘁𝗲 𝗛𝗼𝘁𝗲𝗹 ရန်ကုန်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ 𝗙𝗣𝗕 မှ 𝗣𝗹𝗮𝘁𝗶𝗻𝘂𝗺 𝗣𝗮𝗿𝘁𝗻𝗲𝗿 အဖြစ် ဂုဏ်ယူစွာဖြင့် ပံ့ပိုးပါဝင်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ 𝗙𝗣𝗕 ကိုယ်စား သီးခြားလွတ်လပ်သောဒါရိုက်တာ ဦးသက်ဆွေ၊ ဒုတိယအမှုဆောင်အရာရှိချုပ်၊ စီးပွားရေးနှင့်လုပ်ငန်းပိုင်းဆိုင်ရာ အရာရှိချုပ်နှင့် 𝗦𝗮𝗹𝗲𝘀 & 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 ဌာနမှူးတို့ တက်ရောက်ခဲ့ကြပါသည်။

စီးပွားရေးကဏ္ဍအတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်အခွင့်အလမ်းများ ပိုမိုဖော်ဆောင်နိုင်ရန် ရည်ရွယ်သည့် အဆိုပါအခမ်းအနားတွင် 𝗣𝗹𝗮𝘁𝗶𝗻𝘂𝗺 𝗣𝗮𝗿𝘁𝗻𝗲𝗿 အဖြစ် ပါဝင်ခွင့်ရရှိခြင်းအတွက် 𝗙𝗣𝗕 အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။





Image Grid with Animation





(၃၁.၈.၂၀၂၆) နေ့က ပထမပုဂ္ဂလိကဘဏ်နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့၏ ဘဏ်လုပ်ငန်း ဆောင်ရွက်ခြင်းဆိုင်ရာ ချုပ်ဆိုသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ပုသိမ်မြို့၊ နောင်ရိုးဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာအဖွဲ့ စီးပွားရေးမဟာဗျူဟာနှင့် လုပ်ငန်းတိုးတက်မှု ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ သီးခြားလွတ်လပ်သော ဒါရိုက်တာ ဦးသက်ဆွေနှင့် ဧရာဝတီတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးညီညီထွန်းတို့မှ ဂုဏ်ပြုစကား ပြောကြားခဲ့ကြပြီး၊ ဒုတိယအမှုဆောင် အရာရှိချုပ် ဦးမျိုးမင်းချိုမှ ပထမပုဂ္ဂလိကဘဏ်၏ အပ်ငွေ၊ ချေးငွေ 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ပထမပုဂ္ဂလိကဘဏ်နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့အကြား ဘဏ်လုပ်ငန်း ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြပါသည်။





Image Grid with Animation





(၁.၈.၂၀၂၆) ရက်နေ့က အထွေထွေဘဏ်လုပ်ငန်းသင်တန်း (၁/၂၀၂၆) ကို ပထမပုဂ္ဂလိကဘဏ် ဘဏ်သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

သင်တန်းသို့ ရန်ကုန်ဘဏ်ခွဲများမှ သင်တန်းသား၊ သင်တန်းသူများက ကိုယ်တိုင်သော်လည်းကောင်း၊ နယ်ဘဏ်ခွဲများမှ သင်တန်းသား၊ သင်တန်းသူများက 𝗭𝗼𝗼𝗺 ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပြီး အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ်၊ ဘဏ္ဍာရေးအရာရှိချုပ်နှင့် ချေးငွေအရာရှိချုပ်တို့မှ သင်ခန်းစာများ သင်ကြားပို့ချခဲ့ကြပါသည်။ သင်တန်းကို အပတ်စဥ်စနေနေ့တိုင်း ရက်သတ္တ (၇) ပတ် ကြာဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပါသည်။





Image Grid with Animation





(𝟭𝟭.𝟳.𝟮𝟬𝟮𝟲) ရက်နေ့က ပထမပုဂ္ဂလိကဘဏ် မြစ်ကြီးနားဘဏ်ခွဲ၏ (၉) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မြစ်ကြီးနားမြို့ 𝗔𝘂𝘁𝘂𝗺𝗻 𝗛𝗼𝘁𝗲𝗹 ၌ ပြုလုပ်ခဲ့ရာ မြစ်ကြီးနားဘဏ်ခွဲ ကြီးကြပ်ရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဘဏ်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာ ဦးလဆန်မှ အမှာစကား ပြောကြားခဲ့ပြီးနောက် မြစ်ကြီးနား ဘဏ်ခွဲတာဝန်ခံ ဒေါ်ခင်ချိုမြင့်မှ ဘဏ်၏ 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 နှင့် 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 များအကြောင်း ရှင်းပြခဲ့ပါသည်။ မြစ်ကြီးနားဘဏ်ခွဲကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးဂဲနက်စ်မှ နှစ်ပတ်လည်အခမ်းအနားသို့ ကြွရောက်လာကြသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြပါသည်။





Image Grid with Animation





(𝟮𝟲.𝟲.𝟮𝟬𝟮𝟲) ရက်နေ့မှ (𝟮𝟴.𝟲.𝟮𝟬𝟮𝟲) ရက်နေ့ထိ 𝗬𝗮𝗻𝗴𝗼𝗻 𝗖𝗼𝗻𝘃𝗲𝗻𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲 (𝗬𝗖𝗖) တွင် မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (𝗨𝗠𝗕𝗘𝗘𝗔) မှ ကျင်းပပြုလုပ်ခဲ့သည့် 𝗠𝘆𝗮𝗻𝗺𝗮𝗿-𝗖𝗵𝗶𝗻𝗮 𝗧𝗿𝗮𝗱𝗲 & 𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁 𝗘𝘅𝗽𝗼 𝟮𝟬𝟮𝟲 တွင် ပထမပုဂ္ဂလိကဘဏ်မှ 𝗢𝘁𝗵𝗲𝗿 𝗦𝗽𝗼𝗻𝘀𝗼𝗿 အဖြစ် ပါဝင်ခဲ့ပြီး 𝗘𝘅𝗽𝗼 သို့ လာရောက်သူများအား ဘဏ်၏ 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 များအကြောင်းကို 𝗙𝗣𝗕 ဝန်ထမ်းများမှ ရှင်းလင်းပြောကြားခဲ့ကြပါသည်။





Image Grid with Animation




(၂၁.၆.၂၀၂၆) ရက်နေ့က ပထမပုဂ္ဂလိကဘဏ် ဘဏ်သင်တန်းခန်းမ၌ တာဝန်ခံများ 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗦𝗸𝗶𝗹𝗹 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 ခေါင်းစဉ်ဖြင့် တစ်ရက်တာသင်တန်းကို ပြုလုပ်ခဲ့ရာ 𝗦𝗮𝗻𝗱𝗶 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ၏ 𝗙𝗼𝘂𝗻𝗱𝗲𝗿 ဖြစ်သူ ဒေါက်တာစန္ဒီဝင်းမှ သင်ကြားပို့ချခဲ့ပါသည်။

သင်တန်းသို့ ဘဏ်ရုံးချုပ်မှ ဌာနတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲများမှ တာဝန်ခံများ၊ ဒုတိယတာဝန်ခံများ၊ တတိယတာဝန်ခံများက ကိုယ်တိုင်သော်လည်းကောင်း၊ နယ်ဘဏ်ခွဲများမှ ဘဏ်ခွဲတာဝန်ခံများ၊ ဒုတိယတာဝန်ခံများနှင့် တတိယတာဝန်ခံများက 𝗭𝗼𝗼𝗺 ဖြင့်လည်းကောင်း အသီးသီး တက်ရောက်ခဲ့ကြပါသည်။





Image Grid with Animation