(၁.၈.၂၀၂၆) ရက်နေ့က အထွေထွေဘဏ်လုပ်ငန်းသင်တန်း (၁/၂၀၂၆) ကို ပထမပုဂ္ဂလိကဘဏ် ဘဏ်သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
သင်တန်းသို့ ရန်ကုန်ဘဏ်ခွဲများမှ သင်တန်းသား၊ သင်တန်းသူများက ကိုယ်တိုင်သော်လည်းကောင်း၊ နယ်ဘဏ်ခွဲများမှ သင်တန်းသား၊ သင်တန်းသူများက 𝗭𝗼𝗼𝗺 ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပြီး အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ်၊ ဘဏ္ဍာရေးအရာရှိချုပ်နှင့် ချေးငွေအရာရှိချုပ်တို့မှ သင်ခန်းစာများ သင်ကြားပို့ချခဲ့ကြပါသည်။ သင်တန်းကို အပတ်စဥ်စနေနေ့တိုင်း ရက်သတ္တ (၇) ပတ် ကြာဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပါသည်။
(𝟭𝟭.𝟳.𝟮𝟬𝟮𝟲) ရက်နေ့က ပထမပုဂ္ဂလိကဘဏ် မြစ်ကြီးနားဘဏ်ခွဲ၏ (၉) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မြစ်ကြီးနားမြို့ 𝗔𝘂𝘁𝘂𝗺𝗻 𝗛𝗼𝘁𝗲𝗹 ၌ ပြုလုပ်ခဲ့ရာ မြစ်ကြီးနားဘဏ်ခွဲ ကြီးကြပ်ရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဘဏ်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာ ဦးလဆန်မှ အမှာစကား ပြောကြားခဲ့ပြီးနောက် မြစ်ကြီးနား ဘဏ်ခွဲတာဝန်ခံ ဒေါ်ခင်ချိုမြင့်မှ ဘဏ်၏ 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 နှင့် 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 များအကြောင်း ရှင်းပြခဲ့ပါသည်။ မြစ်ကြီးနားဘဏ်ခွဲကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးဂဲနက်စ်မှ နှစ်ပတ်လည်အခမ်းအနားသို့ ကြွရောက်လာကြသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြပါသည်။
(𝟮𝟲.𝟲.𝟮𝟬𝟮𝟲) ရက်နေ့မှ (𝟮𝟴.𝟲.𝟮𝟬𝟮𝟲) ရက်နေ့ထိ 𝗬𝗮𝗻𝗴𝗼𝗻 𝗖𝗼𝗻𝘃𝗲𝗻𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲 (𝗬𝗖𝗖) တွင် မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (𝗨𝗠𝗕𝗘𝗘𝗔) မှ ကျင်းပပြုလုပ်ခဲ့သည့် 𝗠𝘆𝗮𝗻𝗺𝗮𝗿-𝗖𝗵𝗶𝗻𝗮 𝗧𝗿𝗮𝗱𝗲 & 𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁 𝗘𝘅𝗽𝗼 𝟮𝟬𝟮𝟲 တွင် ပထမပုဂ္ဂလိကဘဏ်မှ 𝗢𝘁𝗵𝗲𝗿 𝗦𝗽𝗼𝗻𝘀𝗼𝗿 အဖြစ် ပါဝင်ခဲ့ပြီး 𝗘𝘅𝗽𝗼 သို့ လာရောက်သူများအား ဘဏ်၏ 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 များအကြောင်းကို 𝗙𝗣𝗕 ဝန်ထမ်းများမှ ရှင်းလင်းပြောကြားခဲ့ကြပါသည်။
(၂၁.၆.၂၀၂၆) ရက်နေ့က ပထမပုဂ္ဂလိကဘဏ် ဘဏ်သင်တန်းခန်းမ၌ တာဝန်ခံများ 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗦𝗸𝗶𝗹𝗹 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 ခေါင်းစဉ်ဖြင့် တစ်ရက်တာသင်တန်းကို ပြုလုပ်ခဲ့ရာ 𝗦𝗮𝗻𝗱𝗶 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ၏ 𝗙𝗼𝘂𝗻𝗱𝗲𝗿 ဖြစ်သူ ဒေါက်တာစန္ဒီဝင်းမှ သင်ကြားပို့ချခဲ့ပါသည်။
သင်တန်းသို့ ဘဏ်ရုံးချုပ်မှ ဌာနတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲများမှ တာဝန်ခံများ၊ ဒုတိယတာဝန်ခံများ၊ တတိယတာဝန်ခံများက ကိုယ်တိုင်သော်လည်းကောင်း၊ နယ်ဘဏ်ခွဲများမှ ဘဏ်ခွဲတာဝန်ခံများ၊ ဒုတိယတာဝန်ခံများနှင့် တတိယတာဝန်ခံများက 𝗭𝗼𝗼𝗺 ဖြင့်လည်းကောင်း အသီးသီး တက်ရောက်ခဲ့ကြပါသည်။
ပထမပုဂ္ဂလိကဘဏ်၏ Products များ ရှင်းလင်းမိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်စတော့အိတ်ချိန်း (YSX) ခန်းမ၌ (၁၃.၆.၂၀၂၆) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အမှုဆောင်ဒါရိုက်တာ ဦးသိန်းလွင်၊ ဒါရိုက်တာ ဦးထွန်းဝင်းနိုင်၊ သီးခြားလွတ်လပ်သော ဒါရိုက်တာ ဦးသက်ဆွေ၊ သီးခြားလွတ်လပ်သော ဒါရိုက်တာ ဒေါက်တာ လဲ့လဲ့ဝင်း၊ အမှုဆောင် အရာရှိချုပ် ဦးသူရ၊ ဒုတိယအမှုဆောင် အရာရှိချုပ် ဦးမျိုးမင်းချို၊ ဘဏ်ရုံးချုပ်နှင့် ရန်ကုန်ဘဏ်ခွဲများမှ ဘဏ်ခွဲတာဝန်ခံများ၊ ဖိတ်ကြားထားသော လုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အမှုဆောင်ဒါရိုက်တာ ဦးသိန်းလွင်မှ ပထမပုဂ္ဂလိကဘဏ်၏ အကြောင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယ အမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချိုမှ ပထမပုဂ္ဂလိကဘဏ်၏ Products များနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ကြပါသည်။
တက်ရောက်လာကြသည့် လုပ်ငန်းရှင်ကြီးများမှ လည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အမှုဆောင်ဒါရိုက်တာနှင့် ဒုတိယ အမှုဆောင်အရာရှိချုပ်တို့မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။
(၆-၆-၂၀၂၆) နေ့တွင် ပြည်မြို့၊ ထျန့်ဟိုကုန်းခန်းမတွင် ကျင်းပခဲ့သည့် ပြည်မြို့ ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်း၏ “နှစ်ပတ်လည်အသင်းသားစုံညီဂုဏ်ပြုညစာစားပွဲ” တွင် ပထမပုဂ္ဂလိကဘဏ်မှ Main Sponsor အဖြစ်ပါဝင်ခွင့်ရရရှိခဲ့သည့်အတွက် အထူးဝမ်းမြောက်ရပါသည်။
အခမ်းအနားတွင် အမှုဆောင်အရာရှိချုပ်မှ ပထမပုဂ္ဂလိကဘဏ်၏ အပ်ငွေ၊ ချေးငွေ Products များအား တက်ရောက်လာသူများအား မိတ်ဆက် ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက် ပြည်မြို့ ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပထမပုဂ္ဂလိကဘဏ်တို့အကြား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
(𝟮𝟵.𝟱.𝟮𝟬𝟮𝟲) ရက်နေ့မှ (𝟯𝟭.𝟱.𝟮𝟬𝟮𝟲) ရက်နေ့ထိ 𝗬𝗮𝗻𝗴𝗼𝗻 𝗖𝗼𝗻𝘃𝗲𝗻𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲 (𝗬𝗖𝗖) တွင် 𝗶𝗠𝘆𝗮𝗻𝗺𝗮𝗿𝗛𝗼𝘂𝘀𝗲 နှင့် 𝗖𝗔𝗥𝗦𝗗𝗕 တို့မှ ကျင်းပပြုလုပ်ခဲ့သည့် 𝟮𝟬𝘁𝗵 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗕𝗶𝗴𝗴𝗲𝘀𝘁 𝗣𝗿𝗼𝗽𝗲𝗿𝘁𝘆 & 𝗖𝗮𝗿 𝗘𝘅𝗽𝗼 တွင် ပထမပုဂ္ဂလိကဘဏ်မှ 𝗢𝘁𝗵𝗲𝗿 𝗦𝗽𝗼𝗻𝘀𝗼𝗿 အဖြစ် ပါဝင်ခဲ့ပြီး 𝗦𝗮𝗹𝗲𝘀 & 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗧𝗲𝗮𝗺 နှင့် 𝗖𝗿𝗲𝗱𝗶𝘁 𝗧𝗲𝗮𝗺 တို့မှ 𝗘𝘅𝗽𝗼 သို့ လာရောက်သူများအား 𝗔𝘂𝘁𝗼 𝗟𝗼𝗮𝗻, 𝗛𝗼𝗺𝗲 𝗟𝗼𝗮𝗻 များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
(𝟭𝟲.𝟱.𝟮𝟬𝟮𝟲) နေ့က ပထမပုဂ္ဂလိကဘဏ်သင်တန်းခန်းမ၌ 𝗥𝗶𝘀𝗸 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 နှင့် ပတ်သက်၍ သိထားသင့်သည်များ၊ လိုက်နာ-ကျင့်သုံး-ဆောင်ရွက်သွားရမည်များနှင့်ပက်သက်သော သင်တန်းကို ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းကို ဒုတိယအမှုဆောင်ချုပ်မှ သင်ကြားပို့ချခဲ့ပြီး ဘဏ်ရုံးချုပ်မှ ဌာနတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲများရှိ ဘဏ်ခွဲတာဝန်ခံများ၊ ဒုတိယတာဝန်ခံများမှ လူကိုယ်တိုင်နှင့် နယ်ဘဏ်ခွဲများရှိ ဘဏ်ခွဲတာဝန်ခံများနှင့် ဒုတိယတာဝန်ခံများမှ 𝗭𝗼𝗼𝗺 ဖြင့် တက်ရောက်ခဲ့ကြပါသည်။
(၉.၅.၂၀၂၆) ရက်နေ့တွင် 𝗙𝗣𝗕 𝗕𝗮𝗻𝗸 ဝန်ထမ်းများအား အာမခံနှင့်ပက်သက်၍ ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် 𝗔 𝗟𝗶𝗳𝗲 နှင့် 𝗔 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 ရုံးချုပ်တွင် 𝗟𝗶𝗳𝗲 & 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 𝗥𝗲𝗳𝗿𝗲𝘀𝗵𝗲𝗿 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 သင်တန်းကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်း၌ 𝗔 𝗟𝗶𝗳𝗲 နှင့် 𝗔 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 ၏ 𝗖𝗵𝗮𝗶𝗿𝗺𝗮𝗻 ဒေါက်တာ မောင်မောင်သိမ်းနှင့် သက်ဆိုင်ရာဌာနတာဝန်ခံများမှ အာမခံနှင့် ပတ်သက်သည့် သိထားသင့်သည့် အရေးကြီးသော အချက်အလက်များကို မျှဝေသင်ကြားပို့ချပေးခဲ့ကြပါသည်။
Forum ဒုတိယနေ့၊ ညနေပိုင်းတွင် ဘဏ်၏ အဓိကအစုရှယ်ယာရှင်ကြီးများအား ဖိတ်ကြား၍ အမှုဆောင်ဒါရိုက်တာဦးသိန်းလွင်မှ ပထမပုဂ္ဂလိကဘဏ်အနေဖြင့် လာမည့် (၁၀) နှစ်အတွင်း Mid-sized Bank အဖြစ်သို့ ရောက်ရှိလာစေရေး ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် ရှယ်ယာရှင်ကြီးများမှ အပြန်အလှန် ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ရှယ်ယာရှင်ကြီး များနှင့်တကွ တက်ရောက်လာသူများအားလုံးအား Networking Dinner ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။