(28.2.2025) ရက်နေ့ညတွင် ကျင်းပသည့် A Life and A Insurance ၏ (၂)နှစ်မြောက်နှစ်ပတ်လည် A Sparkle Night အခမ်းအနားတွင် FPB အနေဖြင့် A Life မှ ချီးမြှင့်ပေးအပ်သော Bank Engagement Excellence Award ဆုကို လက်ခံရရှိခဲ့ပါသည်။
(၂၂.၂.၂၀၂၅) နေ့၌ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ယာကွန်ဒိုဝင်းအနီး Asia-Pacific Automaker Corp နှင့် Swann Thu Aung Company တို့ပူးပေါင်း၍ တတိယအကြိမ် DONGFENG E70 EV TAXI အစီး (၃၀) အား လက်လွှဲပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ First Private Bank မှ Main Partner အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည့်ပုံရိပ်များကို မှတ်တမ်း တင်အပ်ပါသည်။
(၇.၂.၂၀၂၅) ရက်နေ့က MEGA Lifesciences Limited မှ Cooperate Social Responsible Program အဖြစ် ပထမပုဂ္ဂလိကဘဏ်လီမိတက် ဘဏ်ရုံးချုပ်သို့ လာရောက်ပြီး ဝန်ထမ်းများအား မျက်နှာအသားအရေ စစ်ဆေးပေးခြင်း Haemoglobin စစ်ဆေးပေးခြင်းနှင့် အရိုးပွခြင်း ရှိ-မရှိ စစ်ဆေးပေးခြင်း စသည့် ကျန်းမာရေး အခမဲ့ဆေးစစ်ခြင်းများ လုပ်ဆောင်ပေးခဲ့ပါသည်၊
မေတ္တာ ဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့ကြသည့် MEGA Lifesciences Limited မှ ဆရာဝန်ကြီးနှင့်တကွ ပါဝင်ကူညီပေးခဲ့ကြသူများအား ပထမပုဂ္ဂလိကဘဏ်လီမိတက်မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
(၆.၂.၂၀၂၅) နေ့၌ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ယာကွန်ဒိုဝင်းအနီး Asia-Pacific Automaker Corp နှင့် Swann Thu Aung Company တို့ပူးပေါင်း၍ ဒုတိယအကြိမ် DONGFENG E70 EV TAXI လက်လွှဲပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ First Private Bank မှ Main Partner အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည့်ပုံရိပ်များကို မှတ်တမ်း တင်အပ်ပါသည်။
(၁.၂.၂၀၂၅) နေ့၌ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ယာကွန်ဒိုဝင်းအနီး Asia-Pacific Automaker Corp နှင့် Swann Thu Aung Company တို့ပူးပေါင်း၍ DONGFENG E70 EV TAXI လက်လွှဲပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ First Private Bank မှ Main Partner အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည့်ပုံရိပ်များကို မှတ်တမ်း တင်အပ်ပါသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ Annual General Meeting နှင့် Annual Networking Dinner ကို၂၀၂၅ခုနှစ် ဇန်နဝါရီလ ( ၂၃,၂၄ )ရက်နေ့များတွင် သိမ်ဖြူလမ်း၊ ဝန်ကြီးများရုံးတွင် ကျင်းပခဲ့ရာ Nga Sein package ဖြင့် FPB မှ ပျော်ရွှင်စွာပါ၀င်ဆောင်ရွက်ခဲ့သည့် ပုံရိပ်များကို မျှဝေလိုက်ပါသည်။
FPB Product အကြောင်း စိတ်ပါ၀င်စားစွာလာရောက်ကြည့်ရှု မေးမြန်းသူများ၊ FPB Deposit A/C နှင့် Digital Banking A/C ဖွင့်လှစ်ပေးခဲ့ကြသော customer များနှင့် Digital channel Link Share ပြုလုပ်ပေးခဲ့ကြသော customer များအားလုံးကို First Private Bank မှ ကျေးဇူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
၁။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေသားသုံးစွဲမှု လျော့ချနိုင်ရေး နှင့် ဒီဂျစ်တယ် ငွေပေးချေ မှုများ ပိုမို တိုး တက် အသုံးပြုရေး နှင့် လုံခြုံ စိတ်ချစွာ သုံးစွဲနိုင်ရေး အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေ များ အရ ပေးအပ် ထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာ ဆက်စပ် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ယနေ့ခေတ်တွင် ဒီဂျစ်တယ် နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ အများ ပြည်သူ များ အနေဖြင့် မိုဘိုင်းဖုန်း သုံးစွဲမှုနှင့် မိုဘိုင်း ငွေပေးချေမှု နည်းလမ်းများ သုံးစွဲမှု များပြား လာပါသည်။ ထိုသို့ သုံးစွဲလျက်ရှိသည့် အတွက်မသမာသူ များမှလည်း မသိနားမလည်သူများအားဆွဲဆောင်စည်းရုံးခြင်း ၊ခြိမ်းခြောက် ခြင်း စသည့် လိမ်လည်လှည့်ဖြားမှု နည်းလမ်း အမျိုးမျိုးကို အသုံးပြု၍ သုံးစွဲသူများ၏ ကိုယ်ရေး အချက်အလက် အလက် များအား နည်းလမ်း အမျိုးမျိုးဖြင့် ရယူ စုဆောင်းခြင်း၊ OTP နံပတ်များ၊ လုံခြုံရေး နံပါတ် (Password) များအားနည်းလမ်း အမျိုးမျိုးဖြင့်ရယူခြင်း၊ဒီဂျစ်တယ်နည်းပညာကိုအသုံးပြု၍ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင် ဝန်ဆောင် မှုလုပ်ငန်း များ နှင့် ၎င်းတို့ နှင့် ဆက်စပ်ဆောင်ရွက် ရသည့် မိုဘိုင်း ကွန်ရက် ဝန်ဆောင်မှု ပေးသူများ (Mobile Network Operator) မှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံ ဝန်ဆောင်မှု ပေးသူ (Third Party Service Provider) များ၏ စနစ်အား ဖောက်ထွင်း ၍ နည်းပညာဖြင့်ဖောက်ထွင်းယူခြင်းများ ဆောင်ရွက်ပြီး၊ သုံးစွဲသူများ ၏ မိုဘိုင်း ငွေကြေးများ အား ဖောက်ထွင်း ရယူ၍ လိမ်လည်ခြင်းများ ဆောင်ရွက် လာကြကြောင်း တွေ့ ရှိရပါ သည်။
၃။ မိုဘိုင်းငွေကြေးသုံးစွဲသူများ အနေဖြင့် မသမာသူ များ၏ လိမ်လည် လှည့်ဖြားမှု ပုံစံများကို သိရှိ နိုင် စေရန် သတိ ပြုကာကွယ် နိုင်စေရန် နှင့် လိမ်လည်ခံရပါကလည်း ငွေကြေးများဆုံး ရှုံးမှု မရှိစေရန် အတွက်ဘဏ် နှင့် မိုဘိုင်း မိုဘိုင်း ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၏ Website ၊ Application ၊ Social Media များမှ တစ်ဆင့် နည်းလမ်း မျိုးစုံ ဖြင့် အများပြည် သူများသို့ အသိပေးဆောင်ရွက်လျက် ရှိသကဲ့သို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် လည်းမိုဘိုင်း ငွေ ပေးချေမှု များမှ တစ်ဆင့် ငွေကြေး လိမ်လည် မှုများ တားဆီးရေး အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်၍ ဆောင်ရန် ရှောင်ရန နည်းလမ်း များအား အသိပေး လျက်ရှိ ပါသည်။
၄။ မိုဘိုင်းငွေကြေး သုံးစွဲသူများ အနေဖြင့် နည်းပညာ အသုံးပြုလိမ်လည်ခြင်း များကြောင့် ဆုံးရှုံးမှု မရှိ စေရေး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြု ထားသည့် မိုဘိုင်း ငွေကြေးလုပ်ငန်းများ ကိုသာအသုံးပြုကြပါရန်၊ ပို့ ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အသိမှတ်ပြု မှတ်ပုံတင် ထားသည့် SIM Card များကိုသာ အသုံး ပြုကြပါရန်နှင့် အောက်ပါအချက်များကို မပြုလုပ်ကြပါရန် တိုက်တွန်းအပ်ပါသည်-
(က) မိမိ၏ကိုယ်ရေးအချက်အလက်များအား လုံခြုံစွာသိမ်းဆည်းထားရန်နှင့် အများ ပြည်သူ ကြည့်ရှုနိုင် သည့် နေရာ များတွင် ဖော်ပြခြင်းမပြုရန်(ဥပမာ၊ Social Media များ)
(ခ) မိမိ၏ OTP Code နှင့် လုံခြုံရေး နံပတ် (Password) များအား အခြားသူများသို့ မျှဝေခြင်း လုံးဝ (လုံးဝ) မဆောင်ရွက်ရန်၊
(ဂ) မသမာ သူများမှ မိမိ၏ ကိုယ်ရေးအချက်အလက် များအား ရယူရန် ရည်ရွယ်ချက်ဖြင့် စည်းရုံးခြင်း၊ လင့် (Link) များ ပေးပို့ခြင်း၊ Mobile Application များအား Download ဆွဲယူခြင်း၊ ဝင်ရောက်ခြင်း၊ Access ပေး ခြင်းများ လုံးဝ လုံးဝ) မဆောင်ရွက်ရန်၊
(ဃ) လိမ်လည်မှုဖြစ်ပွားပါက သက်ဆိုင်ရာဘဏ် သို့မဟုတ် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ငန်း များ ၏ (Call Centre) သို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ရန်၊
၅။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မိုဘိုင်းငွေပေးချေဝန်ဆောင်မှု လုပ်ငန်းများ စနစ် တကျရှိစေ ရေးနှင့် ဆုံးရှုံးနိုင်ခြေ ကာကွယ်နိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းလျက်ရှိပါသည်။ထို့အပြင် နိုင်ငံတော် တော် အစိုးရ ကဖွဲ့စည်းပေးထားသည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကြီးကြပ်မှုကော်မတီ မှ စောင့်ကြည့် ထိန်း ကျောင်းခြင်း အပြင် မိုဘိုင်းငွေ ပေးချေမှု လုပ်ငန်းများအား အသုံးပြုပြီး လိမ်လည်မှု ဖြစ်ပွားပါ က လိမ်လည် ခံရသူများ တိုင်ကြား နိုင်ရေးစံလုပ်ငန်း စဉ်( SOP ) ကိုလည်း ထုတ်ပြန်ထားပါသည်။ သုံးစွဲသူ၏ မှားယွင်းမှုနှင့် ဆောင်ရွက်ချက် တစ်စုံတစ်ရာကြောင့် မဟုတ်ဘဲ OTP နံပါတ်များ၊ လုံခြုံရေး နံပါတ် (Password) များနှင့် ကိုယ်ရေး အချက်အလက် များ အား အခြားနည်းလမ်း ဖြင့် ရရှိခြင်းကြောင့် ဖြစ်ပွားသည့် လိမ်လည် မှု ဖြစ်စဉ် များအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သုံးစွဲသူများ ဆုံးရှုံးမှု မရှိ စေရေး အတွက် တာဝန် ရှိ သူများ အနေဖြင့် ပူးပေါင်းစိစစ်ဖော်ထုတ်လျက်ရှိပါသည်။ တာဝန်ရှိ သူများ အနေဖြင့် လိမ်လည်မှု ဆောင်ရွက် နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အားလည်း ပူးပေါင်း စိစစ် ဖော်ထုတ် လျက်ရှိပြီး၊ ရည်ရွယ်ချက် ရှိရှိဖြင့် ဆောင် ရွက် လျက် ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ အား ထိထိရောက် ရောက် အရေးယူ ဆောင်ရွက် နိုင်ရေး အရှိန် မြှင့် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာ အပ်ပါ သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ Branch Manager Level (Professional Skills Upgrade) Course သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ အရာထမ်း (၇၁) ဦး တက်ရောက်ကြပါသည်။ သင်တန်းကို အပတ်စဉ် စနေနေ့တိုင်း သင်ကြားသွားမည် ဖြစ်ပြီး သင်တန်းကာလမှာ (၃)လ ဖြစ်ပါသည်။
Chairman’s Speech ⇐ နှိပ်ပါ။
