(၇.၆.၂၀၂၅) နေ့က ပထမပုဂ္ဂလိကဘဏ်လီမိတက် ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲများရှိ ဘဏ်ခွဲတာဝန်ခံများ၊ ဒုတိယဘဏ်ခွဲတာဝန်ခံများအား Core Banking Software (iCBS) နှင့်ပက်သက်၍ လုပ်ကိုင်ရာတွင် ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မွမ်းမံသင်တန်းကို ဘဏ်သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် အမှုဆောင်အရာရှိချုပ်နှင့် ဒုတိယအမှုဆောင်အရာရှိချုပ်တို့မှ သင်တန်းသား၊ သင်တန်းသူများ အား အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။
မွမ်းမံသင်တန်းသို့ ရန်ကုန်ဘဏ်ခွဲများရှိ ဘဏ်ခွဲတာဝန်ခံများ၊ ဘဏ်ခွဲဒုတိယတာဝန်ခံများ၊ စိတ်ပါဝင်စားသူအရာ ထမ်းများ၊ ဝန်ထမ်းအသစ်များမှ သင်တန်းခန်းမ၌လည်းကောင်း၊ နယ်ဘဏ်ခွဲများမှ zoom ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။





Image Grid with Animation


CEO
Deputy CEO
Staff




(၂၅.၅.၂၀၂၅) နေ့ ညနေပိုင်းတွင် ဘဏ်ဥက္ကဌနှင့် BOD အဖွဲ့ဝင်များမှ အောင်ပန်းဘဏ်ခွဲ ကြီးကြပ်ရေးကော်မတီဝင်များ၊ ဝန်ထမ်းများအား တွေ့ဆုံ၍ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။




Image Grid with Animation





(၂၄.၅.၂၀၂၅) နေ့တွင် တောင်ကြီးမြို့၌ ဘဏ်ဥက္ကဌနှင့် BOD အဖွဲ့ဝင်များမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွက် Best Performance Award ဆုရရှိသော တောင်ကြီးဘဏ်ခွဲ ကြီးကြပ်ရေးကော်မတီဝင်များ၊ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။





Image Grid with Animation





(၁၃-၅-၂၀၂၅) နေ့ ညနေပိုင်းတွင် CEO မှ (2024-2025) ဘဏ္ဍာရေးနှစ်အတွက် Best Performance Award ဆုရရှိသော မြစ်ကြီးနားဘဏ်ခွဲ ဘဏ်ခွဲကြီးကြပ်မှုကော်မတီဝင်များနှင့် ဝန်ထမ်းများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ပါသည်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်အနေဖြင့် (2025-2026) ဘဏ္ဍာရေးနှစ်တွင် အဖက်ဖက်မှ ဘက်စုံ တိုးတက်အောင်မြင်စေရန်အတွက် Annual Business Plan (2025-2026) ကို ရေးဆွဲခဲ့ပါသည်။
(3.5.2025) ရက်နေ့တွင် ဘဏ်ရုံးချုပ်သင်တန်းခန်းမ၌ Annual Business Plan (2025-2026) အရ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရုံးချုပ်နှင့်ဘဏ်ခွဲများမှ ဒုတိယမန်နေဂျာနှင့် အထက်အရာထမ်းများအား CEO, DyCEO, CFO, CCO တို့မှ အသေးစိတ် ရှင်းလင်း ဆွေးနွေး မှာကြားခဲ့ကြရာ ရန်ကုန် ရုံးချုပ်နှင့် ဘဏ်ခွဲများမှ အရာထမ်းများမှာ ဘဏ်ရုံးချုပ်သင်တန်းခန်းမ၌ ကိုယ်တိုင်သော်လည်းကောင်း၊ နယ်ဘဏ်ခွဲများမှ အရာထမ်းများမှာ zoom ဖြင့်သော်လည်းကောင်း အသီးသီး တက်ရောက်ခဲ့ကြပါသည်။

(၅.၄.၂၀၂၅) ရက်နေ့က ပထမပုဂ္ဂလိကဘဏ်လီမိတက် ဘဏ်သင်တန်းခန်းမ၌ ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲများရှိ ဒုတိယမန်နေဂျာနှင့်အထက် အရာထမ်းများအား ဘက်စုံစွမ်းဆောင်ရည် တိုးတက် မြင့်မားစေရန်အတွက် Real Banking Management QMS ခေါင်းစဉ်ဖြင့် Independent Director ဦးသက်ဆွေမှလည်းကောင်း၊ Customer Service –Strategies For Growth and Innovation ခေါင်းစဉ်ဖြင့် Independent Director ဒေါက်တာ လဲ့လဲ့ဝင်း မှလည်းကောင်း သင်ကြားပို့ချခဲ့ပါသည်။

(၄-၄-၂၀၂၅) ရက်နေ့တွင် ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ စုပေါင်း အလှူငွေများမှ ကျပ် သိန်း ၂၀၀ တန်ဘိုးရှိ ပုဆိုး၊ ထဘီ အထည် ၅၀၀၀ ခန့်အား ပရဟိတ အဖွဲ့ များ၏ အစီအစဉ်ဖြင့် ပထမပုဂ္ဂလိကဘဏ်ကိုယ်စား မန္တလေးဘဏ်ခွဲ ကြီးကြပ် ရေးကော်မတီဝင်များနှင့် မန္တလေးဘဏ်ခွဲဝန်ထမ်းများက မန္တလေးနှင့် စစ်ကိုင်းရှိ ငလျှင်ဘေးသင့်ပြည်သူများထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ငလျှင်ဒဏ်ကို ခံစားခဲ့ကြရသည့် မန္တလေး၊ နေပြည်တော်နှင့် အောင်ပန်းဘဏ်ခွဲတို့မှ ဝန်ထမ်းများအား (၃၁-၃-၂၀၂၅) နေ့တွင် First Private Bank ကိုယ်စား သက်ဆိုင်ရာဒေသများရှိ ဘဏ်ခွဲကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များမှ ကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

၂၀၂၅ခုနှစ်၊ မတ်လ(၇)ရက်နေ့က First Private Bank နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့အကြား ပညာရေးကိစ္စရပ်များ နှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ နီလာရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ First Private Bank ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချို မှ 𝐋𝐞𝐭𝐭𝐞𝐫 𝐨𝐟 𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭 ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

စီးပွားရေးတက္ကသိုလ် ဘွဲ့ကြိုကျောင်းသူ၊‌ ကျောင်းသားများအနေဖြင့် First Private Bank ၏ Internship program များတွင် ဘဏ်လုပ်ငန်းခွင်တစ်ခု၏ လက်တွေ့လုပ်ဆောင်ရသည့် အတွေ့အကြုံများ လေ့လာနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို မြှင့်တင်ပေးနိုင်ရန် တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့်ရသည့်အတွက် FPB အနေဖြင့် ဂုဏ်ယူ၀မ်းမြောက်ပါကြောင်း အခမ်းအနားပုံရိပ်များကို မျှဝေလိုက်ပါသည်။

ပထမပုဂ္ဂလိကဘဏ် (FPB) အနေဖြင့် (2025-2026) ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များအား မဟာဗျုဟာများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် “Brainstorming Session – 2025 : Strategic Initiatives” ကို (1.3.2025) ရက်နေ့တွင် ပထမပုဂ္ဂလိကဘဏ်ရုံးချုပ်၌ ကျင်းပခဲ့ရာ ဒါရိုက်တာများ၊ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ရုံးချုပ်ဌာနတာဝန်ခံများမှ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။