(၆.၁၂.၂၀၂၅) ရက်နေ့က (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ် တတိယလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပထမပုဂ္ဂလိကဘဏ် ဘဏ်သင်တန်းခန်းမ၌ ကျင်းပခဲ့ရာ လျာထားချက်များအတိုင်း ပြည့်မီအောင် ဆောင်ရွက်သွားနိုင်ရန်အတွက် လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ်နှင့် ချေးငွေအရာရှိချုပ်တို့မှ အသီးသီး လမ်းညွှန်မှာကြားခဲ့ပါသည်။
အစည်းအဝေးသို့ ဘဏ်ရုံးချုပ် 𝗦𝗮𝗹𝗲𝘀 & 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗧𝗲𝗮𝗺 နှင့် ရန်ကုန်ဘဏ်ခွဲများရှိ ဝန်ထမ်းများက ကိုယ်တိုင် သော်လည်းကောင်း၊ နယ်ဘဏ်ခွဲများရှိ ဝန်ထမ်းများက 𝗭𝗼𝗼𝗺 ဖြင့် သော်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။
(𝟯𝟬.𝟭𝟭.𝟮𝟬𝟮𝟱) ရက်နေ့တွင် 𝗠𝗜𝗖𝗧 𝗣𝗮𝗿𝗸 𝗠𝗮𝗶𝗻 𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴 ၌ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲 𝗼𝗳 𝗘𝗰𝗼𝗻𝗼𝗺𝗶𝗰𝘀 𝗚𝗿𝗮𝗱𝘂𝗮𝘁𝗲𝘀 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗶𝗼𝗻 (𝗠𝗜𝗘𝗚𝗔) မှ ကြီးမှူးကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ နှင့် ပြန်လည်ဆုံဆည်းပွဲ အခမ်းအနားတွင် ပထမပုဂ္ဂလိကဘဏ်မှလည်း 𝗗𝗶𝗮𝗺𝗼𝗻𝗱 𝗣𝗮𝗿𝘁𝗻𝗲𝗿 အဖြစ် ပါဝင်ခဲ့ပါသည်။ အခမ်းအနားသို့ လာရောက်သူများအား 𝗙𝗣𝗕 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 များနှင့် ချိတ်ဆက်ပေးခဲ့ပြီး 𝗕𝗮𝗻𝗰𝗮𝘀𝘀𝘂𝗿𝗮𝗻𝗰𝗲 အကြောင်းများ၊ 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽 𝗣𝗿𝗼𝗴𝗿𝗮𝗺 များနှင့် 𝗙𝗣𝗕 𝗟𝗼𝗮𝗻 𝗣𝗿𝗼𝗱𝘂𝗰𝘁 အကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
(𝟯𝟬.𝟵.𝟮𝟬𝟮𝟱) နေ့က 𝗙𝗣𝗕 ဘဏ်၏ ဘဏ်ဥက္ကဌကြီးနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အရာရှိချုပ်များအား ဝန်ထမ်းများက သီတင်းကျွတ်အခါသမယတွင် မြန်မာ့ရိုးရာဓလေ့တစ်ခုဖြစ်သော ဂါရဝပြုကန်တော့ခြင်းကို 𝗙𝗣𝗕 ဘဏ်ရုံးချုပ် ဒါရိုက်တာအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
(𝟮𝟳.𝟵.𝟮𝟬𝟮𝟱) , (𝟮𝟴.𝟵.𝟮𝟬𝟮𝟱) ရက်နေ့တို့တွင် ရန်ကုန်မြို့ 𝗟𝗢𝗧𝗧𝗘 𝗛𝗢𝗧𝗘𝗟 ၌ 𝗶𝗠𝘆𝗮𝗻𝗺𝗮𝗿𝗛𝗼𝘂𝘀𝗲 နှင့် 𝗖𝗮𝗿𝘀𝗗𝗕 တို့မှ ကြီးမှူးကျင်းပခဲ့သည့် အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲကြီးတွင် ပထမပုဂ္ဂလိကဘဏ်မှလည်း ပါဝင်ခဲ့ပါသည်။
𝗙𝗣𝗕 𝗛𝗼𝗺𝗲 𝗟𝗼𝗮𝗻 နှင့် 𝗙𝗣𝗕 𝗔𝘂𝘁𝗼 𝗟𝗼𝗮𝗻 တို့ကို 𝗙𝗣𝗕 𝗕𝗮𝗻𝗸 ၏ ဘဏ်ရုံးချုပ်နှင့် နီးစပ်ရာဘဏ်ခွဲများတွင် လွယ်ကူလျင်မြန်စွာ ချိတ်ဆက်ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
(29.8.2025) နေ့ ညနေပိုင်းက ပထမပုဂ္ဂလိကဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အစုရှယ်ယာရှင်များ၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့် Customer များ၏ ဂုဏ်ပြုညစာစားပွဲကို Jade Feast Restaurant (Mandalay) ၌ ပြုလုပ်ခဲ့ရာ ဘဏ်ဥက္ကဌ ဦးကျော်တင်နှင့် အမှုဆောင်ဒါရိုက်တာ ဒေါ်လှလှဝင်းတို့မှ အမှာစကားပြောကြားခဲ့ပြီးနောက် ညနေစာအား ရင်းနှီးစွာ အတူတကွ သုံးဆောင်ခဲ့ကြပါသည်။
(27.8.2025) နေ့က First Private Bank (ပထမပုဂ္ဂလိကဘဏ်) နှင့် iMyanmarHouse, CarsDB တို့မှ (MOU) သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ပန်းပဲတန်းမြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ Junction City Office Tower (7-Floor) ရှိ iMyanmarHouse, CarsDB ရုံးချုပ်တွင် ကျင်းပခဲ့ရာ First Private Bank မှ ဦးသူရ (CEO) နှင့် iMyanmarHouse, CarsDB မှ ဦးနေမင်းသူ (CEO) တို့မှ (MOU) သဘောတူညီမှု စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြပါသည်။
(26.8.2025) နေ့က ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ၌ CAREER FAIR 2025 ကို ကျင်းပ ပြုလုပ်ခဲ့ရာ ပထမပုဂ္ဂလိကဘဏ်မှလည်း Silver Partner အဖြစ် ပါဝင်ခဲ့ပါသည်။ CAREER FAIR တွင် ပထမပုဂ္ဂလိကဘဏ် Internship Program 2025 နှင့်ပက်သက်၍ စီးပွားရေးတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများအား HR Department မှ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး စိတ်ပါဝင်စားသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
(၁၇.၈.၂၀၂၅) နေ့က ပထမပုဂ္ဂလိကဘဏ်လီမိတက်၊ ဘဏ်သင်တန်းခန်းမ၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ရဲမှူးကြီးမြင့်စိုးမှ ဆွေးနွေးပို့ချ ခဲ့ပါသည်။ အသိပညာပေးဆွေးနွေးပွဲသို့ အမှုဆောင်အရာရှိချုပ် နှင့် အရာရှိချုပ်များ၊ ဘဏ်ရုံးချုပ်ရှိ ဌာနတာဝန်ခံများ နှင့် ဒုတိယတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲများရှိ ဘဏ်ခွဲတာဝန်ခံများနှင့် ဒုတိယဘဏ်ခွဲတာဝန်ခံများမှ ကိုယ်တိုင်တက်ရောက် ခဲ့ကြပြီး နယ်ဘဏ်ခွဲများမှ ဘဏ်ခွဲတာဝန်ခံများနှင့် ဒုတိယဘဏ်ခွဲတာဝန်ခံများမှ zoom ဖြင့် တက်ရောက်ခဲ့ ကြပါသည်။
ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၁/၂၀၂၅-၂၀၂၆ iCBS System အသုံးပြုခြင်း ကျွမ်းကျင်မှု သင်တန်းဆင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို (၂.၈.၂၀၂၅) နေ့က ဘဏ်သင်တန်းခန်းမ၌ ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ အမှုဆောင် ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ်နှင့် အရာရှိချုပ်များ၊ ဘဏ်ရုံးချုပ် ဌာနတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲများရှိ တာဝန်ခံနှင့် ဒုတိယ တာဝန်ခံများမှ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နယ်ဘဏ်ခွဲများရှိ တာဝန်ခံများနှင့် ဒုတိယတာဝန်ခံများမှ zoom ဖြင့် တက်ရောက်ခဲ့ပြီး အမှုဆောင်အရာရှိချုပ် ဦးသူရမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် အမှုဆောင်ဒါရိုက်တာမှ ဘဏ်ရုံးချုပ်ဌာန တာဝန်ခံ များနှင့် ဘဏ်ခွဲများမှ Business Plan အတိုင်း လုပ်ငန်းဆောင်ရွက်ထားမှုနှင့် ပတ်သက်၍လည်းကောင်း၊ ဆက်လက် လုပ်ဆောင်သွားရမည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်၍လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ပြီး လျာထားချက်များအတိုင်း ပြည့်မီအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။
(17.6.2025) နေ့က ပထမပုဂ္ဂလိကဘဏ်လီမိတက် ရုံးချုပ်ဌာန တာဝန်ခံများအား အမှုဆောင် ဒါရိုက်တာဦးသိန်းလွင်မှ Management Roles & Responsibilities in Profitable Growth ခေါင်းစဉ်ဖြင့် စွမ်းဆောင်ရည်မြင့် သင်တန်းပို့ချခဲ့ရာ ဘဏ်ဥက္ကဌ ဦးကျော်တင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
သင်တန်းသို့ ပထမပုဂ္ဂလိကဘဏ်ရုံးချုပ်မှ အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ် နှင့် အရာရှိချုပ်များ၊ ဌာနတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။