ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ Sustainable Profitable Growth Forum 2026 ကို ရန်ကုန်မြို့ Chatrium Hotel Royal Lake တွင် မေလ ၁-၂ ရက်များတွင် အောင်မြင်စွာကျင်းပခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရုံးချုပ်ဌာနတာဝန်ခံများနှင့် ဘဏ်ခွဲတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ Forum Day-1 တွင် ဒါရိုက်တာများနှင့် စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ Sustainable Profitable Growth နှင့် ပတ်သက်၍ ဘဏ်ခွဲတာဝန်ခံများအား လိုက်နာဆောင်ရွက်ကြရမည့် အချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး Forum Day-2 တွင် ဒါရိုက်တာအဖွဲ့ဝင်များမှ ဦးဆောင်ပြီး ရုံးချုပ်ဌာန တာဝန်ခံများနှင့် ဘဏ်ခွဲတာဝန်ခံများ ပါဝင်သော အဖွဲ့ (၆) ဖွဲ့ခွဲပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရေရှည်တည်တံ့ခိုင်မြဲပြီး အမြတ်အစွန်းတိုးတက် ရရှိရေး ဆောင်ရွက်သွားမည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြပါသည်။ Day-2 နေ့လည်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် The Best Branch Performance Award ပထမဆု တောင်ကြီးဘဏ်ခွဲ၊ ဒုတိယဆု မြစ်ကြီးနားဘဏ်ခွဲ၊ တတိယဆု ဘုရင့်နောင်ဘဏ်ခွဲ တို့အား အမှုဆောင်ဒါရိုက်တာမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။





































(၂၆.၃.၂၀၂၆) နေ့က ပထမပုဂ္ဂလိကဘဏ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF)တို့အကြား နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွား နိုင်ရန်အတွက် နားလည်မှု စာချွန်လွှာ (𝗠𝗢𝗨) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို MCEF အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပထမပုဂ္ဂလိကဘဏ်၏ သီးခြားလွတ်လပ်သော ဒါရိုက်တာ နှင့် ဒါရိုက်တာအဖွဲ့ စီးပွားရေးမဟာဗျူဟာနှင့် လုပ်ငန်းတိုးတက်မှုဦးဆောင်ကော်မတီ ဥက္ကဌ ဦးသက်ဆွေ၊ ဒါရိုက်တာ ဦးထင်အောင်ကျော်ဦး၊ အမှုဆောင်အရာရှိချုပ် ဦးသူရ၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချိုနှင့် MCEF အသင်းမှ ဥက္ကဌ ဦးရှိန်ဝင်း ဦးဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပထမပုဂ္ဂလိကဘဏ်၏ သီးခြားလွတ်လပ်သော ဒါရိုက်တာ ဦးသက်ဆွေ နှင့် MCEF အသင်း ဥက္ကဌ ဦးရှိန်ဝင်းတို့မှ အသီးသီး အမှာစကားပြောကြားခဲ့ကြပြီး၊ ပထမပုဂ္ဂလိကဘဏ်ကိုယ်စား အမှုဆောင်အရာရှိချုပ် ဦးသူရနှင့် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချိုတို့ကလည်းကောင်း၊ MCEF အသင်းကိုယ်စား ဥက္ကဌ ဦးရှိန်ဝင်း နှင့် အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေး တို့ကလည်းကောင်း နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
(𝟭𝟰.𝟯.𝟮𝟬𝟮𝟲) နေ့က 𝗖𝗵𝗮𝘁𝗿𝗶𝘂𝗺 𝗛𝗼𝘁𝗲𝗹 ၌ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝘁𝗮𝗶𝗹𝗲𝗿𝘀 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗶𝗼𝗻 (𝗠𝗠𝗥𝗔) မှ ကြီးမှူးကျင်းပသည့် 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 𝗦𝗲𝗺𝗶𝗻𝗮𝗿 တွင် 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) မှ 𝗦𝗶𝗹𝘃𝗲𝗿 𝗦𝗽𝗼𝗻𝘀𝗼𝗿 အဖြစ် ဂုဏ်ယူစွာ ပါဝင်အားဖြည့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများအား 𝗙𝗣𝗕 ၏ 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗖𝗵𝗮𝗻𝗻𝗲𝗹 များနှင့် ချိတ်ဆက်ပေးခဲ့ပြီး၊ ဘဏ်မှ ဝန်ဆောင်မှုပေးလျက်ရှိသော 𝗟𝗼𝗮𝗻 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 များနှင့် 𝗗𝗲𝗽𝗼𝘀𝗶𝘁 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 များအကြောင်းကိုလည်း အသေးစိတ် ရှင်းလင်းမိတ်ဆက်ပေးခဲ့ပါသည်။
(၁၉.၂.၂၀၂၆) နေ့က ပထမပုဂ္ဂလိကဘဏ်နှင့် မြန်မာ့စီးပွားစီမံအမှုဆောင်များအသင်း (𝗠𝗕𝗘) တို့အကြား နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်သွားနိုင်ရန် အတွက် နားလည်မှု စာချွန်လွှာ (𝗠𝗢𝗨) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ပထမပုဂ္ဂလိကဘဏ် ရုံးချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပထမပုဂ္ဂလိကဘဏ်၏ အမှုဆောင်ဒါရိုက်တာ ဒေါ်လှလှဝင်း၊ ဒါရိုက်တာ ဦးထွန်းဝင်းနိုင်၊ သီးခြားလွတ်လပ်သော ဒါရိုက်တာ ဦးသက်ဆွေ၊ အမှုဆောင်အရာရှိချုပ် ဦးသူရ၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချိုနှင့် 𝗠𝗕𝗘 အသင်းမှ ဥက္ကဌ ဦးမင်းဦး ဦးဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပထမပုဂ္ဂလိကဘဏ်၏ အမှုဆောင်ဒါရိုက်တာ ဒေါ်လှလှဝင်းနှင့် 𝗠𝗕𝗘 အသင်း ဥက္ကဌ ဦးမင်းဦးတို့မှ အမှာစကားပြောကြားခဲ့ကြပြီး၊ ပထမပုဂ္ဂလိကဘဏ်ကိုယ်စား အမှုဆောင်အရာရှိချုပ် ဦးသူရနှင့် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချိုတို့ကလည်းကောင်း၊ 𝗠𝗕𝗘 အသင်းကိုယ်စား ဥက္ကဌဦးမင်းဦးနှင့် အထွေထွေအတွင်းရေးမှူး ဦးသိန်းဦးတို့ကလည်းကောင်း နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ပထမပုဂ္ဂလိကဘဏ်မှ သီးခြားလွတ်လပ်သောဒါရိုက်တာ ဦးသက်ဆွေနှင့် 𝗠𝗕𝗘 အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးသိန်းဦးတို့မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြပြီး နားလည်မှု စာချွန်လွှာ (𝗠𝗢𝗨) လက်မှတ်ရေးထိုးခြင်းအခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ် ပါသည်။
(𝟮.𝟭.𝟮𝟬𝟮𝟲) နေ့က 𝗪𝗲𝗯-𝗕𝗮𝘀𝗲𝗱 𝗢𝗻𝗹𝗶𝗻𝗲 𝗥𝗲𝗽𝗼𝗿𝘁𝗶𝗻𝗴 𝗦𝘆𝘀𝘁𝗲𝗺 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 အား ပထမပုဂ္ဂလိကဘဏ် သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
စနစ်အသုံးပြုပုံအား ဒုတိယအမှုဆောင်အရာရှိချုပ်၊ 𝗖𝗼𝗺𝗽𝗹𝗶𝗮𝗻𝗰𝗲 ဌာနတာဝန်ခံနှင့် 𝗜𝗧 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗠𝗮𝗻𝗮𝗴𝗲𝗿 တို့မှ ရှင်းလင်းပို့ချခဲ့ပြီး ရန်ကုန်ဘဏ်ခွဲတာဝန်ခံနှင့် တာဝန်ကျဝန်ထမ်းများက ကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး နယ်ဘဏ်ခွဲတာဝန်ခံများနှင့် တာဝန်ကျဝန်ထမ်းများက 𝗭𝗼𝗼𝗺 ဖြင့် တက်ရောက်ခဲ့ကြပါသည်။
(𝟯𝟬.𝟭𝟮.𝟮𝟬𝟮𝟱) နေ့က ဝန်ထမ်းများ၏ စိတ်ဓာတ်ပိုမိုမြင့်မားလာစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပထမပုဂ္ဂလိကဘဏ်၏ 𝗦𝘁𝗮𝗳𝗳 𝗣𝗮𝗿𝘁𝘆 ကို 𝗠𝟯 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁, 𝗬𝗮𝗻𝗴𝗼𝗻 ၌ ပြုလုပ်ခဲ့ပါသည်။
𝗦𝘁𝗮𝗳𝗳 𝗣𝗮𝗿𝘁𝘆 တွင် အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ်တို့မှ အမှာစကား ပြောကြားခဲ့ပြီး ဝန်ထမ်းများမှ အပြန်အလှန် လက်ဆောင်များ လဲလှယ်ခဲ့ကြပါသည်။
𝗦𝘁𝗮𝗳𝗳 𝗣𝗮𝗿𝘁𝘆 သို့ ဘဏ်၏ ဒါရိုက်တာ၊ သီးခြားလွတ်လပ်သောဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ်၊ ဒုတိယ အမှုဆောင်အရာရှိချုပ်၊ ဘဏ္ဍာရေး အရာရှိချုပ်၊ ဘဏ်ရုံးချုပ်ဌာနတာဝန်ခံများ၊ ဘဏ်ခွဲတာဝန်ခံများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
(𝟮𝟯.𝟭𝟮.𝟮𝟬𝟮𝟱) နေ့ ညနေတွင် မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (𝗨𝗠𝗕𝗘𝗘𝗔) ၏ 𝗠𝗲𝗺𝗯𝗲𝗿𝘀’ 𝗡𝗲𝘄 𝗬𝗲𝗮𝗿 𝗣𝗮𝗿𝘁𝘆 ကို “𝗧𝗵𝗲 𝗪𝗵𝗶𝘁𝗲 𝗖𝗼𝘁𝘁𝗮𝗴𝗲 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁” ၌ ပြုလုပ်ခဲ့ရာ 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) မှ 𝗣𝗹𝗮𝘁𝗶𝗻𝘂𝗺 𝗦𝗽𝗼𝗻𝘀𝗼𝗿 အဖြစ် ပါဝင်ခဲ့ပါသည်။
𝗡𝗲𝘄 𝗬𝗲𝗮𝗿 𝗣𝗮𝗿𝘁𝘆 တွင် 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 ၏ “အမှုဆောင်အရာရှိချုပ်မှ ဘဏ်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းဝန်ဆောင်မှုများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များနှင့် ဘဏ်၏ချေးငွေများအကြောင်း မေးမြန်းခဲ့ရာ 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 ၏ ဒုတိယအမှုဆောင်အရာရှိချုပ်မှ အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။
(21.12.2025) နေ့တွင် ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ ပထမပုဂ္ဂလိကဘဏ်လီမိတက် ဘဏ်ဥက္ကဌနှင့် အမှုဆောင်ဒါရိုက်တာများ၊ ဒါရိုက်တာ အဖွဲ့ဝင်များ၊ အစုရှယ်ယာရှင်ကြီးများ၊ အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ်နှင့် အရာရှိချုပ်များ၊ ဘဏ်ရုံးချုပ်ရှိဌာနတာဝန်ခံများနှင့် ရန်ကုန်ဘဏ်ခွဲများရှိ ဘဏ်ခွဲတာဝန်ခံများက ကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး၊ နယ်မြို့များရှိအစုရှယ်ယာရှင်များ၊ ဘဏ်ကြီးကြပ်ကော်မတီဝင်များနှင့် နယ်ဘဏ်ခွဲတာဝန်ခံများမှ Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။
(17.12.2025),(18.12.2025) နေ့များက ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) ၌ (၂၅) နှစ်မြောက်ငွေရတုအထိန်းအမှတ်ပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ ပထမပုဂ္ဂလိကဘဏ်မှလည်း Diamond Partner အဖြစ် ပါဝင်ခဲ့ပါသည်။ (၂၅) နှစ်မြောက်ငွေရတုအထိန်းအမှတ်ပွဲတွင် ပထမပုဂ္ဂလိကဘဏ် Internship Program 2025 နှင့်ပက်သက်၍ စီးပွားရေးတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများအား HR Department မှ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး စိတ်ပါဝင်စားသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
(၁၃.၁၂.၂၀၂၅) နေ့ (၁၁း၀၀) နာရီအချိန်တွင် ပထမပုဂ္ဂလိကဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ်နှင့် အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း (𝗨𝗠𝗕𝗘𝗘𝗔) ဒုတိယဥက္ကဌ နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ 𝗨𝗠𝗙𝗖𝗖𝗜 , (𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗿𝗯𝗶𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲) တွင် တွေ့ဆုံခဲ့ကြပါသည်။
နှစ်ဖက်အပြန်အလှန် မိတ်ဆက်ကြပြီးနောက် ပထမပုဂ္ဂလိကဘဏ်၏ သမိုင်းအကျဉ်းနှင့် ဘဏ်၏ဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဒုတိယအမှုဆောင်အရာရှိချုပ်မှ ရှင်းလင်းပြောကြားခဲ့ရာ 𝗨𝗠𝗕𝗘𝗘𝗔 ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များက ဘဏ်ချေးငွေကိစ္စရပ်များနှင့် အခြားသိရှိလိုသည်များအား မေးမြန်းခဲ့ကြပြီး တွေ့ဆုံပွဲအား မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။