(၁) ပထမပုဂ္ဂလိကဘဏ်လီမိတက် First Private Bank (FPB) ဘဏ်သည် ၄င်းတို့၏ (၃၇) ခုမြောက် ဘဏ်ခွဲဖြစ်သော လှိုင်ဘဏ်ခွဲကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီး၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၉)၊ မြေညီထပ်နှင့်ပထမထပ် တွင် ၃.၈.၂၀၂၃ ရက်နေ့နှင့် (၃၈)ခုမြောက် စမ်းချောင်းဘဏ်ခွဲကို ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ စမ်းချောင်းမြောက်ရပ်ကွက် အမှတ်(၁၂၂)၊ အခန်း အမှတ်(B-1) မြေညီထပ်တွင် (၃.၈.၂၀၂၃)ရက်နေ့တွင် တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများစတင်၍ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၂) ယခုအသစ်ထပ်မံဖွင့်လှစ်လိုက်သော လှိုင်ဘဏ်ခွဲနှင့် စမ်းချောင်းဘဏ်ခွဲသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ (၇)ခုမြောက်ဘဏ်ခွဲနှင့် (၈)ခုမြောက်ဘဏ်ခွဲများဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းနှင့် လုပ်ကိုင်ခွင့် အကောင်းဆုံးဒေသကြီးဖြစ်သော ကုန်သည်စီးပွားရေး လုပ်ငန်းရှင်များနှင့်တကွ တိုင်းအတွင်းနေထိုင်ကြသော ပြည်သူ/ပြည်သားများ အားလုံးအတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို တိုးတက်ပြောင်းလဲလာသော နည်းပညာများဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျှက်ရှိသည့်အပြင် အများပြည်သူယုံကြည်စိတ်ချရသည့် ဘဏ်တစ်ခုအဖြစ် ခိုင်မာစွာရပ်တည်၍စီးပွားရေးလုပ်ငန်းများ၏ ငွေရေးကြေးရေးလိုအပ်ချက်များကို ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြီး ဘဏ်ခွဲအသစ်များကိုတိုးချဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

(၃) ထို့အပြင် ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် ဆက်လက်ပြီး အများပြည်သူများအတွက် အကောင်းဆုံး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပေးအပ်သွားနိုင်ရန်ရည်ရွယ်ပြီး ဘဏ်ခွဲအသစ်‌များကို ထပ်မံဖွင့်လှစ်သွားနိုင်ရန် အစီအမံများချမှတ် ဆောင်ရွက်လျှက်ရှိပါသည်။ ၁၉၉၁ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ပထမပုဂ္ဂလိကဘဏ် လီမိတက်သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနယ်ပယ်တွင် ပထမဦးဆုံးသော ပုဂ္ဂလိကဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိခဲ့သည့် ဘဏ်လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နှစ်ပေါင်း (၃၂) ခန့်တိုင်အောင် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီး မိဘပြည်သူများ၏ “ ယုံကြည်အပ်နှံ၊ပထမပုဂ္ဂလိကဘဏ်” ဆိုသည့် ဆောင်ပုဒ်အတိုင်း မိဘပြည်သူများ၏ ယ့ုကြည်စိတ်ချရမှုကို အပြည့်အဝ အခိုင်အမာရရှိထားသည့် ဘဏ်တစ်ခုဖြစ်ပါသည်။

(၄) ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် မြန်မာနိုင်ငံဒေသအတွင်းရှိ ဘဏ်လုပ်ငန်းနှင့်စီးပွားရေး အတွေ့အကြုံပြည့်စုံကြွယ်ဝလှသည့် ဒါရိုက်တာအဖွဲ့၊အကြံပေးများနှင့် အကြီးတန်းစီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်လမ်းညွှန်ကွပ်ကဲမှုနှင့်အတူ တိုင်းဒေသကြီးများနှင့် ပြည်နယ်အနှံအပြားတွင် ဘဏ်ခွဲပေါင်း ၃၈ ဘဏ်နှင့် ဝန်ထမ်းအင်အား ၆၅၀ ခန့်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုများဖြင့်ကြိုးစားလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပါသည်။