ဒီဇင်ဘာ ( ၁၃,၁၄ )ရက် များတွင် နှစ်ရက်တိုင်ကျင်းပခဲ့သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ နှစ်(၆၀)ပြည့်အခမ်းအနား နှင့် မြတ်ဆရာပူဇော်ပွဲအခမ်းအနားတွင် Gold Partner အဖြစ် FPB မှ ပျော်ရွှင်စွာပါ၀င်ဆောင်ရွက်ခဲ့သည့် ပုံရိပ်များကို မျှဝေလိုက်ပါသည်။
FPB Product အကြောင်း စိတ်ပါ၀င်စားစွာလာရောက်ကြည့်ရှု မေးမြန်းသူများ၊ FPB Deposit A/C နှင့် Digital Banking A/C ဖွင့်လှစ်ပေးသူ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများ၊ Digital channel Link Share ပေးသူများအားလုံးကို First Private Bank မှ ကျေးဇူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
အခမ်းအနားပွဲကြီးမှာ FPB Digital channel များကို subscribe ပြုလုပ်ပေးပြီး FPB m_Banking ဖွင့်လှစ်ခဲ့ကြသော customer များအားလုံး (၂၆.၁၂.၂၀၂၄) ရက်နေ့မှစ၍ FPB နီးစပ်ရာဘဏ်ခွဲများ တွင် စုငွေစာအုပ်များ လာရောက် ထုတ်ယူနိုင်ပါသည်။
ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ General Banking Course (Middle Management Level) သင်တန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ အရာထမ်း၊ ဝန်ထမ်း (၁၉၁) ဦး တက်ရောက်ကြပါသည်။ သင်တန်းကို အပတ်စဉ် စနေနေ့တိုင်း သင်ကြားသွားမည် ဖြစ်ပြီး သင်တန်းကာလမှာ (၂)လ ဖြစ်ပါသည်။


ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၁၀.၈.၂၀၂၄) ရက်နေ့တွင် သိမ်ကြီးဈေးသင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အသိပညာပေးဟောပြောပွဲကို အနန္တစေတနာဖောင်ဒေးရှင်းမှ ဒေါက်တာဝင်းမင်းထွန်းက ဟောပြောပို့ချခဲ့ပြီး ဒုတိယအမှုဆောင်အရာရှိချုပ် နှင့် အရာရှိချုပ်များ၊ ဌာနတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲတာဝန်ခံများမှ ကိုယ်တိုင်တက်ရောက်ကြပြီး နယ်ဘဏ်ခွဲတာဝန်ခံများမှ Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။







ပထမပုဂ္ဂလိကဘဏ်သည် (5- 7-2024) နေ့တွင် မြစ်ကြီးနားဘဏ်ခွဲမှ ရေဘေးသင့်ဝန်ထမ်းများကို ကူငွေ ကျပ် (၁၂၀) သိန်း ပေးအပ်ခဲ့ပြီး ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာအဖွဲ့မှလည်း မြစ်ကြီးနားဘဏ်ခွဲမှရေဘေးသင့်ဝန်ထမ်းများကို စာနာမှုကူငွေ ကျပ် (၇၂) သိန်း ပေးအပ်ခဲ့ပါသည်။
ထို့ပြင် ပထမပုဂ္ဂလိကဘဏ်သည် မြစ်ကြီးနားမြို့ ရေဘေးသင့်ပြည်သူများကို အကူအညီအထောက်အပံ့ဖြစ်စေရန် ကူညီကယ်ဆယ်ဆောင်ရွက်ပေးနေကြသည့် ပရဟိတနှင့် လူမှုကူညီရေးအသင်းအဖွဲ့ (၅) ဖွဲ့သို့လည်း တစ်ဖွဲ့လျှင် ကျပ် (၁၀) သိန်းနှုန်းဖြင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။





ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ AML/CFT Awareness ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၂၉.၆.၂၀၂၄) ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း (YSX) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အသိပညာပေးဟောပြောပွဲကို ရဲမှူးကြီးမြင့်စိုး (ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့) မှ ဟောပြောပို့ချခဲ့ပြီး ပထမပုဂ္ဂလိကဘဏ်လီမိတက် ဘဏ်ဥက္ကဌကြီးနှင့်တကွ အမှုဆောင်ဒါရိုက်တာများ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ် နှင့် သက်ဆိုင်ရာ အရာရှိချုပ်များ၊ ဌာနတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲတာဝန်ခံများကိုယ်တိုင် တက်ရောက်ကြပြီး နယ်ဘဏ်ခွဲတာဝန်ခံများ နှင့် ဝန်ထမ်းများမှ Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။





ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ General Banking Course (Grade-3 Teller) သင်တန်းကို ၂၀၂၄-ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ၌ ဘဏ်၏ အမှုဆောင်ဒါရိုက်တာ ဒေါ်လှလှဝင်းနှင့် အမှုဆောင်အရာရှိချုပ် ဦးသူရ တို့မှ အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းကို အပတ်စဉ် စနေနေ့တိုင်းတွင် သင်ကြားရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)လ ကြာမြင့်မည်ဖြစ်ပါသည်။







ပထမပုဂ္ဂလိကဘဏ်လီမိတက်မှ လုပ်ငန်းရှင်များအား “ဘဏ်၏၀န်ဆောင်မှုများအကြောင်း ရှင်းလင်းဆွေးနွေးပွဲ” ကို (၇.၆.၂၀၂၄) နေ့တွင် ရန်ကုန်စတေ့ာအိတ်ချိန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော လုပ်ငန်းရှင်ကြီးများအားလုံးကို ပထမပုဂ္ဂလိကဘဏ်မှ ကျေးဇူးတင်ရှိပါသည်။








(၃-၆-၂၀၂၄) ရက်နေ့မှ စတင်၍ ပထမပုဂ္ဂလိကဘဏ် မြောက်ဒဂုံဘဏ်ခွဲအသစ်တွင် ဘဏ်ဝန်ဆောင်မှုများအားလုံး ရယူနိုင်ပြီဖြစ်ကြောင်း Customer များအားသတင်းကောင်းပါးအပ်လိုက်ရပါသည်။








ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ Business Partnership Dinner အား ဥက္ကဌနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ၊ အစုရှယ်ယာရှင်ကြီးများ၊ နယ်ဘဏ်ခွဲများ၏ ဘဏ်ခွဲကြီးကြပ်ရေးကော်မတီများ၊ အကြီးတန်းအရာထမ်းများနှင့် (၂၇.၄.၂၀၂၄)ရက် စနေနေ့တွင် ရန်ကုန်မြို့ Lotte Hotel ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
Business Partnership Dinner တွင် ပထမပုဂ္ဂလိကဘဏ်လီမိတက် ဥက္ကဌ ဦးကျော်တင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အမှုဆောင်အရာရှိချုပ် ဦးသူရမှ ဘဏ်၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များကို ညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။













