ပထမပုဂ္ဂလိကဘဏ်၏ Products များ ရှင်းလင်းမိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်စတော့အိတ်ချိန်း (YSX) ခန်းမ၌ (၁၃.၆.၂၀၂၆) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အမှုဆောင်ဒါရိုက်တာ ဦးသိန်းလွင်၊ ဒါရိုက်တာ ဦးထွန်းဝင်းနိုင်၊ သီးခြားလွတ်လပ်သော ဒါရိုက်တာ ဦးသက်ဆွေ၊ သီးခြားလွတ်လပ်သော ဒါရိုက်တာ ဒေါက်တာ လဲ့လဲ့ဝင်း၊ အမှုဆောင် အရာရှိချုပ် ဦးသူရ၊ ဒုတိယအမှုဆောင် အရာရှိချုပ် ဦးမျိုးမင်းချို၊ ဘဏ်ရုံးချုပ်နှင့် ရန်ကုန်ဘဏ်ခွဲများမှ ဘဏ်ခွဲတာဝန်ခံများ၊ ဖိတ်ကြားထားသော လုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အမှုဆောင်ဒါရိုက်တာ ဦးသိန်းလွင်မှ ပထမပုဂ္ဂလိကဘဏ်၏ အကြောင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယ အမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချိုမှ ပထမပုဂ္ဂလိကဘဏ်၏ Products များနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ကြပါသည်။
တက်ရောက်လာကြသည့် လုပ်ငန်းရှင်ကြီးများမှ လည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အမှုဆောင်ဒါရိုက်တာနှင့် ဒုတိယ အမှုဆောင်အရာရှိချုပ်တို့မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။
(၆-၆-၂၀၂၆) နေ့တွင် ပြည်မြို့၊ ထျန့်ဟိုကုန်းခန်းမတွင် ကျင်းပခဲ့သည့် ပြည်မြို့ ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်း၏ “နှစ်ပတ်လည်အသင်းသားစုံညီဂုဏ်ပြုညစာစားပွဲ” တွင် ပထမပုဂ္ဂလိကဘဏ်မှ Main Sponsor အဖြစ်ပါဝင်ခွင့်ရရရှိခဲ့သည့်အတွက် အထူးဝမ်းမြောက်ရပါသည်။
အခမ်းအနားတွင် အမှုဆောင်အရာရှိချုပ်မှ ပထမပုဂ္ဂလိကဘဏ်၏ အပ်ငွေ၊ ချေးငွေ Products များအား တက်ရောက်လာသူများအား မိတ်ဆက် ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက် ပြည်မြို့ ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပထမပုဂ္ဂလိကဘဏ်တို့အကြား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
(𝟮𝟵.𝟱.𝟮𝟬𝟮𝟲) ရက်နေ့မှ (𝟯𝟭.𝟱.𝟮𝟬𝟮𝟲) ရက်နေ့ထိ 𝗬𝗮𝗻𝗴𝗼𝗻 𝗖𝗼𝗻𝘃𝗲𝗻𝘁𝗶𝗼𝗻 𝗖𝗲𝗻𝘁𝗿𝗲 (𝗬𝗖𝗖) တွင် 𝗶𝗠𝘆𝗮𝗻𝗺𝗮𝗿𝗛𝗼𝘂𝘀𝗲 နှင့် 𝗖𝗔𝗥𝗦𝗗𝗕 တို့မှ ကျင်းပပြုလုပ်ခဲ့သည့် 𝟮𝟬𝘁𝗵 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗕𝗶𝗴𝗴𝗲𝘀𝘁 𝗣𝗿𝗼𝗽𝗲𝗿𝘁𝘆 & 𝗖𝗮𝗿 𝗘𝘅𝗽𝗼 တွင် ပထမပုဂ္ဂလိကဘဏ်မှ 𝗢𝘁𝗵𝗲𝗿 𝗦𝗽𝗼𝗻𝘀𝗼𝗿 အဖြစ် ပါဝင်ခဲ့ပြီး 𝗦𝗮𝗹𝗲𝘀 & 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗧𝗲𝗮𝗺 နှင့် 𝗖𝗿𝗲𝗱𝗶𝘁 𝗧𝗲𝗮𝗺 တို့မှ 𝗘𝘅𝗽𝗼 သို့ လာရောက်သူများအား 𝗔𝘂𝘁𝗼 𝗟𝗼𝗮𝗻, 𝗛𝗼𝗺𝗲 𝗟𝗼𝗮𝗻 များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
(𝟭𝟲.𝟱.𝟮𝟬𝟮𝟲) နေ့က ပထမပုဂ္ဂလိကဘဏ် သင်တန်းခန်းမ၌ 𝗥𝗶𝘀𝗸 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 နှင့် ပတ်သက်၍ သိထားသင့်သည်များ၊ လိုက်နာ-ကျင့်သုံး-ဆောင်ရွက်သွားရမည်များနှင့် ပတ်သက်သော သင်တန်းကို ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းကို ဒုတိယအမှုဆောင်အရာရှိချုပ်မှ သင်ကြားပို့ချခဲ့ပြီး ဘဏ်ရုံးချုပ်မှ ဌာနတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲများရှိ ဘဏ်ခွဲတာဝန်ခံများ၊ ဒုတိယတာဝန်ခံများမှ လူကိုယ်တိုင်နှင့် နယ်ဘဏ်ခွဲများရှိ ဘဏ်ခွဲတာဝန်ခံများနှင့် ဒုတိယတာဝန်ခံများမှ 𝗭𝗼𝗼𝗺 ဖြင့် တက်ရောက်ခဲ့ကြပါသည်။
(၉.၅.၂၀၂၆) ရက်နေ့တွင် 𝗙𝗣𝗕 𝗕𝗮𝗻𝗸 ဝန်ထမ်းများအား အာမခံနှင့်ပက်သက်၍ ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် 𝗔 𝗟𝗶𝗳𝗲 နှင့် 𝗔 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 ရုံးချုပ်တွင် 𝗟𝗶𝗳𝗲 & 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 𝗥𝗲𝗳𝗿𝗲𝘀𝗵𝗲𝗿 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 သင်တန်းကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်း၌ 𝗔 𝗟𝗶𝗳𝗲 နှင့် 𝗔 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 ၏ 𝗖𝗵𝗮𝗶𝗿𝗺𝗮𝗻 ဒေါက်တာ မောင်မောင်သိမ်းနှင့် သက်ဆိုင်ရာဌာနတာဝန်ခံများမှ အာမခံနှင့် ပတ်သက်သည့် သိထားသင့်သည့် အရေးကြီးသော အချက်အလက်များကို မျှဝေသင်ကြားပို့ချပေးခဲ့ကြပါသည်။
Forum ဒုတိယနေ့၊ ညနေပိုင်းတွင် ဘဏ်၏ အဓိကအစုရှယ်ယာရှင်ကြီးများအား ဖိတ်ကြား၍ အမှုဆောင်ဒါရိုက်တာဦးသိန်းလွင်မှ ပထမပုဂ္ဂလိကဘဏ်အနေဖြင့် လာမည့် (၁၀) နှစ်အတွင်း Mid-sized Bank အဖြစ်သို့ ရောက်ရှိလာစေရေး ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် ရှယ်ယာရှင်ကြီးများမှ အပြန်အလှန် ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ရှယ်ယာရှင်ကြီး များနှင့်တကွ တက်ရောက်လာသူများအားလုံးအား Networking Dinner ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ Sustainable Profitable Growth Forum 2026 ကို ရန်ကုန်မြို့ Chatrium Hotel Royal Lake တွင် မေလ ၁-၂ ရက်များတွင် အောင်မြင်စွာကျင်းပခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရုံးချုပ်ဌာနတာဝန်ခံများနှင့် ဘဏ်ခွဲတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ Forum Day-1 တွင် ဒါရိုက်တာများနှင့် စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ Sustainable Profitable Growth နှင့် ပတ်သက်၍ ဘဏ်ခွဲတာဝန်ခံများအား လိုက်နာဆောင်ရွက်ကြရမည့် အချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး Forum Day-2 တွင် ဒါရိုက်တာအဖွဲ့ဝင်များမှ ဦးဆောင်ပြီး ရုံးချုပ်ဌာန တာဝန်ခံများနှင့် ဘဏ်ခွဲတာဝန်ခံများ ပါဝင်သော အဖွဲ့ (၆) ဖွဲ့ခွဲပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရေရှည်တည်တံ့ခိုင်မြဲပြီး အမြတ်အစွန်းတိုးတက် ရရှိရေး ဆောင်ရွက်သွားမည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြပါသည်။ Day-2 နေ့လည်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် The Best Branch Performance Award ပထမဆု တောင်ကြီးဘဏ်ခွဲ၊ ဒုတိယဆု မြစ်ကြီးနားဘဏ်ခွဲ၊ တတိယဆု ဘုရင့်နောင်ဘဏ်ခွဲ တို့အား အမှုဆောင်ဒါရိုက်တာမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။





































(၂၆.၃.၂၀၂၆) နေ့က ပထမပုဂ္ဂလိကဘဏ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF)တို့အကြား နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွား နိုင်ရန်အတွက် နားလည်မှု စာချွန်လွှာ (𝗠𝗢𝗨) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို MCEF အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပထမပုဂ္ဂလိကဘဏ်၏ သီးခြားလွတ်လပ်သော ဒါရိုက်တာ နှင့် ဒါရိုက်တာအဖွဲ့ စီးပွားရေးမဟာဗျူဟာနှင့် လုပ်ငန်းတိုးတက်မှုဦးဆောင်ကော်မတီ ဥက္ကဌ ဦးသက်ဆွေ၊ ဒါရိုက်တာ ဦးထင်အောင်ကျော်ဦး၊ အမှုဆောင်အရာရှိချုပ် ဦးသူရ၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချိုနှင့် MCEF အသင်းမှ ဥက္ကဌ ဦးရှိန်ဝင်း ဦးဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပထမပုဂ္ဂလိကဘဏ်၏ သီးခြားလွတ်လပ်သော ဒါရိုက်တာ ဦးသက်ဆွေ နှင့် MCEF အသင်း ဥက္ကဌ ဦးရှိန်ဝင်းတို့မှ အသီးသီး အမှာစကားပြောကြားခဲ့ကြပြီး၊ ပထမပုဂ္ဂလိကဘဏ်ကိုယ်စား အမှုဆောင်အရာရှိချုပ် ဦးသူရနှင့် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချိုတို့ကလည်းကောင်း၊ MCEF အသင်းကိုယ်စား ဥက္ကဌ ဦးရှိန်ဝင်း နှင့် အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေး တို့ကလည်းကောင်း နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
(𝟭𝟰.𝟯.𝟮𝟬𝟮𝟲) နေ့က 𝗖𝗵𝗮𝘁𝗿𝗶𝘂𝗺 𝗛𝗼𝘁𝗲𝗹 ၌ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗥𝗲𝘁𝗮𝗶𝗹𝗲𝗿𝘀 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗶𝗼𝗻 (𝗠𝗠𝗥𝗔) မှ ကြီးမှူးကျင်းပသည့် 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 𝗦𝗲𝗺𝗶𝗻𝗮𝗿 တွင် 𝗙𝗶𝗿𝘀𝘁 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝗮𝗻𝗸 (𝗙𝗣𝗕) မှ 𝗦𝗶𝗹𝘃𝗲𝗿 𝗦𝗽𝗼𝗻𝘀𝗼𝗿 အဖြစ် ဂုဏ်ယူစွာ ပါဝင်အားဖြည့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများအား 𝗙𝗣𝗕 ၏ 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗖𝗵𝗮𝗻𝗻𝗲𝗹 များနှင့် ချိတ်ဆက်ပေးခဲ့ပြီး၊ ဘဏ်မှ ဝန်ဆောင်မှုပေးလျက်ရှိသော 𝗟𝗼𝗮𝗻 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 များနှင့် 𝗗𝗲𝗽𝗼𝘀𝗶𝘁 𝗣𝗿𝗼𝗱𝘂𝗰𝘁𝘀 များအကြောင်းကိုလည်း အသေးစိတ် ရှင်းလင်းမိတ်ဆက်ပေးခဲ့ပါသည်။
(၁၉.၂.၂၀၂၆) နေ့က ပထမပုဂ္ဂလိကဘဏ်နှင့် မြန်မာ့စီးပွားစီမံအမှုဆောင်များအသင်း (𝗠𝗕𝗘) တို့အကြား နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်သွားနိုင်ရန် အတွက် နားလည်မှု စာချွန်လွှာ (𝗠𝗢𝗨) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ပထမပုဂ္ဂလိကဘဏ် ရုံးချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပထမပုဂ္ဂလိကဘဏ်၏ အမှုဆောင်ဒါရိုက်တာ ဒေါ်လှလှဝင်း၊ ဒါရိုက်တာ ဦးထွန်းဝင်းနိုင်၊ သီးခြားလွတ်လပ်သော ဒါရိုက်တာ ဦးသက်ဆွေ၊ အမှုဆောင်အရာရှိချုပ် ဦးသူရ၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချိုနှင့် 𝗠𝗕𝗘 အသင်းမှ ဥက္ကဌ ဦးမင်းဦး ဦးဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပထမပုဂ္ဂလိကဘဏ်၏ အမှုဆောင်ဒါရိုက်တာ ဒေါ်လှလှဝင်းနှင့် 𝗠𝗕𝗘 အသင်း ဥက္ကဌ ဦးမင်းဦးတို့မှ အမှာစကားပြောကြားခဲ့ကြပြီး၊ ပထမပုဂ္ဂလိကဘဏ်ကိုယ်စား အမှုဆောင်အရာရှိချုပ် ဦးသူရနှင့် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းချိုတို့ကလည်းကောင်း၊ 𝗠𝗕𝗘 အသင်းကိုယ်စား ဥက္ကဌဦးမင်းဦးနှင့် အထွေထွေအတွင်းရေးမှူး ဦးသိန်းဦးတို့ကလည်းကောင်း နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ပထမပုဂ္ဂလိကဘဏ်မှ သီးခြားလွတ်လပ်သောဒါရိုက်တာ ဦးသက်ဆွေနှင့် 𝗠𝗕𝗘 အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးသိန်းဦးတို့မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြပြီး နားလည်မှု စာချွန်လွှာ (𝗠𝗢𝗨) လက်မှတ်ရေးထိုးခြင်းအခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ် ပါသည်။