ပထမပုဂ္ဂလိကဘဏ်၏ စာရင်းပိုထုတ် (OVERDRAFT) ချေးငွေဆိုတာဘာလဲ?

  • စာရင်းပိုထုတ် (Overdraft) ချေးငွေဆိုသည်မှာ လုပ်ငန်းများအတွက် လိုအပ်လျှက်ရှိသော လုပ်ငန်းလည်ပတ်မှုငွေကြေး လိုအပ်ချက်များအတွက် ချေးငွေရယူနိုင်သော ချေးငွေအမျိုးအစား ဖြစ်ပါသည်။

အာမခံပစ္စည်းအမျိုးအစား

  • မရွှေ့မပြောင်းနိုင်သောပစ္စည်း (မြေနှင့်အဆောက်အဦး) ကို အာမခံထား၍ ချေးယူနိုင်ပါသည်။

အတိုးနှုန်း

(၁) အတိုးနှုန်း (၁)နှစ် ၁၀%
(၂) အတိုးပေးဆပ်နည်း ထုတ်ယူသုံးစွဲသည့်ငွေပေါ်တွင် ရက်အလိုက်အတိုးတွက်ချက် ကောက်ခံမည်ဖြစ်ပြီး လစဉ်လကုန်ရက်တွင် အတိုးပေးသွင်းရမည်ဖြစ်ပါသည်။
(၃) အရင်းပေးဆပ်နည်း သက်တမ်း(၁)နှစ်စေ့လျှင် ပြန်လည်ပေးဆပ်ရပါမည်။

ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ

  • ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ ၊ သန်းခေါင်စာရင်းမိတ္တူ ၊ Passport ဓာတ်ပုံ
  • သက်တမ်းတိုးပြီး လုပ်ငန်းလိုင်စင်/မှတ်ပုံတင်မိတ္တူ
  • သုံးနှစ်စာ အရှုံး/အမြတ်ရှင်းတမ်း
  • သုံးနှစ်စာ အမြတ်ခွန်
  • လုပ်ငန်းဓာတ်ပုံများ
  • ပိုင်ဆိုင်မှုကွင်းဆက်စာချုပ်များ(ဂရန်၊ဘိုးဘွားပိုင်)မူရင်း/မိတ္တူ
  • “ဘဏ်ငွေချေးရန်”အကြောင်းအရာဖြင့် ငွေချေးသူအမည်ပေါက် မြေပုံ၊ မြေရာဇဝင် အဆောက်အဦအား ကိုယ်တိုင်ဆောက်လုပ်ခဲ့ပါက ဆောက်လုပ်ခွင့်/နေထိုင်ခွင့် လက်မှတ်မူရင်းအဆောက်အဦဓာတ်ပုံများ
  • ပေါင်နှံရောင်းချပေးကမ်းထားခြင်းမရှိကြောင်း တရားရုံးကျမ်းကျိန်လွှာ

ချေးငွေလျှောက်ထားခြင်းလုပ်ငန်းစဉ်

  • စာရင်းပိုထုတ် (Overdraft) ချေးငွေအား နီးစပ်ရာပထမပုဂ္ဂလိကဘဏ် ဘဏ်ခွဲများသို့သွားရောက်ပြီး လိုအပ်သည့်စာရွက်စာတမ်းများ အစရှိသည်တို့အား အသေးစိတ်ဆွေးနွေးကာ ချေးငွေပုံစံတွင် ဖြည့်စွက်၍ ကနဦး လျှောက်ထားရန် ဖြစ်ပါသည်။
  • လျှောက်ထားသည့် အချက်အလက်များအား ဘဏ်၏ တာဝန်ရှိသူများမှ စစ်ဆေးပြီး ပိုင်ဆိုင်မှုအထောက်အထားများနှင့် အာမခံပေးထားသောမြေနှင့်အဆောက်အဦအား ရာဖြတ်တန်ဘိုး သတ်မှတ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပါသည်။
  • လျှောက်ထားသော စာရွက်စာတမ်းပြည့်စုံပြီး စည်းမျည်းစည်းကမ်းများကိုက်ညီပါက ရက်သတ္တပတ် (၂) ပတ် အတွင်း ချေးငွေခွင့်ပြုချက်ရရှိနိုင်မည် ဖြစ်ပါသည်။
  • ချေးငွေခွင့်ပြုချက်ရရှိပါက ဘဏ်တွင်ချေးငွေစာချူပ်စာတမ်းများအား လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။