ကျွန်ုပ်တို့၏ မျှော်မှန်းချက်/ရည်မှန်းချက်

  • မျှော်မှန်းချက်
  • ရည်မှန်းချက်
  • တန်ဖိုးထားမှု

ကျွန်ုပ်တို့၏မျှော်မှန်းချက်

  • ဘဏ်သုံးစွဲသူ Customer များ၏ ယုံကြည်မှုခိုင်မာလာစေရန်နှင့် ဘဏ်နှင့်သက်ဆိုင်သူများ၏ အကျိုး စီးပွားအတွက် ကောင်းမွန်သောကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ်ကို တည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ထိပ်တန်းဘဏ်တစ်ခုဖြစ်လာစေရန်

ကျွန်ုပ်တို့၏ရည်မှန်းချက်

  • ဘဏ်သုံးစွဲသူ Customer များအတွက် ကောင်းမွန်သောဝန်ဆောင်မှုများ၊ ဆန်းသစ်သောဘဏ်၏ Product များကို ဆောင်ရွက်ပေးခြင်းဖြင့်ကျွန်ုပ်တို့၏ ဘဏ်သုံးစွဲသူ Customer များနှင့် ခိုင်မာသော ဆက်ဆံရေးကိုတည်ဆောက်ထားရှိရန်။
  • ပထမပုဂ္ဂလိကဘဏ်သည် မြင့်မားသော ဘဏ်လုပ်ငန်းကျွမ်းကျင်မှု၊ ဒစ်ဂျစ်တယ်နည်းပညာများဖြင့် ဘဏ်နှင့်သက်ဆိုင်သူများ၏ ငွေကြေးလုံခြုံမှုနှင့် အကျိုးကျေးဇူးများကို အာရုံစိုက်ကာ ဆောင်ရွက် ပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရဆုံးသော ဘဏ်တစ်ခုဖြစ်လာစေရန်။

ကျွန်ုပ်တို့၏ တန်ဖိုးထားမှု

1. အဖွဲ့တစ်ဖွဲ့အဖြစ် လုပ်ကိုင်သည်
ကျွန်ုပ်တို့သည် အချင်းချင်း စာနာနားလည်မှုရှိသော ဆက်သွယ်မှုနှင့် စုပေါင်းဆုံးဖြတ်ချက်အပေါ် အခြေခံ ၍ ကျွန်ုပ်တို့ဘဏ်၏ဘုံ ရည်မှန်းချက်ပန်းတိုင်ကို ရရှိအောင်မြင်ရန် အဖွဲ့တစ်ဖွဲ့အနေဖြင့် တစ်သားတည်း ပူးပေါင်း ဆောင်ရွက်သွားကြပါမည်။
2. ရိုးသားမှုနှင့် ပွင့်လင်းမှု
ဘဏ်လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ဘဏ်နှင့် သက်ဆိုင်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ပွင့် လင်းမြင်သာမှုရှိစေရန်နှင့် ကျွန်ုပ်တို့၏ဘဏ်လုပ်ငန်းကို ဖြောင့်မတ်မှန်ကန်ရိုးသားစွာ၊ ကျင့်ဝတ် သိက္ခာရှိစွာဖြင့် ဆောင်ရွက်သွားပါမည်။
3. တာဝန်ခံမှု
ကျွန်ုပ်တို့သည် ဘဏ်လုပ်ငန်းများဆောင်ရွက်ရာတွင် ဖြစ်စဉ်များဖြစ်ပေါ်လာမှသာ တုံ့ပြန်ဆောင်ရွက် ခြင်းထက် အတူတကွ ကြိုတင်စဉ်စားစီစဉ်ဆောင်ရွက်ကြပြီးလျင် ဖြစ်ပေါ်လာသော ဖြေရှင်းရန်ကိစ္စများ အတွက် တာဝန်ခံမှုဖြင့် ပူးပေါင်းအဖြေရှာ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါသည်။
4. အသင်းအဖွဲ့ လူမှုရေးနှင့် တာဝန်ယူမှု
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့် ကျွန်ုပ်တို့ဘဏ်လုပ်ငန်းလုပ်ဆောင်နေသည့် ဒေသခံ အသိုက်အဝန်းများနှင့် လူ့အဖွဲ့အစည်းများ၏ ဘဝအရည်အသွေးအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် အပေါ် အာရုံစိုက်လုပ်ဆောင်သွားပါမည်။ ကျွန်ုပ်တို့၏ ဘဏ်နှင့်သက်ဆိုင်သူအားလုံးအတွက် ရေရှည် တည်တံ့ခိုင်မြဲသောအကျိုးခံစားခွင့်များကို ပေးစွမ်းနိုင်သည့်ကျင့်ဝတ်နှင့်အညီ ဘဏ်လုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်ကြပါမည်။