ပထမပုဂ္ဂလိကဘဏ်၏ (Solar Loan) ချေးငွေ ဆိုတာဘာလဲ?
- Solar Loan ဆိုသည်မှာ Inverter, Battery နှင့် Solar ပြားများကို Customer များအား အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်သော အငှားဝယ်စနစ် ချေးငွေအမျိုးအစားတစ်ခု ဖြစ်ပါသည်။
ဝန်ဆောင်မှု၏အားသာချက်
- ကနဦးတန်ဖိုး (၂၀%) ပေးချေရုံဖြင့် Inverter, Battery နှင့် Solar ပြားများ ရရှိနိုင်မည်ဖြစ်ပါသည်။
- ချေးငွေကာလမှာ အနည်းဆုံး(၁)နှစ်မှ အများဆုံး (၂)နှစ်ဖြစ်ပါသည်။
- လစဉ်ပုံသေအရစ်ကျစနစ်ဖြင့် ပေးချေနိုင်ပါသည်။
- Inverter, Battery တပ်ဆင်မည်ဆိုပါက အများဆုံး ကျပ်သိန်း (၁၀၀) နှင့် Solar ပြားများ တပ်ဆင်ပါက အများဆုံး ကျပ်သိန်း (၁၅၀) အထိ ချေးငွေရရှိနိုင်မည်ဖြစ်ပါသည်။
- FPB နှင့်ချိတ်ဆက်ထားသော Dealer များထံတွင် လူကြီးမင်းတို့ကြိုက်နှစ်သက်ရာပစ္စည်း အမျိုးအစားကို စိတ်ကြိုက်ဝယ်ယူနိုင်ပါသည်။
အတိုးနှုန်းနှင့်ဝန်ဆောင်ခများ
| (၁) အတိုးနှုန်း | ၁၃%(တစ်နှစ်လျှင်) (EMI Reducing Method) (၁) နှစ်နှင့်အောက် |
| ၁၄%(တစ်နှစ်လျှင်) (၁) နှစ်အထက် | |
| (၂) ဝန်ဆောင်ခ | ၁%(တစ်ကြိမ်သာ) (EMI Reducing Method) |
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
- ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
- ဝန်ထမ်းဖြစ်ကြောင်း အရာရှိထောက်ခံစာ(အမည်၊ရာထူး၊လုပ်ငန်းလုပ်သက်)(မူရင်း)
- ရပ်ကွက်ထောက်ခံစာ(မူရင်း)
- ဝန်ထမ်းကဒ်မိတ္တူ
- လစာ Pay slip(၃)လစာမူရင်း
- Bank Statement (၆)လစာ/Income Taxထမ်းဆောင်ထားသည့် အထောက်အထား
- ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
- ရပ်ကွက်ထောက်ခံစာ(မူရင်း)
- သက်တမ်းတိုးပြီး လုပ်ငန်းလိုင်စင်/မှတ်ပုံတင်
- သုံးနှစ်စာ အရှုံး/အမြတ်နှင့်လက်ကျန်ရှင်းတမ်း
- သုံးနှစ်စာ အမြတ်ခွန်
- လုပ်ငန်းဓာတ်ပုံများ
(Solar Loan) လျှောက်ထားခြင်းလုပ်ငန်းစဉ်
- Inverter, Battery နှင့် Solar ပြားများကို ဝယ်ယူလိုသော Customerသည် ပထမပုဂ္ဂလိကဘဏ်နှင့် ချိတ်ဆက်ထားသော ဆိုင်များသို့ သွားရောက်စုံစမ်းရပါမည်။
- ဝယ်ယူလိုသော Inverter, Battery နှင့် Solar ပြားများ၏ အမျိုးအစားကို ရွေးချယ်ပြီးလျှင် လိုအပ်သော စာရွက်စာတမ်းများယူ၍ ပထမပုဂ္ဂလိကဘဏ်သို့ လာရောက်ရပါမည်။
- လျှောက်ထားသော စာရွက်စာတမ်းပြည့်စုံပြီး စည်းမျဉ်းစည်းကမ်းများကိုက်ညီပါက လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်မည် ဖြစ်ပါသည်။
- ချေးငွေခွင့်ပြုချက်ရရှိလျှင် ချေးငွေစာချုပ်-ချုပ်ဆိုပြီး Current A/C စာရင်းဖွင့်၍ ကနဦး ပေးသွင်းငွေ များကိုထည့်သွင်းပေး ရပါမည်။