- ပင်မစာမျက်နှာ
- ကျွန်ုပ်တို့အကြောင်း
- ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများ
- ဦးသိန်းလွင်
ဦးသိန်းလွင်
အမှုဆောင်ဒါရိုက်တာ
ဦးသိန်းလွင်သည်နိုင်ငံတော်အဖွဲ့အစည်း၊ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများဖြစ်သည့်ဟိုတယ်လုပ်ငန်း၊ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်း၊ကုန်ပစ္စည်းဖြန့်ဖြူးရောင်းဝယ်ရေးလုပ်ငန်း၊ရေအားလျှပ်စစ်အကောင်အထည်ရေးလုပ်ငန်း၊ဆက်သွယ်ရေးလုပ်ငန်း၊ဘဏ်လုပ်ငန်း၊စာရင်းစစ်ဆေးခြင်းလုပ်ငန်းနှင့်ကွန်ပြူတာဆော့ဝဲများထုတ်လုပ်ခြင်းကဲ့သို့သောစီးပွားရေးလုပ်ငန်းပေါင်းစုံတွင်စီမံခန့်ခွဲမှုတာဝန်အဆင့်ဆင့်တွင်တာဝန်ထမ်းဆောင်ခဲ့ ပြီးစာရင်းကိုင်၊ ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေး၊ ဘဏ်လုပ်ငန်း၊စာရင်းစစ်၊ ကွန်ပြူတာအသုံးပြု စနစ်များ အကောင်အထည် ဖေါ်ခြင်းစသည့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ တွင်နှစ်ပေါင်း(၄၀) ကျော်အတွေ့အကြုံရှိသူဖြစ်ပါသည်။
ဦးသိန်းလွင်သည် B.Com ဘွဲ့ကို ၁၉၈၃ ခုနှစ်တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှရရှိခဲ့ပြီး၊ မြန်မာနိုင်ငံစာ ရင်းကောင် စီကပေးအပ်သော Certified Public Accountant (CPA) လက်မှတ်ကို 1986 တွင်ရရှိခဲ့ ပါသည်။ မြန်မာနိုင် ငံစာရင်းကောင်စီကထုတ်ပေးသည့် “Professional Accountant in Public Practice” လက်မှတ်ကိုင် ဆောင်ခွင့်ရှိ ထားသည့် Full-Fledged Certified Public Accountant လည်းဖြစ်ပါသည်။ Corporate Finance Institute (CFI) ကပေးအပ်သည့် Financial Modelling and Valuation Analyst (FMVA) Certificate ကိုလည်း ရရှိထားပါသည်။
ဦးသိန်းလွင်သည် ၎င်းကိုယ်တိုင်တည်ထောင်ခဲ့ပြီး Founder & CEO အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည့် Value Growth Consulting Ltd. အား ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင်ဆန္ဒအလျောက်ဖျက်သိမ်းခဲ့ ပြီးနောက် လက်ရှိတွင် Freelance Business Consultant အဖြစ်လုပ်ကိုင်လျက်ရှိပါသည်။ ၎င်းမတိုင် မီက မြန်မာနိုင်ငံ ၏ ထိပ်တန်းဘဏ်တစ်ခုဖြစ်သော United Amara Bank (ယခု uab bank) တွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၇) နှစ်ကျော်ကြာ ဘဏ္ဍာရေးအရာရှိချုပ် (CFO)၊ ဒုတိယအမှုဆောင်အရာရှိ ချုပ်နှင့်အမှုဆောင်အရာရှိချုပ်အစရှိသည့်အမှုဆောင်ရာထူးများကိုအဆင့်ဆင့်ထမ်းဆောင်ခဲ့ပါသည်။
ဦးသိန်းလွင်သည် စီးပွားရေးလုပ်းငန်းပေါင်းစုံ လုပ်ကိုင်သည့် Group of Companies တစ်ခုတွင်တွင် လည်း ၂၀၀၈ ခုနှစ် မှစ၍ Group Finance Director အဖြစ် (၇) ခန့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင်မြန်မာနိုင်ငံရှိ ကြယ်(၅)ပွင့်အဆင့်ရှိဟိုတယ်ကြီးတစ်ခုတွင် New World Management Ltd. (Hong Kong), Marriott International Ltd. (USA) and Dusit Thani Hotel Group (Thailand) စသည့်နိုင်ငံတကာဟိုတယ် လုပ်ငန်းစီမံခန့်ခွဲမှုကုမ္ပဏီများ၏စီမံခန့်ခွဲမှုအောက်တွင် Financial Controller အဖြစ် ၁၉၉၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ (၁၂) ခန့်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဦးသိန်းလွင်အနေဖြင့်ဆော့ဝဲထုတ်လုပ်သည့်ကုမ္ပဏီကြီးတစ်ခုတွင်လည်းတွင်ကွန်ပြူတာဆော့ဝဲများရေးသားသူအဖြစ်လည်းကောင်း၊ ကွန်ပြူတာဆော့ဝဲစနစ်ရေးသားရန်ဒီဇိုင်းနှင့်လိုအပ်ချက်များရေးဆွဲသူ အဖြစ်လည်းကောင်း၊ အဆိုပါဆော့ဝဲကုမ္ပဏီကဖွင့်လှစ်သော ကွန်ပြူတာအသုံးပြုစာရင်းကိုင်သင်တန်း တွင်သင်တန်းဆရာအဖြစ်လည်း ကောင်းစသည့်တာဝန်များကို ၁၉၉၄ ခုနှစ်မှစ၍ ၁၉၉၇ ခုနှစ်အထိ (၃) နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးသိန်းလွင်သည် ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံစာရင်းချုပ်ရုံးတွင် စာရင်းစစ်အဖြစ် လည်းကောင်း၊ ၁၉၉၄ မှ ၁၉၉၆ အထိအများနှင့်ဆိုင်သောစာရင်းစစ် ( Practicing Auditor) အဖြစ်လည်းကောင်း (၃) နှစ်ခန့်ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင်နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သောမြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းတွင် ဌာနခွဲမှုး/လက်ထောက်ဘဏ္ဍာ ရေးမှူးအဖြစ် ၁၉၈၇ မှ ၁၉၉၄ အထိ (၇)နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။