- ပင်မစာမျက်နှာ
- ကျွန်ုပ်တို့အကြောင်း
- ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများ
- ဦးသိန်းလွင်

ဦးသိန်းလွင်
အမှုဆောင်ဒါရိုက်တာ
ဦးသိန်းလွင်သည်နိုင်ငံတော်အဖွဲ့အစည်း၊ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများဖြစ်သည့်ဟိုတယ်လုပ်ငန်း၊ အဆောက် အဦးတည်ဆောက်ရေးလုပ်ငန်း၊ကုန်ပစ္စည်းဖြန့်ဖြူးရောင်းဝယ်ရေးလုပ်ငန်း၊ရေအားလျှပ်စစ်အကောင်အထည်ရေးလုပ်ငန်း၊ဆက်သွယ်ရေးလုပ်ငန်း၊ဘဏ်လုပ်ငန်း၊စာရင်းစစ်ဆေးခြင်းလုပ်ငန်းနှင့်ကွန်ပြူတာဆော့ဝဲများထုတ်လုပ်ခြင်းကဲ့သို့သောစီးပွားရေးလုပ်ငန်းပေါင်းစုံတွင်စီမံခန့်ခွဲမှုတာဝန်အဆင့်ဆင့်တွင်တာဝန်ထမ်းဆောင်ခဲ့ ပြီးစာရင်းကိုင်၊ ဘဏ္ဍာရေးနှင့်ငွေရေးကြေးရေး၊ ဘဏ်လုပ်ငန်း၊စာရင်းစစ်၊ ကွန်ပြူတာအသုံးပြု စနစ်များ အကောင်အထည် ဖေါ်ခြင်းစသည့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင်နှစ်ပေါင်း(၃၆) နှစ်ကျော်အတွေ့အကြုံ ရှိသူဖြစ်ပါ သည်။
ဦးသိန်းလွင်သည် B.Com ဘွဲ့ကို ၁၉၈၃ ခုနှစ်တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှရရှိခဲ့ပြီး၊ မြန်မာနိုင်ငံစာရင်း ကောင် စီကပေးအပ်သော Certified Public Accountant (CPA) လက်မှတ်ကို 1986 တွင်ရရှိခဲ့ပါသည်။ မြန်မာနိုင် ငံစာရင်းကောင်စီကထုတ်ပေးသည့် “Professional Accountant in Public Practice” လက်မှတ်ကိုင် ဆောင်ခွင့်ရှိ ထားသည့် Full-Fledged Certified Public Accountant လည်းဖြစ်ပါသည်။ Corporate Finance Institute (CFI) ကပေးအပ်သည့် Financial Modelling and Valuation Analyst (FMVA) Certificate ကိုလည်း ရရှိထားပါသည်။ ဦးသိန်းလွင်သည်လက်ရှိအားဖြင့် Value Growth Consulting Ltd. ကုမ္ပဏီ၏ တည်ထောင်သူနှင့်အမှုဆောင် အရာရှိချုပ်ဖြစ်ပါသည်။
ထို့အပြင်ဦးသိန်းလွင်သည်မြန်မာနိုင်ငံရှိဘဏ်ကြီးတစ်ခုတွင်စတင်တည်ထောင်ချိန်မှစ၍ဘဏ္ဍာရေးအရာရှိချုပ်တာဝန်၊ဒုတိယအမှုဆောင်အရာရှိချုပ်၊အမှုဆောင်အရာရှိချုပ်စသည့်စီမံခန့်ခွဲမှုအဆင့်တာဝန်များကို ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၇) နှစ်ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့ပါသည်။ဦးသိန်းလွင်သည်စီးပွားရေး လုပ်းငန်းပေါင်းစုံ လုပ်ကိုင်သည့် Group of Companies တစ်ခုတွင်တွင်လည်း ၂၀၀၈ ခုနှစ် မှစ၍ Group Finance Director အဖြစ် (၇) ခန့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင်မြန်မာနိုင်ငံရှိကြယ်(၅)ပွင့်အဆင့်ရှိဟိုတယ်ကြီးတစ်ခုတွင် New World Management Ltd. (Hong Kong), Marriott International Ltd. (USA) and Dusit Thani Hotel Group (Thailand) စသည့်နိုင်ငံတကာဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှုကုမ္ပဏီများ၏စီမံခန့်ခွဲမှုအောက်တွင် Financial Controller အဖြစ် ၁၉၉၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ (၁၂) ခန့်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဦးသိန်းလွင်အနေဖြင့်ဆော့ဝဲထုတ်လုပ်သည့်ကုမ္ပဏီကြီးတစ်ခုတွင်လည်းတွင်ကွန်ပြူတာဆော့ဝဲများရေးသားသူအဖြစ်လည်းကောင်း ၊ကွန်ပြူတာဆော့ဝဲစနစ်ရေးသားရန်ဒီဇိုင်းနှင့်လိုအပ်ချက်များရေးဆွဲသူအဖြစ်လည်းကောင်း၊ အဆိုပါဆော့ဝဲကုမ္ပဏီကဖွင့်လှစ်သော ကွန်ပြူတာအသုံးပြုစာရင်းကိုင်သင်တန်းတွင်သင်တန်းဆရာအဖြစ်လည်း ကောင်းစသည့်တာဝန်များကို ၁၉၉၄ ခုနှစ်မှစ၍ ၁၉၉၇ ခုနှစ်အထိ (၃) နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးသိန်းလွင်သည် ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံစာရင်းချုပ်ရုံးတွင် စာရင်းစစ်အဖြစ် လည်းကောင်း၊ ၁၉၉၄ မှ ၁၉၉၆ အထိအများနှင့်ဆိုင်သောစာရင်းစစ် ( Practicing Auditor) အဖြစ်လည်းကောင်း (၃) နှစ်ခန့်ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင်နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုဖြစ်သောမြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းတွင် ဌာနခွဲမှုး/လက်ထောက်ဘဏ္ဍာ ရေးမှူးအဖြစ် ၁၉၈၇ မှ ၁၉၉၄ အထိ (၇)နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။