ပထမပုဂ္ဂလိကဘဏ်၏ High Net-worth Customer ချေးငွေဆိုတာဘာလဲ?
- High Net Worth ချေးငွေမှာ အနည်းဆုံးချေးငွေပမာဏ ကျပ်သိန်း ၁၀,၀၀၀ နှင့်အထက် ချေးယူမည့်သူများအား လုပ်ငန်း လည်ပတ် မှုအတွက် ငွေကြေးလိုအပ်ချက်အပေါ်မူတည်၍ အများဆုံး ၂ နှစ်အထိ ထုတ်ချေးပေးသည့် ချေးငွေအမျိုးအစားဖြစ်ပါသည်။
အာမခံပစ္စည်းအမျိုးအစား
- မရွှေ့မပြောင်းနိုင်သောပစ္စည်း (မြေနှင့် အဆောက် အဦ၊ ကွန်ဒို/မီနီကွန်ဒို၊ ဘဏ်စာရင်းသေအပ်ငွေ)
- Additional Collateral အဖြစ် အခြားရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများ (စက်ပစ္စည်း၊ မော်တော်ယာဉ်၊ စက်ယန္တယားများ)
အတိုးနှုန်း
| (၁) အတိုးနှုန်း | ၁၃% |
| (၂) ဝန်ဆောင်ခ | ၀.၅% |
| (၃) အတိုးပေးဆပ်နည်း | (၁)လတစ်ကြိမ် (သို့မဟုတ်) (၃) လတစ်ကြိမ် ပေးသွင်းရမည်ဖြစ်ပါသည်။ |
| (၄) အရင်းပေးဆပ်နည်း | သက်တမ်းစေ့လျှင် ချေးငွေပမာဏအား အပြည့်အဝပြန်လည်ပေးဆပ်ရပါမည်။ |
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
- ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊ Passport ဓာတ်ပုံ
- သက်တမ်းတိုးပြီး လုပ်ငန်းလိုင်စင်/မှတ်ပုံတင်မိတ္တူ
- သုံးနှစ်စာ အရှုံး/အမြတ်ရှင်းတမ်း
- သုံးနှစ်စာ အမြတ်ခွန်
- လုပ်ငန်းဓာတ်ပုံများ
- ပိုင်ဆိုင်မှုကွင်းဆက်စာချုပ်များ (ဂရန်၊ဘိုးဘပိုင်) မူရင်း၊မိတ္တူ
- ဘဏ်ငွေချေးရန်”အကြောင်းအရာဖြင့် ငွေချေးသူအမည်ပေါက် မြေပုံ၊မြေရာဇဝင် အဆောက်အဦအား ကိုယ်တိုင်ဆောက်လုပ်ခဲ့ပါက ဆောက်လုပ်ခွင့်/နေထိုင်ခွင့် လက်မှတ်မူရင်းအဆောက်အဦ ဓာတ်ပုံများ
- ပေါင်နှံရောင်းချပေးကမ်းထားခြင်းမရှိကြောင်း တရားရုံးကျမ်းကျိန်လွှာ
ချေးငွေလျှောက်ထားခြင်းလုပ်ငန်းစဉ်
- High Net-Worth ချေးငွေအား နီးစပ်ရာ ပထမပုဂ္ဂလိကဘဏ် ဘဏ်ခွဲများသို့သွားရောက်ပြီး လိုအပ်သည့် စာရွက်စာတမ်းများ အစရှိသည်တို့ကိုအသေးစိတ်ဆွေးနွေးကာ ချေးငွေပုံစံတွင် ဖြည့်စွက်၍ ကနဦး လျှောက်ထားရန်ဖြစ်ပါသည်။
- လျှောက်ထားသည့် အချက်အလက်များအား ဘဏ်၏တာဝန်ရှိသူများမှ စစ်ဆေးပြီး ပိုင်ဆိုင်မှုအထောက်အထားများနှင့် အာမခံပေးထားသောမြေနှင့်အဆောက်အဦအား ရာဖြတ်တန်ဘိုး သတ်မှတ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပါသည်။
- လျှောက်ထားသော စာရွက်စာတမ်းပြည့်စုံပြီး စည်းမျည်း/စည်းကမ်းများကိုက်ညီပါက ရက်သတ္တပတ် (၂) ပတ် အတွင်းချေးငွေခွင့်ပြုချက်ရရှိနိုင်မည်ဖြစ်ပါသည်။
- ချေးငွေခွင့်ပြုချက်ရရှိပါက ဘဏ်တွင်ချေးငွေစာချူပ်စာတမ်းများအား လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။