- ပင်မစာမျက်နှာ
- ကျွန်ုပ်တို့အကြောင်း
- ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများ
- ဒေါက်တာလဲ့လဲ့ဝင်း

ဒေါက်တာလဲ့လဲ့ဝင်း
သီးခြားလွတ်လပ်သောဒါရိုက်တာ
သီးခြားလွတ်လပ်သော ဒါရိုက်တာတစ်ဦးဖြစ်သည့် ဒေါက်တာလဲ့လဲ့ဝင်းသည် လုပ်ငန်းနယ်ပယ်စုံ အဖွဲ့အစည်းများတွင် မဟာဗျူဟာကျကျတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သော ခိုင်မာသည့် အတွေ့အကြုံအမြောက်အများပိုင်ဆိုင်ထားသူတစ်ဦ်းဖြစ်သောကြောင့် ကော်ပိုရိတ်စီမံခန့်ခွဲမှု၊ ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းပိုင်းဆိုင်ရာအသိပညာများကို အထူးသိရှိနားလည်ထားပြီး ဖြစ်သည့် အတွက် ဘုတ်အဖွဲ့တွင် ၎င်း၏ကျွမ်းကျင်မှုများဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
သူမသည် B.Sc(Physics)ဘွဲ့ကို ၂၀၀၀ ပြည့်နှစ်တွင်လည်းကောင်း၊ M.Sc(Engineering Physics) မဟာဘွဲ့ကို ၂၀၀၂ ခုနှစ်တွင်လည်းကောင်းရရှိခဲ့ပါသည်။ သူမသည် အခြားပညာရပ်ပိုင်းဆိုင်ရာ ဘွဲ့လက်မှတ်များအဖြစ် Master of Business administration (MBA) မဟာဘွဲ့၊ Master of Development Studies (EMDevS) မဟာဘွဲ့၊ ယူကေနိုင်ငံ ပေးအပ်သည့် ACCA၊ NLP Practitioner, Master NLP Practitioner နှင့် Ph.D (Business Management) ဒေါက်တာဘွဲ့ စသည်တို့ကိုလည်း ရရှိခဲ့ပါသည်။
သူမသည် ၁၉၉၅ ခုနှစ်မှစ၍ Mini Mart လုပ်ငန်း ကို လုပ်ကိုင်ခဲ့သည့်အပြင် ၂၀၁၈ ခုနှစ်မှစ၍ ၄င်းကျွမ်းကျင်သည့် Business Ethics၊ Leadership နှင့် Financial ဘာသာရပ်များအား Smart Way Education Institute တွင် သင်ကြားပို့ချပေးလျက်ရှိပါသည်။ သူမသည် မကြာသေးမီတွင် ဆေးခန်းတစ်ခု ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့သည့်အပြင် တစ်ချိန်တည်း၌ပင် ကုမ္ပဏီများအား အတိုင်ပင်ခံဝန်ဆောင်မှုများ ပေးရန်နှင့် လုပ်ငန်းများလုပ်ကိုင်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား လေ့ကျင့်သင်ကြားပေးနိုင်ရန် Win Business Intelligence Governance (Win BIG) အတိုင်ပင်ခံကုမ္ပဏီကို တည်ထောင်ခဲ့ပါသည်။
သူမသည်ကုမ္ပဏီအုပ်စုကြီးတစ်ခုတွင် Procurement Assistant Manager၊ Finance Manager ရာထူး များဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး ၎င်းကုမ္ပဏီအုပ်စုကြီး၏ ကုမ္ပဏီခွဲများဖြစ်သည့် အတိုင်ပင်ခံကုမ္ပဏီတွင် General Manager အဖြစ်လည်းကောင်း၊ ရေအားလျှပ်စစ်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၊ စက်သုံးဆီ ရောင်းဝယ်ရေးကုမ္ပဏီ၊ ပြင်သစ်နှင့်ဖက်စပ်ဆောက်လုပ်ရေးကုမ္ပဏီ တို့တွင် Chief Executive Officer အဖြစ်လည်းကောင်း၊ အခြေခံအဆောက်အဦကုမ္ပဏီအုပ်စုကြီးတစ်ခုတွင် Group Chief Executive Officer အဖြစ်လည်းကောင်း အသီးသီး လုပ်ကိုင်ခဲ့ပါသည်။
လက်လီအရောင်းလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဧရိယာများတွင် နှစ်ပေါင်း ၂၅ နှစ်ကျော် အတွေ့အကြံများအရ သူမသည် အဖွဲအစည်းအောင်မြင်ရေးအတွက် အခြားသူများနှင့် အတူမျှဝေလုပ်ဆောင်ခဲ့သည့်အပြင် ကော်ပိုရိတ် ဆိုင်ရာ ဆုံးဖြတ်ချက်များ ရိုးသားဖြောင့်မတ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု စသော စံနှုန်းမြင့်များကို ကျင့်သုံး ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။