ပထမ ပုဂ္ဂလိကဘဏ်

အများပြည်သူ ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ်

သတင်းများ :

မြန်မာနိုင်ငံသားများ ပြည်ပသို့ ထွက်ခွါရာတွင် အသေးသုံး အနေဖြင့် နိုင်ငံခြားငွေ ငွေသား ဆောင်ယူ သွားနိုင်ရန်အတွက် ပထမပုဂ္ဂလိကဘဏ်(ရုံးချုပ်)ရန်ကုန်နှင့် နယ်ဘဏ်ခွဲရှိMoney Changer Counter များတွင် လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။ ပြည်ပသို့ထွက်ခွါမည့် မြန်မာနိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာ အထောက်အထားများ ပြ၍ အသေးသုံး ပမာဏ အတွက် ဝယ်ယူနိုင်ပါသည်။ (က) ပြည်ပသို့ထွက်ခွါသည့် မြန်မာနိုင်ငံသားများအနက် အလုပ်သမားဝန်ကြီးဌာန၏ခွင့်ပြုချက် ဖြင့် ပြည်ပသို့ အလုပ်လုပ်ရန် ထွက်ခွါသူများ အတွက် အထောက်အထားများ ဖြစ်သည့် Passport of Job (PJ)၊ အလုပ်ခန့်စာ နှင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးထားသည့် Oversea Worker Identification card (OWIC)၊ (ခ) ပညာသင်များအတွက် Passport of Education (PE) နှင့် တက်ရောက်မည့် ကျောင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ (ဂ) ဆေးကုသမှု့ခံယူရန် ထွက်ခွါ သူများအတွက် ဆေးကုသမည့် အထောက်အထားများ၊

ဘဏ်ဝန်ဆောင်မှုများ

ဘဏ်ချေးငွေ အတိုးရာခိုင်နှုန်း(တစ်နှစ်လျှင်)
ချေးငွေအမျိုးအစား
စက်မှုဇုံအထူးချေးငွေ ၁၀% ငွေချေးသူ၏ လိုအပ်ချက်များကို
ညှိနှိုင်းဆောင်ရွက် ပေးပါသည်။
ရိုးရိုးချေးငွေ (loan) ၁၀%
စာရင်းပိုထုတ်ချေးငွေ (overdraft) ၁၀%
ဘဏ်အပ်ငွေ အတိုးရာခိုင်နှုန်း(တစ်နှစ်လျှင်)
ငွေစုဘဏ်အပ်ငွေ ၅.၀၀ % (၃)လတစ်ကြိမ် အတိုးထည့်ပေးသည်။
စာရင်းသေအပ်ငွေ (၃)လလျှင် ၅.၂၅ % (၆)လလျှင် ၅.၅၀ %
(၉)လလျှင် ၅.၇၅ % (၁)နှစ်လျှင် ၆.၀၀ %
ခေါ်ယူအပ်ငွေ ၂ %

ဘဏ်လွှဲငွေ နှုန်းထားများ
ကျပ် – ၁, ၀၀, ၀၀၀/- အထိ ကျပ် – ၅၀/-
ကျပ် – ၁, ၀၀, ၀၀၀/- အထက် ကျပ် – ၁၀၀/- လျှင် ၅ပြား
ဖက်(စ်)နှင့်ပို့လျှင် နောက်ထပ် ကျပ် – ၅၀၀/-
ငွေပေးအမိန့် (payment order) နှုန်းထားများ
ကျပ် – ၁, ၀၀, ၀၀၀/- အထိ ကျပ် – ၅၀/-
ကျပ် – ၁, ၀၀, ၀၀၀/- အထက် ကျပ် – ၁၀၀/- လျှင် ၁၀ ပြား

(အများဆုံး ကျပ် – ၃၀, ၀၀၀/-)
အထွေထွေဆောင်ရွက်ခ နှုန်းထားများ
စာရင်းရှင် လက်ကျန်ငွေ ကျပ် – ၃၀,၀၀၀/-နှင့်အထက်ရှိလျှင်ဆောင်ရွက်ခ မယူပါ။
စာရင်းရှင် စာရင်းလက်ကျန် စာရင်းထိန်းသိမ်းခ
ကျပ် – ၃၀,၀၀၀/-အောက်ရှိလျှင် (၆)လလျှင် ကျပ် – ၁၀၀/-
ငွေသွင်း/ထုတ် စာရင်းရှင်စာရင်း တစ်ကြိမ်လျှင် ကျပ် – ၁၀/-