ပထမ ပုဂ္ဂလိကဘဏ်

အများပြည်သူ ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ်

သတင်းများ :

မြန်မာနိုင်ငံသားများ ပြည်ပသို့ ထွက်ခွါရာတွင် အသေးသုံး အနေဖြင့် နိုင်ငံခြားငွေ ငွေသား ဆောင်ယူ သွားနိုင်ရန်အတွက် ပထမပုဂ္ဂလိကဘဏ်(ရုံးချုပ်)ရန်ကုန်နှင့် နယ်ဘဏ်ခွဲရှိMoney Changer Counter များတွင် လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။ ပြည်ပသို့ထွက်ခွါမည့် မြန်မာနိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာ အထောက်အထားများ ပြ၍ အသေးသုံး ပမာဏ အတွက် ဝယ်ယူနိုင်ပါသည်။ (က) ပြည်ပသို့ထွက်ခွါသည့် မြန်မာနိုင်ငံသားများအနက် အလုပ်သမားဝန်ကြီးဌာန၏ခွင့်ပြုချက် ဖြင့် ပြည်ပသို့ အလုပ်လုပ်ရန် ထွက်ခွါသူများ အတွက် အထောက်အထားများ ဖြစ်သည့် Passport of Job (PJ)၊ အလုပ်ခန့်စာ နှင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးထားသည့် Oversea Worker Identification card (OWIC)၊ (ခ) ပညာသင်များအတွက် Passport of Education (PE) နှင့် တက်ရောက်မည့် ကျောင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ (ဂ) ဆေးကုသမှု့ခံယူရန် ထွက်ခွါ သူများအတွက် ဆေးကုသမည့် အထောက်အထားများ၊

ချေးငွေ

စဉ် ချေးငွေအမျိုးအစား အာမခံပစ္စည်းအမျိုးအစား ချေးငွေသက်တမ်း အတိုးနှုန်း
ရိုးရိုးချေးငွေ
(loan)
မရွေ့မပြောင်းနိုင်သောပစ္စည်း (မြေနှင့်အဆောက်အဦ) ၁နှစ် ၁၀%
စာရင်းပိုထုတ်ချေးငွေ
(Overdraft)
မရွေ့မပြောင်းနိုင်သောပစ္စည်း (မြေနှင့်အဆောက်အဦ) ၁နှစ် ၁၀%
ကာလသတ်မှတ်ချက်ချေးငွေ
(Term Loan)
မရွေ့မပြောင်းနိုင်သောပစ္စည်း (မြေနှင့်အဆောက်အဦ) ၁နှစ် မှ ၃နှစ် ၁၀%
တင်ဒါချေးငွေ
(Tender Loan)
တင်ဒါရရှိသည့် စာချုပ်ပါခွင့်ပြုငွေ ၁နှစ် ၁၄.၅၀%
အငှားဝယ်ယူစနစ်ချေးငွေ
(Hire Purchase)
ဝယ်ယူမည့်ပစ္စည်း ၁နှစ် မှ ၂နှစ် ၁၃%

ချေးငွေ အတိုး၊ အရင်းပေးဆပ်ရမည့် အစီအစဉ်

(၁) ရိုးရိုးချေးငွေ

  • ချေးငွေအတိုးကို (၃)လ လျှင် (၁)ကြိမ် (အရစ်ကျ) ပေးသွင်းရမည်ဖြစ်ပြီး

  • (၁)နှစ်စေ့လျှင် အရင်းပေးသွင်းရပါမည်။

(၂) စာရင်းပိုထုတ်ချေးငွေ

  • စာရင်းပိုထုတ်ချေးငွေအတိုးကို လစဉ်လကုန်ရက်တွင် ပေးသွင်းရမည်ဖြစ်ပြီး ထုတ်ယူသုံးစွဲသည့်ငွေပေါ်တွင် ရက်အလိုက်အတိုးတွက်ချက်ကောက်ခံပါသည်။

  • သက်တမ်း(၁)နှစ်စေ့လျှင် ထုတ်ယူသုံးစွဲထားသည့် အရင်းငွေပေးသွင်းရပါမည်။

(၃)ကာလသတ်မှတ်ချက်ချေးငွေ

  • ချေးငွေအတိုးနှင့်အရင်းငွေကို (၃)လလျှင် (၁)ကြိမ်(အရစ်ကျ) ပေးသွင်းရမည်။

(၄)တင်ဒါချေးငွေ

  • ချေးငွေအတိုးနှင့် အရင်းငွေကို (၃)လ လျှင် (၁)ကြိမ် (အရစ်ကျ) ပေးသွင်းရမည်။

(၅) အငှားဝယ်ယူစနစ်ချေးငွေ

  • ချေးငွေအတိုးနှင့်အရင်းငွေကို (၁)လ လျှင် (၁)ကြိမ်(အရစ်ကျ) ပေးသွင်းရမည်။