ပထမ ပုဂ္ဂလိကဘဏ်

အများပြည်သူ ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ်

သတင်းများ :

မြန်မာနိုင်ငံသားများ ပြည်ပသို့ ထွက်ခွါရာတွင် အသေးသုံး အနေဖြင့် နိုင်ငံခြားငွေ ငွေသား ဆောင်ယူ သွားနိုင်ရန်အတွက် ပထမပုဂ္ဂလိကဘဏ်(ရုံးချုပ်)ရန်ကုန်နှင့် နယ်ဘဏ်ခွဲရှိMoney Changer Counter များတွင် လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။ ပြည်ပသို့ထွက်ခွါမည့် မြန်မာနိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာ အထောက်အထားများ ပြ၍ အသေးသုံး ပမာဏ အတွက် ဝယ်ယူနိုင်ပါသည်။ (က) ပြည်ပသို့ထွက်ခွါသည့် မြန်မာနိုင်ငံသားများအနက် အလုပ်သမားဝန်ကြီးဌာန၏ခွင့်ပြုချက် ဖြင့် ပြည်ပသို့ အလုပ်လုပ်ရန် ထွက်ခွါသူများ အတွက် အထောက်အထားများ ဖြစ်သည့် Passport of Job (PJ)၊ အလုပ်ခန့်စာ နှင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးထားသည့် Oversea Worker Identification card (OWIC)၊ (ခ) ပညာသင်များအတွက် Passport of Education (PE) နှင့် တက်ရောက်မည့် ကျောင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ (ဂ) ဆေးကုသမှု့ခံယူရန် ထွက်ခွါ သူများအတွက် ဆေးကုသမည့် အထောက်အထားများ၊

အပြည်အပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း

  • ရုံးချုပ်တွင် နိုင်ငံခြားငွေ စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်နိုင်ပါသည်။
  • နိုင်ငံခြား ငွေလွှဲလုပ်ငန်း (Money Transfer Service)
  • ပို့ကုန်/သွင်းကုန် လုပ်ငန်းငွေလွှဲစာတမ်း (Letter of Credit)
  • ကြိုးမဲ့ကြေးနန်းဖြင့် ငွေလွှဲပေးပို့ခြင်း (TT) ဆောင်ရွက်နိုင်ပါသည်။
  • WESTERN UNION Money Transfer Service ဖြင့်ချိတ်ဆက်၍ ကမ္ဘာအနှံ့အပြား နိုင်ငံပေါင်း (၂၀၀) ကျော်မှ မြန်မာနိုင်ငံရှိ ပထမပုဂ္ဂလိက ဘဏ်ခွဲများရှိသော မြို့များသို့ မိနစ်ပိုင်းအတွင်း ငွေလွှဲများ ပေးပို့နိုင်ပါသည်။