ပထမ ပုဂ္ဂလိကဘဏ်

အများပြည်သူ ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ်

သတင်းများ :

မြန်မာနိုင်ငံသားများ ပြည်ပသို့ ထွက်ခွါရာတွင် အသေးသုံး အနေဖြင့် နိုင်ငံခြားငွေ ငွေသား ဆောင်ယူ သွားနိုင်ရန်အတွက် ပထမပုဂ္ဂလိကဘဏ်(ရုံးချုပ်)ရန်ကုန်နှင့် နယ်ဘဏ်ခွဲရှိMoney Changer Counter များတွင် လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။ ပြည်ပသို့ထွက်ခွါမည့် မြန်မာနိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာ အထောက်အထားများ ပြ၍ အသေးသုံး ပမာဏ အတွက် ဝယ်ယူနိုင်ပါသည်။ (က) ပြည်ပသို့ထွက်ခွါသည့် မြန်မာနိုင်ငံသားများအနက် အလုပ်သမားဝန်ကြီးဌာန၏ခွင့်ပြုချက် ဖြင့် ပြည်ပသို့ အလုပ်လုပ်ရန် ထွက်ခွါသူများ အတွက် အထောက်အထားများ ဖြစ်သည့် Passport of Job (PJ)၊ အလုပ်ခန့်စာ နှင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးထားသည့် Oversea Worker Identification card (OWIC)၊ (ခ) ပညာသင်များအတွက် Passport of Education (PE) နှင့် တက်ရောက်မည့် ကျောင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ (ဂ) ဆေးကုသမှု့ခံယူရန် ထွက်ခွါ သူများအတွက် ဆေးကုသမည့် အထောက်အထားများ၊

နိုင်ငံခြားငွေကြေးဆိုင်ရာ

နိုင်ငံခြားငွေစာရင်းရှင် စာရင်းအား အောက်ပါနိုင်ငံခြားငွေဖြင့် ပေးသွင်းနိုင်ပါသည် –

  1. အမေရိကန်ဒေါ်လာ
  2. ယူရို
  3. စင်္ကာပူဒေါ်လာ

လိုအပ်ချက်များ

  • အနည်းဆုံး ကနေဦး စာရင်းဖွင့်ငွေ – ၁၀၀ အမေရိကန်ဒေါ်လာ/ယူရို/စင်္ကာပူဒေါ်လာ
  • အနည်းဆုံး လက်ကျန်ငွေကျပ် – ၂၀ အမေရိကန်ဒေါ်လာ/ယူရို/စင်္ကာပူဒေါ်လာ

နိုင်ငံခြားငွေစာရင်းရှင် စာရင်း ၀န်ဆောင်မှုများ

  1. လစဉ်ဘဏ်စာရင်းရှင်းတမ်း ရရှိပါမည်။
  2. ချက်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ငွေပေးချေနိုင်ပါသည်။
  3. စာရင်းတစ်ခုမှ တစ်ခုသို့ စာရင်းပြောင်းနိုင်ပါသည်။
  4. တစ်ပတ်လျှင် (၂)ကြိမ်၊ တစ်ကြိမ်လျှင် အများဆုံး USD 5000, အထိထုတ်ယူနိုင်သည်။
  5. အပ်နှံငွေအပေါ်တွင် အတိုးမပေးပါ။