မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအက်ဥပဒေအရ ၂၀၂၁ခုနှစ် သြဂုတ်လ ၁၆ရက်နေ့မှ ၂၀ရက်နေ့အထိ အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်ပါသဖြင့် ၄င်းရက်များတွင် ဘဏ်များအားလုံး ပိတ်ထားမည် ဖြစ်ပါကြောင်း ကြေငြာချက်အရ ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံးမှ ဘဏ်လုပ်ငန်းဝန်ဆောင်မှု ဆောင် ရွက် ပေးနေမှုအား ရပ်နားထားမည်ဖြစ်ပါကြောင်းနှင့် ဘဏ်၏ မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းဖြစ်သော (MyKyat Mobile Payment)သုံးစွဲသူများအနေဖြင့် ကိုယ်စားလှယ်( Agents )များမှ တဆင့် ငွေပေးချေမှုအား အကန့်အသတ်ဖြင့် ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။