JICA SME ချေးငွေဆိုတာဘာလဲ?

  • JICA SME (TWO-STEP LOAN) ဆိုသည်မှာ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်မှတဆင့် ပုဂ္ဂလိကဘဏ်များသို့ ထုတ်ပေးထားသော ချေးငွေအမျိုးအစားဖြစ်ပြီး အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် ဘဏ်၏ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအား ထုတ်ချေးပေးသော ချေးငွေအမျိုးအစားဖြစ်ပါသည်။

အာမခံပစ္စည်းအမျိုးအစား

  • မရွှေ့မပြောင်းနိုင်သောပစ္စည်း (မြေနှင့်အဆောက်အဦး)ကို အာမခံထား၍ ချေးယူနိုင်ပါသည်။
  • ဘဏ်အပ်ငွေများ(စာရင်းသေအပ်ငွေ၊ငွေစုဘဏ်စာရင်း)
  • ရွှေနှင့်ရွှေထည်ပစ္စည်းများ

ဝန်ဆောင်မှု၏အားသာချက်များ

  • ချေးငွေသက်တမ်းမှာ အနည်းဆုံး(၃)နှစ်မှ အများဆုံး(၅)နှစ် ဖြစ်ပါသည်။
  • SME လုပ်ငန်းများအတွက် အဆောက်အဦး၊ စက်ရုံ၊ ဂိုဒေါင်များ ဆောက်လုပ်ရန်၊ စက်ပစ္စည်းများ ဝယ်ယူရန် နှင့် အခြားသော Capital Investment များအတွက် အများဆုံးကျပ်သိန်း5000 အထိ ချေးငွေရရှိနိုင်ပါသည်။
  • အတိုးများကို နှစ်တနှစ်၏ ပြက္ခဒိန်အလိုက် မတ်လ၊ ဇွန်လ ၊စက်တင်ဘာလ နှင့် ဒီဇင်ဘာလများတွင် ပေးဆပ်ရပါမည်။
  • အရင်းပြန်လည်ပေးဆပ်မှုသည်ဘဏ်နှင့်ငွေချေးသူတို့၏Sub-Loan Agreementအရပေးဆပ်ရပါမည်

အတိုးနှုန်းနှင့်ပြန်လည်ပေးဆပ်ရန်နည်းလမ်း

(၁) အတိုးနှုန်း အတိုးနှုန်း (၁)နှစ် ၅.၅%
(၂) အတိုးပေးဆပ်နည်း အတိုးပေးဆပ်နည်း နှစ်တနှစ်၏ ပြက္ခဒိန်အလိုက် မတ်လ၊ ဇွန်လ ၊စက်တင်ဘာလ နှင့် ဒီဇင်ဘာလများတွင် အတိုးပေးသွင်းရမည် ဖြစ်ပါသည်။
(၃) အရင်းပေးဆပ်နည်း ဘဏ်နှင့်ငွေချေးသူတို့၏Sub-Loan Agreementအရပေးဆပ်ရပါမည်

ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ

  • ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
  • Business Plan
  • Repayment Plan
  • လုပ်ငန်းအထောက်အထားလိုင်စင်နှင့် အခြားဆက်စပ်လိုင်စင် (SME Card နှင့် စက်မှုဝန်ကြီးဌာန၏ထောက်ခံချက်)
  • လုပ်ငန်း၏ Financial Statement (၃)နှစ်စာ (Profit & Loss, Cash Flow Statement, Balance Sheet)
  • DICA မှထုတ်ပေးသည့်ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အပြည့်အစုံနှင့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက် မူရင်း/မိတ္တူ
  • လုပ်ငန်းသမိုင်းကြောင်းနှင့် လျှောက်ထားသည့် လုပ်ငန်းဓါတ်ပုံအထောက်အထားများ အမြတ်ခွန်ပြေစာများ (အနည်းဆုံး(၃)နှစ်စာ)
  • လုပ်ငန်းကို တာဝန်ယူဆောင်ရွက်သူအမည်နှင့် အိမ်ထောင်စုဇယား မူရင်း/မိတ္တူ၊မှတ်ပုံတင် မူရင်း/ မိတ္တူ-လိုင်စင် ဓါတ်ပုံ(၂)ပုံ
  • လုပ်ငန်းအတွက် ရင်းနှီးမြှပ်နှံမည့်အစီအစဉ်အသေးစိတ်နှင့် အချက်အလက်များ
  • စက်ပစ္စည်းဝယ်ယူရန်ဖြစ်ပါက ဝယ်ယူမည့်ပစ္စည်းတန်ဘိုး၊ ပစ္စည်းစာရင်း၊ အသုံးပြုမည့်အစီအစဉ်အသေးစိတ်
  • လုပ်ငန်း/ပတ်ဝန်းကျင်နှင့် လူမှုရေးရာထိခိုက်မှုမရှိခြင်းအတွက် ထောက်ခံချက်

ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ

  • JICA SME (TWO-STEP LOAN) ချေးငွေအား နီးစပ်ရာပထမပုဂ္ဂလိကဘဏ်-ဘဏ်ခွဲများသို့ သွားရောက်ပြီး လိုအပ်သည့်စာရွက်စာတမ်းများ အစရှိသည်တို့အား အသေးစိတ် ဆွေးနွေးကာ ချေးငွေပုံစံတွင် ဖြည့်စွက်၍ ကနဦး လျှောက်ထားရန် ဖြစ်ပါသည်။
  • လျှောက်ထားသည့် အချက်အလက်များအား ဘဏ်၏ တာဝန်ရှိသူများမှ စစ်ဆေးပြီး ပိုင်ဆိုင်မှုအထောက်အထားများနှင့် အာမခံပေးထားသောမြေနှင့်အဆောက်အဦအား ရာဖြတ်တန်ဘိုး သတ်မှတ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပါသည်။
  • လျှောက်ထားသော စာရွက်စာတမ်းပြည့်စုံပြီး စည်းမျည်းစည်းကမ်းများကိုက်ညီပါက ပထမပုဂ္ဂလိကဘဏ်မှ မြန်မာ့စီးပွားရေးဘဏ်သို့ တင်ပြလျှောက်ထားပေးမည်ဖြစ်ပါသည်။
  • ချေးငွေခွင့်ပြုချက်ရရှိပါက ဘဏ်တွင်ချေးငွေစာချူပ်စာတမ်းများအား လက်မှတ်ရေးထိုးစာချုပ်-ချုပ်ဆိုရမည်ဖြစ်ပါသည်။