ပထမပုဂ္ဂလိကဘဏ်၏ အငှားဝယ်စနစ်(Hire Purchase) ဆိုတာဘာလဲ?
- ပထမပုဂ္ဂလိကဘဏ်သည် မော်တော်ဆိုင်ကယ်၊ တယ်လီဖုန်းများ၊ ကွန်ပျူတာ (Desktop/ Laptop)၊ကွန်ပျူတာ ဆက်စပ်ပစ္စည်းများနှင့်နည်းပညာ အထောက် အကူပစ္စည်းများ၊ လူသုံးကုန်လျှပ်စစ် ပစ္စည်းများကို Customer များအား အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် စီစဉ်ထားသော အဌားဝယ်စနစ် ချေးငွေအမျိုးအစားဖြစ်ပါသည်။
ဝန်ဆောင်မှု၏အားသာချက်
- ကနဦး ဝယ်ယူမည့်ပစ္စည်းတန်ဖိုး၏ (၃၀%) ပေးချေရမည်ဖြစ်ပါသည်။
- ချေးငွေကာလမှာ အနည်းဆုံး(၃)လမှ အများဆုံး (၃)နှစ်ဖြစ်ပါသည်။
- လစဉ်ပုံသေအရစ်ကျစနစ်ဖြင့် ပေးချေနိုင်ပါသည်။
- FPB နှင့်ချိတ်ဆက်ထားသော Dealer များထံတွင် လူကြီးမင်းတို့ကြိုက်နှစ်သက်ရာပစ္စည်း အမျိုးအစားကို စိတ်ကြိုက်ဝယ်ယူနိုင်ပါသည်။
အတိုးနှုန်းနှင့်ဝန်ဆောင်ခများ
(၁) အတိုးနှုန်း | ၁၃%(တစ်နှစ်လျှင်) (EMI Reducing Method) (၁) နှစ်နှင့်အောက် |
၁၄%(တစ်နှစ်လျှင်) (၁) နှစ်အထက် | |
(၂) ဝန်ဆောင်ခ | ၁%(တစ်ကြိမ်သာ) (EMI Reducing Method) (၁) နှစ်နှင့်အောက် |
ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ
- ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
- ဝန်ထမ်းဖြစ်ကြောင်း အရာရှိထောက်ခံစာ(အမည်၊ရာထူး၊လုပ်ငန်းလုပ်သက်)(မူရင်း)
- ရပ်ကွက်ထောက်ခံစာ(မူရင်း)
- ဝန်ထမ်းကဒ်မိတ္တူ
- လစာ Pay slip(၃)လစာမူရင်း
- Bank Statement (၆)လစာ/Income Taxထမ်းဆောင်ထားသည့် အထောက်အထား
- ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
- ရပ်ကွက်ထောက်ခံစာ(မူရင်း)
- သက်တမ်းတိုးပြီး လုပ်ငန်းလိုင်စင်/မှတ်ပုံတင်
- သုံးနှစ်စာ အရှုံး/အမြတ်နှင့်လက်ကျန်ရှင်းတမ်း
- သုံးနှစ်စာ အမြတ်ခွန်
- လုပ်ငန်းဓာတ်ပုံများ
အငှားဝယ်စနစ်(HIRE PURCHASE) လျှောက်ထားခြင်းလုပ်ငန်းစဉ်
- မော်တော်ဆိုင်ကယ်၊ တယ်လီဖုန်းများ၊ ကွန်ပျူတာ (Desktop/ Laptop)၊ကွန်ပျူတာ ဆက်စပ်ပစ္စည်းများနှင့်နည်းပညာ အထောက် အကူပစ္စည်းများ၊ လူသုံးကုန်လျှပ်စစ် ပစ္စည်းများကို ဝယ်ယူလိုသော Customerသည် ပထမပုဂ္ဂလိကဘဏ်နှင့် ချိတ်ဆက်ထားသော ဆိုင်များသို့ သွားရောက်စုံစမ်းရပါမည်။
- ဝယ်ယူလိုသော ကားအမျိုးအစားကို ရွေးချယ်ပြီးလျှင် လိုအပ်သော စာရွက်စာတမ်းများယူ၍ ပထမပုဂ္ဂလိကဘဏ်သို့ လာရောက်ရပါမည်။
- လျှောက်ထားသော စာရွက်စာတမ်းပြည့်စုံပြီး စည်းမျဉ်းစည်းကမ်းများကိုက်ညီပါက လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်မည် ဖြစ်ပါသည်။
- ချေးငွေခွင့်ပြုချက်ရရှိလျှင် ချေးငွေစာချုပ်-ချုပ်ဆိုပြီး Current A/C စာရင်းဖွင့်၍ ကနဦး ပေးသွင်းငွေ များကိုထည့်သွင်းပေး ရပါမည်။