ပထမပုဂ္ဂလိကဘဏ်၏ အိမ်ရာချေးငွေဆိုတာဘာလဲ?

  • ပထမပုဂ္ဂလိကဘဏ်သည် အသင့်နေထိုင်နိုင်သော လုံးချင်းအိမ်များနှင့် ကွန်ဒိုမီနီယမ်များကို ပိုင်ဆိုင်လိုသော ဘဏ်၏မိတ်ဆွေများအား လစဉ်အရစ်ကျစနစ်ဖြင့်ဝယ်ယူခြင်းဖြင့် လွယ်ကူ အဆင်ပြေစွာ ပိုင်ဆိုင်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးထားသော အိမ်ရာချေးငွေ ဖြစ်ပါသည်။

အိမ်ရာ အဆောက်အအုံ အမျိုးအစားများ

  • လုံးချင်းအိမ်များ
  • Developer ဖြင့် ဆောက်လုပ်ထားသည့် ကွန်ဒိုမီနီယမ်များ

ဝန်ဆောင်မှု၏အားသာချက်

  • အိမ်တန်ဖိုး၏ (၃၀%) ပေးချေရုံဖြင့် ကိုယ်ပိုင်အိမ်လေးအားပိုင်ဆိုင်နိုင်ပါသည်။
  • ကိုယ်ပိုင် အိမ်ခြံမြေအား ပိုင်ဆိုင်နေထိုင်နိုင်ကာ ရင်းနှီးမြှပ်နှံနိုင်မည်ဖြစ်ပါသည်။
  • မိမိဝင်ငွေနှင့် ကိုက်ညီမည့် ချေငွေပမာဏအား ရွေးချယ်နိုင်ပါသည်။
  • ချေးငွေကာလမှာ အများဆုံး ၁၅နှစ် အထိ ရွေးချယ်နိုင်ပြီး ချေးငွေသက်တမ်းကုန်ဆုံးချိန်တွင် အသက်(၇၀)နှစ်ထက် မကျော်လွန်သူဖြစ်ရပါမည်။
  • လစဉ်အရစ်ကျစနစ်ဖြင့် ပေးချေ နိုင်ပါသည်။
  • ဘဏ်၏ဝန်ဆောင်မှုဖြင့် စိတ်ချလုံခြုံစွာဖြင့် ဝယ်ယူနိုင်သော ဝန်ဆောင်မှုအား ရရှိနိုင်ပါသည်။
  • ပထမပုဂ္ဂလိကဘဏ်၏ မည်သည့် ဘဏ်ခွဲတွင်မဆို လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။

အတိုးနှုန်းနှင့်ဝန်ဆောင်ခများ

(၁) ကနဦးပေးချေမှု (၃၀%) (၁)နှစ်လျှင် (၁၀%)
(၂) ကနဦးပေးချေမှု (၅၀%) (၁)နှစ်လျှင် (၈%)

ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ

  • ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
  • ဝန်ထမ်းဖြစ်ကြောင်း အရာရှိထောက်ခံစာ(အမည်၊ရာထူး၊လုပ်ငန်းလုပ်သက်)(မူရင်း)
  • ရပ်ကွက်ထောက်ခံစာ(မူရင်း)
  • ဝန်ထမ်းကဒ်မိတ္တူ
  • လစာ Pay slip(၃)လစာမူရင်း
  • Bank Statement (၆)လစာ/Income Taxထမ်းဆောင်ထားသည့် အထောက်အထား
  • ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
  • ရပ်ကွက်ထောက်ခံစာ(မူရင်း)
  • သက်တမ်းတိုးပြီး လုပ်ငန်းလိုင်စင်/မှတ်ပုံတင်
  • သုံးနှစ်စာ အရှုံး/အမြတ်နှင့်လက်ကျန်ရှင်းတမ်း
  • သုံးနှစ်စာ အမြတ်ခွန်
  • လုပ်ငန်းဓာတ်ပုံများ
  • သက်တမ်းရှိကုမ္ပဏီလုပ်ငန်းလိုင်စင်
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ် DICA (မိတ္တူ)
  • ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်မူရင်း
  • နောက်ဆုံးအခွန်စည်းကြပ်မှုပြေစာ (အနီးစပ်ဆုံး ၁နှစ်စာ)
  • လုပ်ငန်း၏ ဘဏ္ဍာရေးရှင်းတမ်း(လက်ကျန်ရှင်းတမ်း၊ အရှုံးအမြတ်စာရင်း၊Cash Flow) အနီးစပ်ဆုံး ၃နှစ်စာ
  • လအလိုက် အရောင်းစာရင်းများ (အနီးစပ်ဆုံး ၃လစာ) (သို့မဟုတ်) လုပ်ငန်းလည်ပတ် နေသော ဘဏ်စာရင်းများ (အနီးစပ်ဆုံး ၁နှစ်စာ) (သို့မဟုတ်) ငွေလွှဲငွေပို့ဘဏ်စာရင်းများ (အနီးစပ်ဆုံး ၁နှစ်စာ)
  • လက်ရှိလုပ်ငန်းလုပ်ကိုင်နေသောဓာတ်ပုံများ
  • အခြားဘဏ်ရှင်းတမ်းများအနီးစပ်ဆုံး ၁နှစ်စာ (ရှိလျှင်)

Application Procedure

  • FPB Home Loan ရယူရန် နီးစပ်ရာ ဘဏ်ခွဲသို့သွားရောက်ပြီး အိမ်ရာချေးငွေနှင့်ပတ်သက်၍ လျှောက်ထားနိုင်သည့်ပမာဏ လိုအပ်သည့်စာရွက်စာတမ်းများ အစရှိသည်တို့အား အသေးစိတ် ဆွေးနွေးကာ အိမ်ယာချေးငွေပုံစံတွင် ဖြည့်စွက်၍ ကနဦး အိမ်ရာချေးငွေလျှောက်ထားရန် ဖြစ်ပါသည်။
  • လျှောက်ထားသူမှ အိမ်ရာချေးငွေအတွက်လိုအပ်သော အချက်အလက်များ စုစည်းတင်ပြရန်နှင့် မိမိဝယ်ယူလိုသောအိမ်ရာနှင့်ပတ်သက်သော အချက်အလက်များတင်ပြရန်၊ ဘဏ်မှ အတည်ပြုစစ်ဆေးရန် ဖြစ်ပါသည်။
  • ရောင်းချသူ နှင့် ဝယ်ယူသူ နှစ်ဦး နှစ်ဖက် အရောင်းအဝယ် သဘောတူညီပြီး စာရွက်စာတမ်း ပြည့်စုံပါက ဘဏ်တွင်လာရောက် ချေးငွေလျှောက်ထားရန် ဖြစ်ပါသည်။
  • လျှောက်ထားသော စာရွက်စာတမ်းပြည့်စုံပြီး စည်းမျည်းစည်းကမ်းများကိုက်ညီပါက ရက်သတ္တပတ် (၂)ပတ် အတွင်း ချေးငွေခွင့်ပြုချက်ရရှိကာ အိမ်ရာချေးငွေရယူရန် ဖြစ်ပါသည်။
  • ချေးငွေခွင့်ပြုချက်ရရှိပါက အိမ်ရာချေးငွေစာချူပ်စာတမ်းများတွင် လက်မှတ်ရေးထိုးခြင်း၊ ကနဦးပေးသွင်းငွေကို ဘဏ်သို့ပေးသွင်းရန်တို့ ဖြစ်ပါသည်။