ပထမပုဂ္ဂလိကဘဏ်၏ AUTO LOAN ဆိုတာဘာလဲ?

  • ပထမပုဂ္ဂလိကဘဏ်သည် အရစ်ကျစနစ်ဖြင့် ကားဝယ်ယူလိုသော Customer များအား မည့်သည့်ကားအမျိုးအစားမဆို အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရန်အတွက် Brand New ကားများ၊ အနည်းဆုံး (၁၀)နှစ် သက်တမ်းရှိ Used ကားများအား စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်အောင် စီစဉ်ထားသော အဌားဝယ်စနစ်ချေးငွေအမျိုးအစားဖြစ်ပါသည်။

ဝန်ဆောင်မှု၏အားသာချက်

  • ကနဦး ကားတန်ဖိုး၏ (၃၀%) ပေးချေရုံဖြင့် ကိုယ်ပိုင်ကားလေးတစ်စီးပိုင်ဆိုင်နိုင်ပါသည်။
  • ချေးငွေကာလမှာ Used Car များအတွက် အများဆုံး ၃နှစ် အထိ ရွေးချယ်နိုင်ပြီး Brand New Car များအတွက် အများဆုံး ၅ နှစ် သက်တမ်းဖြင့် လက်ဝယ်ရရှိနိုင်ပါသည်။
  • လစဉ်ပုံသေအရစ်ကျစနစ်ဖြင့် ပေးချေနိုင်ပါသည်။
  • FPB နှင့်ချိတ်ဆက်ထားသော Dealer များထံတွင် လူကြီးမင်းတို့ကြိုက်နှစ်သက်ရာ မည့်သည့်ကား အမျိုးအစားကိုမဆို စိတ်ကြိုက်ဝယ်ယူနိုင်ပါသည်။

အတိုးနှုန်းနှင့်ဝန်ဆောင်ခများ

(၁) အတိုးနှုန်း (၁)နှစ် ၁၀%
(၂) ဝန်ဆောင်ခ ၁% on Loan Amount ကာလဖြစ်သော ၃၁.၃.၂၀၂၄နေ့အထိ ၀.၅%ကောက်ခံမည်။)

ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ

  • ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
  • ဝန်ထမ်းဖြစ်ကြောင်း အရာရှိထောက်ခံစာ(အမည်၊ရာထူး၊လုပ်ငန်းလုပ်သက်)(မူရင်း)
  • ရပ်ကွက်ထောက်ခံစာ(မူရင်း)
  • ဝန်ထမ်းကဒ်မိတ္တူ
  • လစာ Pay slip(၃)လစာမူရင်း
  • Bank Statement (၆)လစာ/Income Taxထမ်းဆောင်ထားသည့် အထောက်အထား
  • ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
  • ရပ်ကွက်ထောက်ခံစာ(မူရင်း)
  • သက်တမ်းတိုးပြီး လုပ်ငန်းလိုင်စင်/မှတ်ပုံတင်
  • သုံးနှစ်စာ အရှုံး/အမြတ်နှင့်လက်ကျန်ရှင်းတမ်း
  • သုံးနှစ်စာ အမြတ်ခွန်
  • လုပ်ငန်းဓာတ်ပုံများ

AUTO LOAN လျှောက်ထားခြင်းလုပ်ငန်းစဉ်

  • ကားအရစ်ကျဝယ်ယူလိုသော Customer သည် ပထမပုဂ္ဂလိကဘဏ်နှင့် ချိတ်ဆက်ထား သော Car Showroom များသို့သွားရောက်စုံစမ်းရပါမည်။
  • ဝယ်ယူလိုသော ကားအမျိုးအစားကို ရွေးချယ်ပြီးလျှင် လိုအပ်သော စာရွက်စာတမ်းများယူ၍ ပထမပုဂ္ဂလိကဘဏ်သို့ လာရောက်ရပါမည်။
  • လျှောက်ထားသော စာရွက်စာတမ်းပြည့်စုံပြီး စည်းမျဉ်းစည်းကမ်းများကိုက်ညီပါက ရက်သတ္တပတ် (၂)ပတ် အတွင်း ချေးငွေခွင့်ပြုချက်ရရှိကာ ကားဝယ်ယူနိုင်မည် ဖြစ်ပါသည်။
  • ချေးငွေခွင့်ပြုချက်ရရှိလျှင် ချေးငွေစာချုပ်-ချုပ်ဆိုပြီး Current A/C စာရင်းဖွင့်၍ ကနဦး ပေးသွင်းငွေ များကိုထည့်သွင်းပေး ရပါမည်။