အထူးငွေစုဘဏ်စာရင်း ဆိုတာဘာလဲ?

  • ငွေသွင်းခြင်း/ငွေထုတ်ခြင်းကို ငွေပမာဏ အကန့်အသတ်မရှိ ပြုလုပ်နိုင်ပြီး အတိုးအား (၁) လတစ်ကြိမ် စာရင်းထဲသို့ အလိုအလျောက်ထည့်ပေးပါသော ငွေစုဘဏ်စာရင်း အမျိုးအစားဖြစ်ပါသည်။
  • လ၏ ပထမဆုံးအပတ် (၁) ရက်နေ့ မှ (၅) ရက်နေ့အတွင်း အတိုးတွက်ချက် ထည့်သွင်းပေးသော စုငွေအမျိုးအစား လည်းဖြစ်ပါသည်။

ဝန်ဆောင်မှု၏အားသာချက်

  • အထူးငွေစုဘဏ်စာရင်း အပ်ငွေအတိုးနှုန်းမှာ (၇.၀၀%) ဖြစ်ပါသည်။ Customer သည် အတိုးအား (၁)လ တစ်ကြိမ် ခံစားခွင့်ရရှိပါသည်။
  • စာရင်းရှင်အပ်ငွေစာရင်း (Current Account) နှင့် ချိတ်ဆက်ထားပါက Cheque ဖြင့် ငွေသားထုတ်ယူနိုင်ပါသည်။

စာရင်းဖွင့်ရန်လိုအပ်ချက်များ

  • မှတ်ပုံတင် မူရင်း/မိတ္တူ
  • အမြဲတမ်း နေရပ်လိပ်စာ
  • အလုပ်အကိုင်
  • ဖုန်းနံပါတ်
  • လိုင်စင် ဓါတ်ပုံ (၁)ပုံ
  • ပထမပုဂ္ဂလိကဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ပြီးထားသော Customer (၂) ဦး၏ ထောက်ခံချက် (Name, Bank Acc Number & Signature)
  • Company Letterhead နှင့် စာရင်းဖွင့်လှစ်ခွင့်ပြုပါရန် လျှောက်လွှာ
  • Company Letterhead ပါအစည်းအဝေးမှတ်တမ်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်
  • ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း
  • ကုမ္ပဏီ မှတ်ပုံတင်လက်မှတ် မူရင်း/မိတ္တူ
  • Company Extract
  • ပထမပုဂ္ဂလိကဘဏ်တွင် ဘဏ်စာရင်းဖွင့်လှစ်ပြီးထားသော Customer (၂) ဦး၏ ထောက်ခံချက် (Name, Bank Acc Number & Signature)
  • ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက်တွင် ဆုံးဖြတ်သတ်မှတ်ထားသော ငွေထုတ်မည့်သူ၏ မှတ်ပုံတင်မူရင်း/မိတ္တူ၊ ဓါတ်ပုံ(၁)ပုံ