ပထမပုဂ္ဂလိကဘဏ်၏ ကာလသတ်မှတ်(Term Loan)ချေးငွေဆိုတာဘာလဲ?

  • ကာလသတ်မှတ်(Term Loan )ချေးငွေဆိုသည်မှာ လုပ်ငန်းများအတွက် လိုအပ်လျှက်ရှိသော လုပ်ငန်းလည်ပတ်မှုငွေကြေးလိုအပ်ချက်များ၊ရင်းနှီးမြှပ်နှံမှုများအတွက် ချေးငွေရယူနိုင်သော ချေးငွေအမျိုးအစား ဖြစ်ပါသည်။

အာမခံပစ္စည်းအမျိုးအစား

  • မရွှေ့မပြောင်းနိုင်သောပစ္စည်း (မြေနှင့်အဆောက်အဦး)ကို အာမခံထား၍ ချေးယူနိုင်ပါသည်။

အတိုးနှုန်းနှင့်ပြန်လည်ပေးဆပ်ရန်နည်းလမ်း

(၁) အတိုးနှုန်း (၁)နှစ် ၁၀%
(၂) အတိုးပေးဆပ်နည်း အတိုးပေးဆပ်နည်း (၃)လတစ်ကြိမ် အတိုးပေးဆပ်ရပါမည်။
(၃) အရင်းပေးဆပ်နည်း ပထမနှစ်သက်တမ်း(၁)နှစ်စေ့လျှင် (၃၀%)၊ ဒုတိယနှစ် သက်တမ်း(၁)နှစ်စေ့လျှင် (၃၀%)၊ နောက်ဆုံးနှစ် တတိယနှစ် သက်တမ်း(၁)နှစ်စေ့လျှင်(၄၀%) ပြန်လည်ပေးဆပ်ရပါမည်။

ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ

  • ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
  • သက်တမ်းရှိကုမ္ပဏီလုပ်ငန်းလိုင်စင်
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ် DICA (မိတ္တူ)
  • အစည်းအဝေးဆုံးဖြတ်ချက်မူရင်း
  • လုပ်ငန်းဓာတ်ပုံများ
  • သုံးနှစ်စာ အရှုံး/အမြတ်နှင့်လက်ကျန်ရှင်းတမ်း
  • သုံးနှစ်စာ အမြတ်ခွန်
  • ပိုင်ဆိုင်မှုကွင်းဆက်စာချုပ်များ(ဂရန်၊ဘိုးဘပိုင်)မူရင်း၊မိတ္တူ
  • “ဘဏ်ငွေချေးရန်”အကြောင်းအရာဖြင့် ငွေချေးသူအမည်ပေါက် မြေပုံ၊မြေရာဇဝင်
  • အဆောက်အဦအား ကိုယ်တိုင်ဆောက်လုပ်ခဲ့ပါက ဆောက်လုပ်ခွင့်၊နေထိုင်ခွင့် လက်မှတ်မူရင်း
  • အဆောက်အဦဓာတ်ပုံများ
  • ပေါင်နှံ၊ ရောင်းချ၊ ပေးကမ်းထားခြင်းမရှိကြောင်း တရားရုံးကျမ်းကျိန်လွှာ

ချေးငွေလျှောက်ထားခြင်းလုပ်ငန်းစဉ်

  • ကာလသတ်မှတ် (Term Loan)ချေးငွေအား နီးစပ်ရာပထမပုဂ္ဂလိကဘဏ်-ဘဏ်ခွဲများသို့ သွားရောက်ပြီး လိုအပ်သည့်စာရွက်စာတမ်းများ အစရှိသည်တို့အား အသေးစိတ် ဆွေးနွေးကာ ချေးငွေပုံစံတွင် ဖြည့်စွက်၍ ကနဦး လျှောက်ထားရန် ဖြစ်ပါသည်။
  • လျှောက်ထားသည့် အချက်အလက်များအား ဘဏ်၏ တာဝန်ရှိသူများမှ စစ်ဆေးပြီး ပိုင်ဆိုင်မှုအထောက်အထားများနှင့် အာမခံပေးထားသောမြေနှင့်အဆောက်အဦးအား ရာဖြတ်တန်ဖိုး သတ်မှတ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပါသည်။
  • လျှောက်ထားသော စာရွက်စာတမ်းပြည့်စုံပြီး စည်းမျည်းစည်းကမ်းများကိုက်ညီပါက ရက်သတ္တပတ် (၂)ပတ် အတွင်း ချေးငွေခွင့်ပြုချက်ရရှိနိုင်မည် ဖြစ်ပါသည်။
  • ချေးငွေခွင့်ပြုချက်ရရှိပါက ဘဏ်တွင်ချေးငွေစာချူပ်စာတမ်းများအား လက်မှတ်ရေးထိုးစာချုပ်-ချုပ်ဆိုရမည်ဖြစ်ပါသည်။