ပထမပုဂ္ဂလိကဘဏ်၏ ရိုးရိုးချေးငွေ(MORTGAGE LOAN)ချေးငွေဆိုတာဘာလဲ?

  • ရိုးရိုးချေးငွေ (Mortgage Loan) ဆိုသည်မှာ လုပ်ငန်းများအတွက် လိုအပ်လျှက်ရှိသော လုပ်ငန်းလည်ပတ်မှုငွေကြေးလိုအပ်ချက်များအတွက် ချေးငွေအားတစ်နှစ်ပတ်လုံး သုံးစွဲထားပြီး (၃) လတစ်ကြိမ် အတိုးပေးသွင်းနိုင်သော ချေးငွေအမျိုးအစား ဖြစ်ပါသည်။

အာမခံပစ္စည်းအမျိုးအစား

  • မရွှေ့မပြောင်းနိုင်သောပစ္စည်း (မြေနှင့်အဆောက်အဦး)ကို အာမခံထား၍ ချေးယူနိုင်ပါသည်။
  • ဘဏ်အပ်ငွေများ (စာရင်းသေအပ်ငွေ၊ငွေစုဘဏ်စာရင်း)
  • ရွှေနှင့်ရွှေထည်ပစ္စည်းများ

အတိုးနှုန်း

(၁) အတိုးနှုန်း (၁)နှစ် ၁၀%
(၂) အတိုးပေးဆပ်နည်း (၃)လတစ်ကြိမ် အတိုးပေးသွင်းရမည် ဖြစ်ပါသည်။
(၃) အရင်းပေးဆပ်နည်း သက်တမ်း(၁)နှစ်စေ့လျှင် ချေးငွေပမာဏအား အပြည့်အဝပြန်လည်ပေးဆပ်ရပါမည်။

ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ

  • ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊ Passport ဓာတ်ပုံ
  • သက်တမ်းတိုးပြီး လုပ်ငန်းလိုင်စင်/မှတ်ပုံတင်မိတ္တူ
  • သုံးနှစ်စာ အရှုံး/အမြတ်ရှင်းတမ်း
  • သုံးနှစ်စာ အမြတ်ခွန်
  • လုပ်ငန်းဓာတ်ပုံများ
  • ပိုင်ဆိုင်မှုကွင်းဆက်စာချုပ်များ (ဂရန်၊ဘိုးဘပိုင်) မူရင်း၊မိတ္တူ
  • “ဘဏ်ငွေချေးရန်”အကြောင်းအရာဖြင့် ငွေချေးသူအမည်ပေါက် မြေပုံ၊မြေရာဇဝင် အဆောက်အဦအား ကိုယ်တိုင်ဆောက်လုပ်ခဲ့ပါက ဆောက်လုပ်ခွင့်/နေထိုင်ခွင့် လက်မှတ်မူရင်းအဆောက်အဦ ဓာတ်ပုံများ
  • ပေါင်နှံရောင်းချပေးကမ်းထားခြင်းမရှိကြောင်း တရားရုံးကျမ်းကျိန်လွှာ

ချေးငွေလျှောက်ထားခြင်းလုပ်ငန်းစဉ်

  • ရိုးရိုးချေးငွေ(Mortgage Loan)ချေးငွေအား နီးစပ်ရာ ပထမပုဂ္ဂလိကဘဏ် ဘဏ်ခွဲများသို့သွားရောက်ပြီး လိုအပ်သည့် စာရွက်စာတမ်းများ အစရှိသည်တို့ကိုအသေးစိတ်ဆွေးနွေးကာ ချေးငွေပုံစံတွင် ဖြည့်စွက်၍ ကနဦး လျှောက်ထားရန်ဖြစ်ပါသည်။
  • လျှောက်ထားသည့် အချက်အလက်များအား ဘဏ်၏တာဝန်ရှိသူများမှ စစ်ဆေးပြီး ပိုင်ဆိုင်မှုအထောက်အထားများနှင့် အာမခံပေးထားသောမြေနှင့်အဆောက်အဦအား ရာဖြတ်တန်ဘိုး သတ်မှတ်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပါသည်။
  • လျှောက်ထားသော စာရွက်စာတမ်းပြည့်စုံပြီး စည်းမျည်း/စည်းကမ်းများကိုက်ညီပါက ရက်သတ္တပတ် (၂) ပတ် အတွင်းချေးငွေခွင့်ပြုချက်ရရှိနိုင်မည်ဖြစ်ပါသည်။
  • ချေးငွေခွင့်ပြုချက်ရရှိပါက ဘဏ်တွင်ချေးငွေစာချူပ်စာတမ်းများအား လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။