Who We Are

ပထမပုဂ္ဂလိကဘဏ်ကို ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ရှေ့ ဆောင်ပုဂ္ဂလိက အများပိုင်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ပါသည်။ ပထမ ပုဂ္ဂလိကဘဏ်သည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံရှိ ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ စာရင်းဝင်အများပိုင်ကုမ္ပဏီဖြစ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းလူပုဂ္ဂိုလ်များအတွက်ယုံကြည် စိတ်ချရသော ငွေကြေးဆိုင်ရာအားထားရသည့် ငွေကြေးလုပ်ငန်းအဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိပါ သည်။
လက်ရှိကာလအထိပထမပုဂ္ဂလိကဘဏ်သည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄) ခုအနက် (၁၃) ခုတွင် ဘဏ်ခွဲပေါင်း (၄၁) ခုအထိ ဖွင့်လှစ်၍ လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။ ပထမ ပုဂ္ဂလိကဘဏ်၏ မဟာဗျူဟာမှာ ဘဏ်၏ ငွေကြေးဝန်ဆောင်မှုသုံးစွဲသူများအားလုံးအတွက် လက်လှမ်း မီသုံးစွဲနိုင်မှုရရှိလာစေရန်နှင့် နိုင်ငံတစ်ဝှမ်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) နှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုသုံးစွဲသူတစ်ဦးချင်းပုဂ္ဂိုလ်များ၏ ငွေကြေးဝန်ဆောင်မှုလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။
ပထမပုဂ္ဂလိကဘဏ်၏ ကနဦး ဦးတည်အလေးထားခဲ့သည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုသုံးစွဲသူများမှာ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) လုပ်ငန်းများနှင့်တစ်ဦးချင်းပုဂ္ဂိုလ်များ ဖြစ်ပါ သည်။ ယခုအခါတွင် စီးပွားရေးလုပ်ငန်းကြီးများကိုပါ ဘဏ်၏ငွေကြေးဝန်ဆောင်မှုများ ပိုမိုပေးစွမ်းနိုင် ရေးအတွက် ရည်မှန်းချက်ထားပြီး မြန်မာနိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်များ တိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန် တိုးချဲ့ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။
ပထမပုဂ္ဂလိကဘဏ်အနေဖြင့် ငွေကြေးဝန်ဆောင်မှုနယ်ပယ်တွင် ရှေ့သို့ဆက်လက်တက်လှမ်းနိုင်စေရန် လက်ရှိတွင် ဘဏ်လုပ်ငန်းလည်ပတ်မှုပြုပြင်ပြောင်းလဲရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ဒစ်ဂျစ်တယ်ဘဏ်စနစ်သို့ အသွင်ကူးပြောင်းမှုနှင့် ဆန်းသစ်တီထွင်သောဝန်ဆောင်မှုများကို ဆောင်ရွက် ခြင်းဖြင့် ဘဏ်၏ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် ကောင်းမွန်သော အတွေ့အကြုံကိုရရှိမှုကို မြှင့်တင်ရန် နှင့် တိုးတက်ပြောင်းလဲလာသော ဘဏ်၏ဝန်ဆောင်မှုအသစ်များကို မိတ်ဆက်ပြီး မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဘဏ်လုပ်ငန်းအခင်းအကျင်းတွင် ထိပ်တန်းဘဏ်တစ်ခု အဖြစ် ရပ်တည်လာနိုင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။

ပထမပုဂ္ဂလိကဘဏ်အနေဖြင့် ဘဏ်၏ ချေးငွေများထုတ်ချေးခြင်း၊ စုဆောင်းငွေများလက်ခံခြင်းနှင့် အခြားငွေကြေးဝန်ဆောင်မှုများကို ဆောင်ရွက်ခြင်းအပြင်ဘဏ်နှင့်သက်ဆိုင်သူများအားလုံး၏အကျိုး စီးပွားကို ဦးတည်၍ ကောင်းမွန်သောကော်ပိုရိတ်အုပ်ချုပ်မှုစနစ် ဆက်လက်ဖြစ်ပေါ်တည်ရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိပြီး ဘဏ်၏ဝန်ဆောင်မှုသုံးစွဲသူများ၏ ယုံကြည်ရစိတ်ချရသောဘဏ် အဖြစ် အသိအမှတ်ပြုခံရသော ပထမပုဂ္ဂလိဘဏ်နှင့် ဆက်လက် အတူလက်တွဲဆောင်ရွက်ရန် ကြိုဆို ဖိတ်ခေါ်အပ်ပါသည်။

စီးပွားရေးလုပ်ငန်းများ သို့မဟုတ် တစ်ဦးခြင်းဘဏ်သုံးစွဲသူပုဂ္ဂိုလ်များ၏ လိုအပ်သည့်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပထမပုဂ္ဂလိကဘဏ်က အမြဲအသင့်ရှိနေပါသည်။ ပထမပုဂ္ဂလိကဘဏ်နှင့် လက်တွဲဆောင်ရွက်လျက်ရှိခြင်းအတွက်လည်း အထူးကျေးဇူးတင် ပါသည်။