

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များရှိ ငလျင်ဒဏ်ခံစားခဲ့ရသည့် မြို့သူမြို့သားများထံသို့ ပထမပုဂ္ဂလိကဘဏ်မှ ဒါနအလှူ
(၄-၄-၂၀၂၅) ရက်နေ့တွင် ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ စုပေါင်း အလှူငွေများမှ ကျပ် သိန်း ၂၀၀ တန်ဘိုးရှိ ပုဆိုး၊ ထဘီ အထည် ၅၀၀၀ ခန့်အား ပရဟိတ အဖွဲ့ များ၏ အစီအစဉ်ဖြင့် ပထမပုဂ္ဂလိကဘဏ်ကိုယ်စား မန္တလေးဘဏ်ခွဲ ကြီးကြပ် ရေးကော်မတီဝင်များနှင့် မန္တလေးဘဏ်ခွဲဝန်ထမ်းများက မန္တလေးနှင့် စစ်ကိုင်းရှိ ငလျှင်ဘေးသင့်ပြည်သူများထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။




