ပထမပုဂ္ဂလိကဘဏ်မှ ကြီးမှူးကျင်းပသည့် တစ်ရက်တာ Management Skill Development သင်တန်း

(၂၁.၆.၂၀၂၆) ရက်နေ့က ပထမပုဂ္ဂလိကဘဏ် ဘဏ်သင်တန်းခန်းမ၌ တာဝန်ခံများ 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗦𝗸𝗶𝗹𝗹 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 ခေါင်းစဉ်ဖြင့် တစ်ရက်တာသင်တန်းကို ပြုလုပ်ခဲ့ရာ 𝗦𝗮𝗻𝗱𝗶 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 ၏ 𝗙𝗼𝘂𝗻𝗱𝗲𝗿 ဖြစ်သူ ဒေါက်တာစန္ဒီဝင်းမှ သင်ကြားပို့ချခဲ့ပါသည်။

သင်တန်းသို့ ဘဏ်ရုံးချုပ်မှ ဌာနတာဝန်ခံများ၊ ရန်ကုန်ဘဏ်ခွဲများမှ တာဝန်ခံများ၊ ဒုတိယတာဝန်ခံများ၊ တတိယတာဝန်ခံများက ကိုယ်တိုင်သော်လည်းကောင်း၊ နယ်ဘဏ်ခွဲများမှ ဘဏ်ခွဲတာဝန်ခံများ၊ ဒုတိယတာဝန်ခံများနှင့် တတိယတာဝန်ခံများက 𝗭𝗼𝗼𝗺 ဖြင့်လည်းကောင်း အသီးသီး တက်ရောက်ခဲ့ကြပါသည်။





Image Grid with Animation




နောက်ဆုံးရသတင်းများ