နှစ်ပတ်လည်အသင်းသားစုံညီဂုဏ်ပြုညစာစားပွဲ တွင် ပထမပုဂ္ဂလိကဘဏ်မှ Main Sponsor အဖြစ် ပါဝင်ခြင်းမှတ်တမ်း
(၆-၆-၂၀၂၆) နေ့တွင် ပြည်မြို့၊ ထျန့်ဟိုကုန်းခန်းမတွင် ကျင်းပခဲ့သည့် ပြည်မြို့ ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်း၏ “ နှစ်ပတ်လည်အသင်းသားစုံညီဂုဏ်ပြုညစာစားပွဲ” တွင် ပထမပုဂ္ဂလိကဘဏ်မှ Main Sponsor အဖြစ်ပါဝင်ခွင့်ရရရှိခဲ့သည့်အတွက် အထူးဝမ်းမြောက်ရပါသည်။
အခမ်းအနားတွင် အမှုဆောင်အရာရှိချုပ်မှ ပထမပုဂ္ဂလိကဘဏ်၏ အပ်ငွေ၊ ချေးငွေ Products များအား တက်ရောက်လာသူများအား မိတ်ဆက် ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက် ပြည်မြို့ ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပထမပုဂ္ဂလိကဘဏ်တို့အကြား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။