- ပင်မစာမျက်နှာ
- ကျွန်ုပ်တို့အကြောင်း
- စီမံခန့်ခွဲရေးအဖွဲ့
- ဦးအောင်မျိုးထွတ်

ဦးအောင်မျိုးထွတ်
ငွေကြေးအရာရှိချုပ်
ဦးအောင်မျိုးထွတ်သည် ပထမပုဂ္ဂလိကဘဏ် စတင်တည်ထောင်စဉ်ကပင် အလုပ်ဝင်ရောက်ခဲ့ပြီး နှစ်ပေါင်း ၃၁ နှစ်ကျော် ဘဏ်လုပ်ငန်းကဏ္ဍတွင် အတွေ့အကြုံရှိသူဖြစ်ပါသည်။ သူသည် သူ၏ လက်ရှိ နေရာအတွက် ကြွယ်ဝသည့် အတွေ့အကြုံကောင်းများကို ယူဆောင်လာနိုင်ခဲ့ပါသည်။ ဦးအောင်မျိုးထွတ်သည် စီးပွာရေးပညာဘွဲ့ (စာရင်းအင်း) ကို ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ၁၉၈၅ ခုနှစ် တွင် ရရှိခဲ့ပြီး ၁၉၈၅ခုနှစ် ဒီဇင်ဘာလမှ ၁၉၉၂ ခုနှစ်အထိ အစိုးရဌာနတစ်ခုဖြစ်သည့် အမှတ် (၁) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ကျောက်ပြားစက်ရုံ(သန်လျင်)တွင် ကုန်ထုတ်စာရင်းဌာနနှင့် ဘဏ္ဍာရေးဌာနတို့၌ (၆) နှစ်ကျော် တာဝန်ထမ်း ဆောင်ခဲ့ပါသည်။
၁၉၉၂ ခုနှစ် ဇူလိုင်လမှစ၍ ဦးအောင်မျိုးထွတ်သည် ပထမ ပုဂ္ဂလိကဘဏ်လီမိတက်တွင် ၄င်း၏ တာဝန်ထမ်းဆောင်ခဲ့မှုတစ်လျှောက် ထူးထူးခြားခြား တိုးတက်အောင်မြင်မှုကို ပြသနိုင်ခဲ့ပါသည်။ သူသည် အလုပ်သင်ဝန်ထမ်းအဖြစ် စတင်အလုပ်ဝင်ရောက်ခဲ့ရာမှ ငွေကိုင်၊ အကြီးတန်းငွေကိုင်၊ ငွေကိုင်မှူး၊ ငွေကိုင်ချုပ်၊ အကြီးတန်း မန်နေဂျာ၊ လက်ထောက်အထွေထွေမန်နေဂျာ၊ ဒုတိယအထွေထွေမန်နေဂျာ၊ အထွေထွေမန်နေဂျာ ရာထူး အဆင့်ဆင့်ဖြင့် မတူညီသည့်ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နိုင်ခဲ့ပါသည်။ လက်ရှိ၌ ဘဏ်တွင် ၃၁ နှစ် ဝန်းကျင် တာဝန်ထမ်းဆောင်မှုနှင့်အတူ ငွေကြေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ပထမပုဂ္ဂလိက ဘဏ်၏ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ၏ အရေးပါသည့်ဆုံးဖြတ်ချက်များအား ကြီးကြပ် ဆောင်ရွက်လျက်ရှိပါသည်။