- ပင်မစာမျက်နှာ
- ကျွန်ုပ်တို့အကြောင်း
- စီမံခန့်ခွဲရေးအဖွဲ့
- ဦးမျိုးမင်းချို

ဦးမျိုးမင်းချို
ဒုတိယအမှုဆောင်အရာရှိချုပ်
ဦးမျိုးမင်းချိုသည် ဘဏ်လုပ်ငန်းကဏ္ဍတွင် နှစ်ပေါင်း ၂၆ နှစ်ကျော် အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပြီး ပထမ ပုဂ္ဂလိကဘဏ်လီမိတက်တွင် စာရင်းကိုင်အဆင့်မှအစပြု၍ ဒုတိယအမှုဆောင်အရာရှိချုပ်ရာထူးအထိ တိုးမြှင့်ရရှိ ထားသူဖြစ်ပါသည်။ ဦးမျိုးမင်းချိုသည် သိပ္ပံ (သင်္ချာ) ဘွဲ့ကို ၁၉၉၄ခုနှစ်တွင် ပုသိမ်တက္ကသိုလ်မှရရှိခဲ့ပြီး သင်္ချာ ဘာသာရပ်ကို မဟာသိပ္ပံဘွဲ့(ကျမ်းပြု)အထိ တက်ရောက်ခဲ့ပါသည်။
၁၉၉၇ ခုနှစ်၊ မတ်လတွင် ပထမပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲတစ်ခုတွင် စာရင်းကိုင်အဖြစ် စတင်အလုပ်ဝင်ရောက်ခဲ့ရာမှ ဦးမျိုးမင်းချို၏ တည်ငြိမ်စွာ တိုးတက်မှုရရှိခဲ့သည့် ကျွမ်းကျင်ပညာရှင်ဘဝ အစပြုခဲ့ပါသည်။ ဦးမျိုးမင်းချိုသည် ၁၉၉၈ ခုနှစ်၊ ဧပြီလတွင် အကြီးတန်းစာရင်းကိုင်ရာထူးသို့ တိုးမြှင့်ခံရပြီး စာရင်းဌာနတွင် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ထို့နောက် ၂၀၁၀ ခုနှစ်တွင် လက်ထောက်အထွေထွေမန်နေဂျာရာထူးသို့ တိုးမြှင့်ခြင်းခံခဲ့ရပြီး ဘဏ်ခွဲ တာဝန်ခံမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ်၊ မေလတွင် ဒုတိယအထွေထွေ မန်နေဂျာရာထူးသို့ တိုးမြှင့်ခြင်းခံခဲ့ရပြီး Mobile Banking ဌာနကို တာဝန်ယူ ကြီးကြပ်ခဲ့ရပါသည်။ သူ၏ တာဝန် ထမ်းဆောင်မှု ဆက်လက် တိုးမြင့်လာခဲ့ရာ၂၀၁၆ ခုနှစ်မှစ၍ ဦးမျိုးမင်းချိုသည် အထွေထွေမန်နေဂျာရာထူးသို့ တိုး မြှင့်ခံခဲ့ရပြီး Mobile Banking ဌာနအပြင် ဘဏ်ခွဲ ၈ ဘဏ်ကိုပါ တစ်ပြိင်တည်း တာဝန်ယူကြီးကြပ်ကွပ်ကဲခဲ့ရပါ သည်။ သူ၏ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ မေလအထိ လုပ်ငန်းပိုင်းဆိုင်ရာအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိတွင် ဦးမျိုးမင်းချိုသည် ပထမပုဂ္ဂလိက ဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
တာဝန်ထမ်းဆောင်ခဲ့မှုတစ်လျှောက်တွင် ဦးမျိုးမင်းချိုသည် ဘဏ်လုပ်ငန်းနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲများနျင့် အလုပ်ရုံဆွေးနွေးပွဲများကို ပါဝင်တက်ရောက်ခဲ့ပြီး အောင်လက်မှတ်များစွာ ရရှိခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် ဂျပန် နိုင်ငံမှ ကြီးမှူးဖွင့်လှစ်သော Financial Information Systems In Asia and Pacific ကို တက်ရောက်အောင်မြင်ခဲ့ ပြီး The Center for Financial Industry Information systems (FISC) မှ ချီးမျြင့်ခဲ့သည့် အောင်လက်မှတ်ကို ရရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် Myanmar Institute of Banking မှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် Trade Product Course နှင့် RMB Cross Border Trade Course သင်တန်းများကို တက်ရောက်အောင်မြင်ခဲ့ပါသည်။ ထို့အပြင် ၂၀၁၇ ခုနှစ်တွင် Siam Commercial Bank PCL မှ ကြီးမှူး၍ Thammasat Business School မှ ဖွင့်လှစ်သည့် Leadership Program for Young Executives အစီအစဉ်တွင်လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။