- ပင်မစာမျက်နှာ
- ကျွန်ုပ်တို့အကြောင်း
- စီမံခန့်ခွဲရေးအဖွဲ့
- ဒေါ်စိုးစိုးဝင်း

ဒေါ်စိုးစိုးဝင်း
ချေးငွေအရာရှိချုပ်
ဒေါ်စိုးစိုးဝင်းသည် ဘဏ်လုပ်ငန်းကဏ္ဍတွင် နှစ်ပေါင်း ၃၁ နှစ်ကျော် အတွေ့အကြုံရှိသူဖြစ်ပြီး စတင်တည်ထောင် ခဲ့စဉ်ကပင် ပထမပုဂ္ဂလိကဘဏ်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ ၁၉၉၁ ခုနှစ်တွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ (B.Com) ဘွဲ့ကိုရရှိခဲ့ပြီးနောက် ဘဏ်လုပ်ငန်းကဏ္ဍတွင် သူမ၏ ထူးခြားပြောင်မြောက်သည့် အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းကို စတင်အခြေချခဲ့ပါသည်။
ဘဏ်လုပ်ငန်းကဏ္ဍတွင် ၃၁ နှစ်ကျော်ကြာ မယိမ်းမယိုင် မတိမ်းမစောင်း တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်စိုးစိုးဝင်းသည် စတင်တည်ထောင်ခဲ့သည့် ၁၉၉၁ ခုနှစ်မှစ၍ ပထမပုဂ္ဂလိကဘဏ်၏ အောင်မြင်မှုခရီးလမ်းတစ်လျှောက်တွင်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါသည်။
ပထမပုဂ္ဂလိကဘဏ်တွင် တာဝန်ထမ်းဆောင်းစဉ်ကာလတစ်လျှောက် စာရင်းကိုင်ရာထူးမှစတင်၍ အကြီးတန်း စီမံခန့်ခွဲမှုအဆင့်ရာထူးအထိ ကဏ္ဍအသီးသီးတွင် တစ်စိုက်မတ်မတ် ကျရာတာဝန်များတွင် ကျွမ်းကျင်မှုများဖြင့် အရေးပါသော မှတ်တိုင်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဒေါ်စိုးစိုးဝင်းသည် လက်ရှိအားဖြင့် ချေးငွေအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဘဏ်ချေးငွေလုပ်ငန်းကို ကြီးကြပ်ရန်အတွက် ၎င်း၏အတွေ့အကြုံများစွာကိုအသုံးချကာ ကြီးကြပ်ဆောင်ရွက်လျက် ရှိပါ သည်။ သူမ၏ ခေါင်းဆောင်မှုသည် ဘဏ်၏ချေးငွေလုပ်ငန်း တိုးတက်မြှင့်တင်ရေးအတွက် များစွာ အထောက် အကူပြုလျက်ရှိပါသည်။
ဒေါ်စိုးစိုးဝင်းသည် ဘဏ်ချေေးငွေလုပ်ငန်းဆိုင်ရာ အသိပညာကို ပြောင်းလဲမှုများအညီ သိရှိနားလည်စေရန် ထိပ်တန်း ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ပံ့ပိုးကျင်းပပေးသော ချေးငွေဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများစွာ တွင် တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့ပါသည်။ သူမ၏အသက်မွေးဝမ်းကြောင်းခရီးသည် သူမ၏ ကိုယ်ရေးကိုယ်တာအောင်မြင်မှုများကို သာမက ပထမပုဂ္ဂလိကဘဏ်၏တိုးတက်အောင်မြင်မှုကို သက်ပြရာလည်း ရောက်ပါသည်။