ဒေါက်တာအောင်မင်း သည် ပထမပုဂ္ဂလိဘဏ် ၏ အိုင်တီနည်းပညာ အမှုဆောင်အရာရှိချုပ် အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေပါသည်။ ဘဏ်၏အနာဂတ် ပိုမိုခိုင်မာစေရန်အတွက် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု ကို ဦးဆောင်နေပါသည်။
ဒေါက်တာအောင်မင်း သည် ရန်ကုန် နည်းပညာ တက္ကသိုလ် မှ အင်ဂျင်နီယာဘွဲ့၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှ မဟာအင်ဂျင်နီယာဘွဲ့၊ ဩစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်မှ အင်ဂျင်နီယာပါရဂူဘွဲ့တို့ကို ရရှိထားပါသည်။
ဒေါက်တာအောင်မင်းသည် အိုင်တီ နှင့် အသုံးပြုသူ ဝန်ဆောင်မှုလုပ်ငန်း အတွေ့အကြုံ (၁၇) နှစ် ကျော် ရှိပါ သည်။ သူ၏ လုပ်သက် အတွေ့အကြုံများတွင် ဆော့ဖ်ဝဲရေးသားခြင်း၊ စီးပွားရေးလုပ်ငန်းအား သုံးသပ်ခြင်း၊ ပင်မဘဏ်လုပ်ငန်းစနစ်များ အကောင်အထည်ဖော်ခြင်း၊ စနစ်ဟောင်းမှ စနစ်သစ်သို့ သတင်းအချက်အလက် များ ရွှေ့ပြောင်းခြင်း၊ စနစ်အသုံးပြုသူများ၏ အခက်အခဲများကို ဖြေရှင်းပေးခြင်းမှသည် အိုင်တီစီမံကိန်းများ အား စီမံခန့်ခွဲခြင်းတို့အထိ ပါဝင်ပါသည်။
ဒေါက်တာအောင်မင်းသည် အိုင်တီနယ်ပယ်သို့ အလုပ်သင်ပရိုဂရမ်မာအဖြစ် ဇွန် ၁၉၉၈ တွင် စတင် ဝင်ရောက် ခဲ့ပါသည်။ ပထမပုဂ္ဂလိဘဏ်တွင် အိုင်တီဌာနမှုး အကြီးအကဲအဖြစ် စက်တင်ဘာလ ၂၀၁၄ တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်း လေ့လာ စိတ်ဝင်စားသော အိုင်တီပညာရပ်များတွင် စီမံကိန်းစီမံခန့်ခွဲမှု၊ ပင်မဘဏ်လုပ်ငန်းစနစ်၊ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှု၊ ငွေပေးချေမှုစနစ်နှင့် ဗဟိုဘဏ်သတ်မှတ်ချက် လိုက်နာဆောင်ရွက်မှုအစီရင်ခံခြင်း တို့ပါဝင်ပါသည်။