ပထမပုဂ္ဂလိကဘဏ်၏ EduBridge Loan ဆိုတာဘာလဲ?
- ပြည်ပတွင် ကျောင်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် (သို့မဟုတ်) ကျောင်းတက်ရောက်မည့် နိုင်ငံသို့ ပြည်ဝင်ခွင့် Visa လျှောက်ထားရာတွင် လိုအပ်သည့် ဘဏ်စာရင်းတွင် ထည့်သွင်းပြသရမည့် ငွေရပ်အား ကာလတိုအနေဖြင့် ဘဏ်မှ ထုတ်ချေးမည့်ချေးငွေ ဖြစ်ပါသည်။
ဝန်ဆောင်မှု၏အားသာချက်
- ပြည်ပတက္ကသိုလ်များသို့ ကျောင်းဝင်ခွင့်နှင့် ဗီဇာ (Visa) လျှောက်ထားရာတွင် လိုအပ်သော ဘဏ်လက်ကျန်ငွေပြသခြင်း (Show Money) ကို အလွယ်တကူ ရယူနိုင်ပါသည်။
- ချေးငွေသက်တမ်းမှာ (၆) လ သတ်မှတ်ထားပြီး ဗီဇာလုပ်ငန်းစဉ်အတွက် လိုအပ်ပါက သက်တမ်းထပ်မံတိုးမြှင့်နိုင်ပါသည်။
- မိဘများအနေဖြင့် ငွေလုံးငွေရင်း အများကြီး ကြိုတင်စိုက်ထုတ်ရန်မလိုဘဲ အလွယ်တကူ လျှောက်ထားနိုင်ပါသည်။
အတိုးနှုန်းနှင့်ဝန်ဆောင်ခများ
| (၁) အတိုးနှုန်း | တစ်နှစ်လျှင် ၁၄% (၆ လစာအတိုးအား တစ်ပေါင်းတည်း ပေးသွင်းရမည်) |
| (၂) ဝန်ဆောင်ခ | ၁% on Loan Amount |
Requirements
- ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
- ဝန်ထမ်းဖြစ်ကြောင်း အရာရှိထောက်ခံစာ(အမည်၊ရာထူး၊လုပ်ငန်းလုပ်သက်)(မူရင်း)
- ရပ်ကွက်ထောက်ခံစာ(မူရင်း)
- ဝန်ထမ်းကဒ်မိတ္တူ
- လစာ Pay slip(၃)လစာမူရင်း
- Bank Statement (၆)လစာ/Income Taxထမ်းဆောင်ထားသည့် အထောက်အထား
- ငွေချေးသူ၏ မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊passportဓာတ်ပုံ
- ရပ်ကွက်ထောက်ခံစာ(မူရင်း)
- သက်တမ်းတိုးပြီး လုပ်ငန်းလိုင်စင်/မှတ်ပုံတင်
- သုံးနှစ်စာ အရှုံး/အမြတ်နှင့်လက်ကျန်ရှင်းတမ်း
- သုံးနှစ်စာ အမြတ်ခွန်
- လုပ်ငန်းဓာတ်ပုံများ
EduBridge Loan လျှောက်ထားခြင်းလုပ်ငန်းစဉ်
- ပြည်ပတွင် ကျောင်းတက်ရောက်ရန်အတွက် ကျောင်းဝင်ခွင့် (သို့မဟုတ်) ဗီဇာလျှောက်ထားလိုသော Customer သည် ပထမပုဂ္ဂလိကဘဏ်သို့ လာရောက်စုံစမ်းမေးမြန်းရပါမည်။
- သက်ဆိုင်ရာကျောင်း/တက္ကသိုလ်မှ တရားဝင်ထုတ်ပေးသည့် မူရင်း Admission Letter (သို့မဟုတ်) အမှန်တကယ်ကျောင်းတက်ရောက်မည့် အထောက်အထားများနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများယူ၍ ဘဏ်တွင် လျှောက်ထားရပါမည်။
- လျှောက်ထားသော စာရွက်စာတမ်းပြည့်စုံပြီး ဘဏ်၏စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပါက သတ်မှတ်ရက်အတွင်း ချေးငွေခွင့်ပြုချက် ရရှိမည်ဖြစ်ပါသည်။
- ချေးငွေခွင့်ပြုချက်ရရှိလျှင် ချေးငွေစာချုပ်ချုပ်ဆိုပြီး (၆) လစာ အတိုးနှင့် ဝန်ဆောင်ခ (Service Charges) ကို တစ်ပေါင်းတည်း ပေးသွင်းကာ ဗီဇာအတွက်ပြသရန် ဘဏ်စာရင်းတွင်းသို့ ချေးငွေပမာဏကို ထည့်သွင်းပေးမည် ဖြစ်ပါသည်။