(၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ် တတိယလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
(၆.၁၂.၂၀၂၅) ရက်နေ့က (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ် တတိယလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပထမပုဂ္ဂလိကဘဏ် ဘဏ်သင်တန်းခန်းမ၌ ကျင်းပခဲ့ရာ လျာထားချက်များအတိုင်း ပြည့်မီအောင် ဆောင်ရွက်သွားနိုင်ရန်အတွက် လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမှုဆောင်အရာရှိချုပ်၊ ဒုတိယအမှုဆောင်အရာရှိချုပ်နှင့် ချေးငွေအရာရှိချုပ်တို့မှ အသီးသီး လမ်းညွှန်မှာကြားခဲ့ပါသည်။
အစည်းအဝေးသို့ ဘဏ်ရုံးချုပ် 𝗦𝗮𝗹𝗲𝘀 & 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗧𝗲𝗮𝗺 နှင့် ရန်ကုန်ဘဏ်ခွဲများရှိ ဝန်ထမ်းများက ကိုယ်တိုင် သော်လည်းကောင်း၊ နယ်ဘဏ်ခွဲများရှိ ဝန်ထမ်းများက 𝗭𝗼𝗼𝗺 ဖြင့် သော်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။