- ပင်မစာမျက်နှာ
- ကျွန်ုပ်တို့အကြောင်း
- ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများ
- ဦးလဆန်

ဦးလဆန်
ဒါရိုက်တာ
ဦးလဆန်သည် B.E (Civil) ဘွဲ့ကို ရန်ကုန်စက်မှုတက္ကသိုလ်မှ ၂၀၀၁ ခုနှစ်တွင် ရရှိခဲ့ပါသည်။ သူသည် ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်း တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၏ မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာတစ်ဦးလည်း ဖြစ်ပါသည်။
ဦးလဆန်သည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ကချင်ပြည်နယ်) နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့ (ကချင်ပြည်နယ်) တို့၏ တည်ထောင်သူနှင့် ယခင်ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည့်အပြင် မြန်မာလိုင်စင်ရ ကန်ထရိုက်တာများအသင်း (ကချင်ပြည်နယ်အသင်းခွဲ) နှင့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလိမိတက်တို့၏ တည်ထောင်သူနှင့် ဥက္ကဌအဖြစ်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဦးလဆန်သည် မြန်မာနိုင်ငံဆောင်လုပ်ရေးလုပ်ငန်းရှင်များအသင်း (ကချင်ပြည်နယ်) ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါသည်။
ဦးလဆန်သည် ဖြူစင်ကုမ္ပဏီလိမိတက်တွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ စီမံကိန်းအင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခဲ့ပြီး ဆန်းကမ္ဘာဆောက်လုပ်ရေးတွင် အင်ဂျင်နီယာချုပ်အဖြစ် ၂၀၀၆ ခုနှစ်မှ စတင်၍ လည်းကောင်း၊ မနောအလှကုမ္ပဏီလိမိတက်တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် ၂၀၀၇ ခုနှစ်မှ စတင်၍လည်းကောင်း ယနေ့တိုင် ဆောင်ရွက်လျက်ရှိပါသည်။ သူသည် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးကော်မတီဝင်အဖြစ်လည်း ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဦးလဆန်သည် ၂၀၂၁ ခုနှစ်မှစ၍ ပထမပုဂ္ဂလိကဘဏ်လိမိတက်၏ ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ သူသည် ပထမပုဂ္ဂလိကဘဏ်၊ မြစ်ကြီးနားဘဏ်ခွဲ၏ ဘဏ်ခွဲကြီးကြပ်မှုကော်မတီဝင်အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်မှစ၍ မြစ်ကြီးနားဘဏ်ခွဲကြီးကြပ်မှုကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင် ရွက်လျက်ရှိပါသည်။