- ပင်မစာမျက်နှာ
- ကျွန်ုပ်တို့အကြောင်း
- ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများ
- ဒေါ်လှလှဝင်း

ဒေါ်လှလှဝင်း
အမှုဆောင်ဒါရိုက်တာ
ဒေါ်လှလှဝင်းသည် တရားရုံးချုပ်ရှေ့နေ ဖြစ်ပါသည်။ ၁၉၉၂ ခုနှစ်မှစ၍ ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာရှင်ဖြစ်ပြီး မန္တလေးမြို့မှ ချေးငွေလျှောက်ထားသူများအတွက် ဘဏ်အကျိုးဆောင်ရှေ့နေ အဖြစ်ဆောင်ရွက်ပေးခဲ့ပါသည်။ ၁၉၉၅ ခုနှစ် မန္တလေးဘဏ်ခွဲ စတင်ဖွင့်လှစ်သည့်အချိန်တွင် မန္တလေး ဘဏ်ခွဲ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
၁၉၉၉ ခုနှစ်တွင် ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူးအဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
၂၀၀၃ခုနှစ်တွင် အမှုဆောင်ဒါရိုက်တာအဖြစ် ဒါရိုက်တာအဖွဲ့မှတာဝန်ပေးအပ်ခဲ့ပါသည်။
၂၀၀၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမှုဆောင်ဒါရိုက်တာအဖြစ် ပထမပုဂ္ဂလိကဘဏ်၏ စီမံခန့်ခွဲရေးအဖွဲ့ကို ဦးဆောင်ပြီး ဘဏ်စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းအဝဝနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို စီမံခန့်ခွဲရေးအဖွဲ့ နှင့်အတူ စီမံဆောင်ရွက်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်မှ လက်ရှိ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။