ပထမ ပုဂ္ဂလိကဘဏ်

အများပြည်သူ ယုံကြည်အပ်နှံ ပထမပုဂ္ဂလိကဘဏ်

ကွငွောခကျြ

မြန်မာနိုင်ငံသားများ ပြည်ပသို့ ထွက်ခွါရာတွင် အသေးသုံး အနေဖြင့် နိုင်ငံခြားငွေ ငွေသား ဆောင်ယူ သွားနိုင်ရန်အတွက် ပထမပုဂ္ဂလိကဘဏ်(ရုံးချုပ်)ရန်ကုန်နှင့် နယ်ဘဏ်ခွဲရှိMoney Changer Counter များတွင် လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်။ ပြည်ပသို့ထွက်ခွါမည့် မြန်မာနိုင်ငံသားများ အနေဖြင့် သက်ဆိုင်ရာ အထောက်အထားများ ပြ၍ အသေးသုံး ပမာဏ အတွက် ဝယ်ယူနိုင်ပါသည်။ (က) ပြည်ပသို့ထွက်ခွါသည့် မြန်မာနိုင်ငံသားများအနက် အလုပ်သမားဝန်ကြီးဌာန၏ခွင့်ပြုချက် ဖြင့် ပြည်ပသို့ အလုပ်လုပ်ရန် ထွက်ခွါသူများ အတွက် အထောက်အထားများ ဖြစ်သည့် Passport of Job (PJ)၊ အလုပ်ခန့်စာ နှင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးထားသည့် Oversea Worker Identification card (OWIC)၊ (ခ) ပညာသင်များအတွက် Passport of Education (PE) နှင့် တက်ရောက်မည့် ကျောင်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ (ဂ) ဆေးကုသမှု့ခံယူရန် ထွက်ခွါ သူများအတွက် ဆေးကုသမည့် အထောက်အထားများ၊